iMyanmarHouse.com - Best Property Website for Myanmar
×
Credit : My Style
မင်္ဂလာပါနော်။ ကျွန်မတို့တွေ အများစုဟာ မျက်နှာအသားအရေကို ဂရုစိုက်တတ်ကြပေမယ့် လက်နဲ့ ခြေထောက်အသားအရေကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
တကယ်တော့ အရာရာတိုင်းကို ထိတွေ့နေတဲ့ သင့်ရဲ့ လက်နဲ့ ခြေထောက်အသားအရေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အရင်ဆုံး သင့်ရဲ့ လက်ကို ရေနဲ့ ဆေးလိုက်ပါ။ ပြီးရင် သကြား စားပွဲတင်ဇွန်း ၁ ဇွန်း-၂ ဇွန်းလောက်ကို ယူပြီး လက်နှစ်ဖက်မှာ သေချာလေး ပွတ်ပေးလိုက်ပါ။
အဲဒီနောက် သံလွင်ဆီကို လိုအပ်သလောက်ယူပြီး သင့်ရဲ့ လက်တွေမှာ ပွတ်လိမ်းပးပါ။ သံလွင်ဆီမရှိရင် အုန်းဆီကို သုံးနိုင်ပါတယ်။
အဲဒီနောက် လက်နှစ်ဖက်လုံးကို သေချာလေး ပွတ်ပေးလိုက်ပြီး ၅ မိနစ်လောက်ထားပါ။
ခြေထောက်ကိုလည်း လက်မှာလုပ်ပေးသလိုပဲ လုပ်ပေးလိုက်ပါ။
ပြီးသွားရင်တော့ ရေနွေးနွေးလေးနဲ့ သင့်ရဲ့ လက်ကို သေချာဆေးပေးလိုက်ပါ။ အဲဒီနောက် ခြေထောက်ကိုလည်း သေချာလေး စိမ်ပြီးဆေးပေးလိုက်ပါ။
အဲဒီလို လုပ်ပေးပြီးရင် ခြောက်အောင်သုတ်ပေးလိုက်ပြီး Lotion (သို့) ခရင်မ် တစ်ခုခုလိမ်းပေးလိုက်ပါ။
အခုလို သင့်ရဲ့ လက်နဲ့ ခြေထောက်ကို တစ်ပတ် ၂ ကြိမ်လောက်လုပ်ပေးပြီး ဂရုစိုက်ပေးပါ။ ညအိပ်ယာမဝင်ခင်တိုင်းတော့ လက်နဲ့ ခြေထောက်ကို သေချာလေးဆေးပေးပြီး ခရင်မ် (သို့) Lotion လိမ်းပေးပြီး အိပ်ယာဝင်ပေးပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top