iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Duwun

မကြာသေးခင်က ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြသပွဲကို တက်ရောက်လာတဲ့ ဝတ်မှုံရွှေရည်တစ်ယောက်ကတော့ ဒီရုပ်ရှင်ဇာတ်ကား ကြီးကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ အမောအပန်းတွေ ပြေသွားရတဲ့ သူ့ရဲ့ခံစားချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကတဆင့် ရေးသားခဲ့ ပါတယ်။

'' My Country My Home ဇာတ်ကား နဲ့ ပတ်သတ်ပြီး အမှတ်တရတွေ အခက်အခဲ တွေ အတွေ့အကြုံသစ်တွေ စိတ်ပင်ပန်း လူပင်ပန်းခဲ့ရ တာတွေ အားလုံးဟာ မနေ့ညက press show ကြည့်ပီး တဲ့ သူအများစုရဲ့ အားရကျေနပ်မှုကိုကြားရပြီးတဲ့နောက်မှ ပင်ပန်းခဲ့သမျှ အမောက ပြေသွားခဲ့ပါတယ်'' လို့ ဆိုပါတယ်။

ဇာတိမြေအဖွဲ့သားအားလုံးကိုလည်း ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

'' ပထမဦးစွာ ဒီဇာတ်ကားရိုက်ကူးဖို့ကမ်းလှမ်းခဲ့တဲ့ ရွှေသံလွင် Media /Production မှ ချစ်တဲ့အန်တီမီး နဲ့ ကစ်ကို အမြဲစေတနာ ထားပီး ကစ်ကိုချစ်တဲ့ အမလိုချစ်ရတဲ့ အမ မကြည်ဖြူရှင်၊ ကစ်ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ ချစ်ရတဲ့ဦးရန်လေး၊ ရိုက်တဲ့ဇာတ်ကား တိုင်း လိုလိုအပေးယူမျှအောင် သရုပ်ဆောင်ပေးခဲ့တဲ့ အောင်ရဲလင်း၊ ပြီးတော့ ဖော်ရွေ ပြီးကူညီတတ်တဲ့ Morisaki Win နှင့်My Country My Home အဖွဲ့ဝင်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်'' ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

မကြာခင်ရုံတင်ပြသဖို့ ရည်ရွယ်ချက်တွေရှိနေတာကြောင့် သူ့ရဲ့ ပရိသတ်တွေကိုလည်း အခုလိုဖိတ်ခေါ်စကားဆိုခဲ့ပါသေးတယ်။

''ပရိတ်သတ်တွေအားလုံးလည်းကစ်တို့ အားလုံးကြိုးစားထားမှူတွေကို ရုံတင်ရင် လာရောက်အားပေးပါလို့ ကြိုပီး ဖိတ်ခေါ်လိုက်ပါတယ် ရှင့်'' လို့ သူက ဆိုပါတယ်။

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမှာတော့ ရန်အောင်၊ အောင်ရဲလင်း၊မိုရီဆာကီဝင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပြီး အဲ့ဒီ ဇာတ်ကားကိုတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မတ်လအတွင်းဂျပန်နိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top