iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun

သရုပ်ဆောင်ပိုင်တံခွန်ကတော့ တကယ်ကိုလိမ္မာတဲ့ သားလေးတစ်ယောက်ပါပဲ။ ဖခင်ဖြစ်သူ အိမ်လာလည်တုန်းမှာ သူ့ရဲ့ မိဘနှစ်ပါးသုံးချင်တာ သုံးဖို့ ကန်တော့ငွေ သိန်း ၇၀ နဲ့ ကန်တော့လိုက်တယ်လို့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

'' အဖေ ကျနော့်အိမ်လာလည်တုန်း အဖေ နဲ့အမေ သုံးချင်တာ သုံးဖို့နဲ့ လှူဒါန်းချင်တာတွေ လှူဒါန်းလို့ရအောင် ကန်တော့ငွေ သိန်း ၇၀ ကန်တော့ ဖြစ်ခဲ့တယ်'' လို့ ရေးသားခဲ့ပါတယ်။

တကယ်ကို သိတတ်လိမ္မာတဲ့သားရတနာလေးတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဖခင်ဖြစ်သူ အလုပ်အတွက်အသုံးပြုဖို့ ကားတစ်စီးဝယ်ပေးခဲ့ပါသေးတယ်။

ပိုင်တံခွန်ကတော့ မော်ဒယ်လောကမှာလည်း အောင်မြင်မှုတွေ အများကြီးရရှိထားသလို နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကို ဖမ်းစားထားနိုင် တဲ့ လူငယ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ ဆိုပါတယ်။

Photo: ပိုင်တံခွန်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top