iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ တစ္ေန႕တာ လူေနမႈဘဝက သင့္အသားအေရ လွျခင္းမလွျခင္းနဲ႔ သက္ဆိုင္ေနတယ္ဆိုတာ သင္သိပါသလား။ သင့္ရဲ႕ ေန႔စဥ္ေနထိုင္မႈမွာ အခုေဖာ္ျပမယ့္ အခ်က္ေတြကို လိုက္ၿပီးလုပ္ေဆာင္ေပးရံုနဲ႔ ျပစ္မ်ိဳးမွဲ႕မထင္ အသားအေရ ပိုင္ရွင္ေလး ျဖစ္လာေစမွာျဖစ္ပါတယ္။

၁။ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္စားပါ

အသားအေရလွေနေစဖို႔ ဆိုတာ သင္စားတဲ့ အစားအစာမွာလည္း မ်ားစြာမူတည္ေနပါတယ္။ အသင့္စားအစားအစာေတြ၊ သၾကားမ်ားတဲ့အစားအစာေတြကိုေရွာင္ပါ။ လတ္ဆတ္တဲ့ အသီးအရြက္ေတြ၊ အသား၊ ငါးေတြ စားေပးသင့္ပါတယ္။

၂။ သန္႕ရွင္းပါ၊ Moisturizer လိမ္းပါ

ေန႔တိုင္း အသားအေရကို ေသခ်ာေလး သန္႔ရွင္းေရးလုပ္ေပးပါ။ အသားအေရေပၚက မလိုအပ္တဲ့ အဆီေတြ၊ အညစ္အေၾကးေတြကို ေသခ်ာဖယ္ရွားပါ။ ၿပီးရင္ အသားအေရ စိုေျပေနေအာင္ Moisturizer လိမ္းေပးပါ။

၃။ ပံုမွန္ေဂ်းခၽြတ္ေပးမယ္

မ်က္ႏွာအသားအေရကို ပံုမွန္ေဂ်းခၽြတ္ေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္ေလာက္လုပ္ေပးႏိုင္ပါတယ္။ သဘာဝပါဝင္ပစၥည္းေတြနဲ႔ ေပါင္းတင္ျခင္း ေဂ်းခၽြတ္ျခင္းကို လုပ္ေပးႏိုင္ပါတယ္။ ၿပီးသြားရင္လည္း Moisturizer လိမ္းေပးဖို႔ မေမ့ပါနဲ႔။

၄။ ေကာင္းမြန္စြာအိပ္စက္ပါ

အသားအေရလွဖို႔ေရာ ဇီဝျဖစ္စဥ္ေကာင္းမြန္ဖို႔ပါ အိပ္ေရးဝဖို႔လိုပါတယ္။ အိပ္ေရး ဝေအာင္မအိပ္ရင္ေတာ့ က်န္းမာေရးအတြက္လည္းမေကာငး္သလို အသားအေရကိုလည္း မြဲေျခာက္ေျခာက္ျဖစ္ေစႏိုင္ပါတယ္။ တစ္ေန႔ကို အနည္းဆံုး ၇ နာရီမွ ၈ နာအထိ အိပ္စက္သင့္ပါတယ္။

၅။ ေရမ်ားမ်ားေသာက္ပါ

အသားအေရကို ေရဓာတ္ျဖည့္တင္းေပးဖို႔ ေရမ်ားမ်ားေသာက္ေပးဖို႔လိုအပ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ရင္ေတာ့ အသားအေရလည္း မြဲေျခာက္ေျခာက္ျဖစ္ၿပီး ထိခိုက္ပ်က္စီးေစမွာပါ။ ဒါ့ေၾကာင့္ တစ္ေန႔ကို အနည္းဆံုး ေရ ၈ခြက္မွ ၁၀ ခြက္အထိေသာက္ပါ။

၆။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈမ်ားတာဟာ ဝက္ၿခံထြက္ျခင္း၊ အသာအးေရေျခာက္ေသြ႕ျခင္း၊ ညစ္ညမ္းျခင္းေတြ ျဖစ္ေစပါယတ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကို တတ္ႏိုင္သေလာက္ေလွ်ာ့ခ်ပါ။ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။

၇။ ေလ့က်င့္ခန္းလုပ္ပါ

ေန႔စဥ္ ပံုမွန္ေလ့က်င့္ခန္းလုပ္ေပးျခင္းျဖင့္ က်န္းမာ ေပ်ာ္ရႊင္ၿပီး ငယ္ရြယ္ႏုပ်ိဳတဲ့ အသားအေရကို အရယူလိုက္ပါ။

၈။ အသားအေရကို ထိန္းသိမ္းပါ

အသားအေရကို ေပါင္းတင္ေပးတာမ်ိဳးလုပ္ေပးပါ။ တစ္စတပ္ကို ၁ ႀကိမ္ (သို႔) ၂ ႀကိမ္ အထိ ေပါင္းတင္ေပးႏိုင္ပါတယ္။

၉။ ေနေရာင္ျခည္မွကာကြယ္ပါ

ေန႔စဥ္ ေနေရာင္ျခည္ ထိေတြ႕မႈမွ သင့္အသားအေရကို ကာကြယ္ပါ။ ေနေရာင္ကာကြယ္ေပးတဲ့ ခရင္မ္ လိမ္းေပးပါ။ ေနေရာင္ျခည္ဟာ အသားအေရကို ထိခိုက္ပ်က္စီးေစၿပီး အမည္းစက္ေတြျဖစ္ေစပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်ရဲ့ တစ်နေ့တာ လူနေမှုဘဝက သင့်အသားအရေ လှခြင်းမလှခြင်းနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင်သိပါသလား။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုမှာ အခုဖော်ပြမယ့် အချက်တွေကို လိုက်ပြီးလုပ်ဆောင်ပေးရုံနဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေ ပိုင်ရှင်လေး ဖြစ်လာစေမှာဖြစ်ပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

အသားအရေလှနေစေဖို့ ဆိုတာ သင်စားတဲ့ အစားအစာမှာလည်း များစွာမူတည်နေပါတယ်။ အသင့်စားအစားအစာတွေ၊ သကြားများတဲ့အစားအစာတွေကိုရှောင်ပါ။ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသား၊ ငါးတွေ စားပေးသင့်ပါတယ်။

၂။ သန့်ရှင်းပါ၊ Moisturizer လိမ်းပါ

နေ့တိုင်း အသားအရေကို သေချာလေး သန့်ရှင်းရေးလုပ်ပေးပါ။ အသားအရေပေါ်က မလိုအပ်တဲ့ အဆီတွေ၊ အညစ်အကြေးတွေကို သေချာဖယ်ရှားပါ။ ပြီးရင် အသားအရေ စိုပြေနေအောင် Moisturizer လိမ်းပေးပါ။

၃။ ပုံမှန်ဂျေးချွတ်ပေးမယ်

မျက်နှာအသားအရေကို ပုံမှန်ဂျေးချွတ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းတင်ခြင်း ဂျေးချွတ်ခြင်းကို လုပ်ပေးနိုင်ပါတယ်။ ပြီးသွားရင်လည်း Moisturizer လိမ်းပေးဖို့ မမေ့ပါနဲ့။

၄။ ကောင်းမွန်စွာအိပ်စက်ပါ

အသားအရေလှဖို့ရော ဇီဝဖြစ်စဉ်ကောင်းမွန်ဖို့ပါ အိပ်ရေးဝဖို့လိုပါတယ်။ အိပ်ရေး ဝအောင်မအိပ်ရင်တော့ ကျန်းမာရေးအတွက်လည်းမကောင်းသလို အသားအရေကိုလည်း မွဲခြောက်ခြောက်ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၇ နာရီမှ ၈ နာအထိ အိပ်စက်သင့်ပါတယ်။

၅။ ရေများများသောက်ပါ

အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ရင်တော့ အသားအရေလည်း မွဲခြောက်ခြောက်ဖြစ်ပြီး ထိခိုက်ပျက်စီးစေမှာပါ။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်မှ ၁၀ ခွက်အထိသောက်ပါ။

၆။ စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုများတာဟာ ဝက်ခြံထွက်ခြင်း၊ အသာအးရေခြောက်သွေ့ခြင်း၊ ညစ်ညမ်းခြင်းတွေ ဖြစ်စေပါယတ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျှော့ချပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၇။ လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ကျန်းမာ ပျော်ရွှင်ပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို အရယူလိုက်ပါ။

၈။ အသားအရေကို ထိန်းသိမ်းပါ

အသားအရေကို ပေါင်းတင်ပေးတာမျိုးလုပ်ပေးပါ။ တစ်စတပ်ကို ၁ ကြိမ် (သို့) ၂ ကြိမ် အထိ ပေါင်းတင်ပေးနိုင်ပါတယ်။

၉။ နေရောင်ခြည်မှကာကွယ်ပါ

နေ့စဉ် နေရောင်ခြည် ထိတွေ့မှုမှ သင့်အသားအရေကို ကာကွယ်ပါ။ နေရောင်ကာကွယ်ပေးတဲ့ ခရင်မ် လိမ်းပေးပါ။ နေရောင်ခြည်ဟာ အသားအရေကို ထိခိုက်ပျက်စီးစေပြီး အမည်းစက်တွေဖြစ်စေပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top