iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူႏွင့္ လမ္းခြဲရၿခင္းမ်ိဳး သို႕မဟုတ္ ခ်စ္သူ ခင္သူ တစ္ေယာက္ ဆံုးပါး သြားၿခင္းတို႕သည္ အသည္း ကြဲၿခင္းကို ၿဖစ္ေစပါသည္။

ယင္းကဲ့သို႕ေသာ အၿဖစ္မ်ိဳးမွာ အမ်ိဳးသမီး မ်ားတြင္ ပို၍ အၿဖစ္မ်ားေၾကာင္း သုေတသန အသစ္ တစ္ရပ္အရ သိရသည္။ စိတ္ထိခိုက္ၿခင္းသည္ ႏွလံုး တိုက္ခိုက္ခံရၿခင္း သို႕မဟုတ္ အၿခား ႏွလံုးေရာဂါဆိုင္ရာ ၿပႆနာမ်ား၏ ေရာဂါ လကၡဏာ ရပ္မ်ားကို အၾကီးအက်ယ္ လံွု႕ေဆာ္ ေပးႏိုင္သည္ဟု ဆိုသည္။ ပထမဆံုးအၾကိမ္ အၿဖစ္ လူအေၿမာက္ အၿမားတြင္ ေလ့လာ သုေတသန ၿပဳခ်က္အရ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသား မ်ားထက္ အသည္းကြဲ ေရာဂါ ၿဖစ္ႏိုင္ေၿခ ကိုးဆ ပို၍ မ်ားသည္ ဟုဆိုသည္။

ယခင္က ေသြးေၾကာပိတ္ၿခင္း သို႕မဟုတ္ ႏွလံုး ေရာဂါဆိုင္ရာ ၿပႆနာ ရာဇဝင္ လံုးဝမရွိဘဲ စိတ္ထိခိုက္ ၿခင္းေၾကာင့္ ႏွလံုးေရာဂါ ေဖာက္မႈ ရုတ္တရက္ၿဖစ္ေပၚၿခင္းကို အသည္းကြဲ ေရာဂါဟု ေခၚသည္။ ဆရာဝန္မ်ား၏ အဆိုအရ ခင္ပြန္းသည္ ရုတ္တရက္ ဆံုးပါး သြားၿခင္း ကဲ့သို႕ေသာ အၿဖစ္မ်ိဳး၌ အက္ဒရီနယ္လင္ အပါအဝင္ အၿခား စိတ္ဖိစီးမႈကို ၿဖစ္ေစသည့္ ေဟာ္မုန္းမ်ား တစ္ဟုန္ထိုး ၿမင့္တက္လာၿပီး ယင္းကႏွလံုးရွိ ေသြးမႈတ္ ထုတ္သည့္ အဓိက အခန္းကို ရုတ္တရက္ ဝန္ပိေစၿခင္းအားၿဖင့္ ထိခိုက္ေစသည္။ ယင္းကဲ့သို႕ေသာ ၿဖစ္ရပ္၌ ႏွလံုးခုန္ စည္းခ်က္ႏွင့္ ေသြးအတြင္း ပါဝင္သည့္ အရာမ်ားမွာ ႏွလံုးေရာဂါ ရွိေနသူ၏ လကၡဏာ ရပ္မ်ား ႏွင့္ထပ္တူ ၿဖစ္ေနေသာ္လည္း ႏွလံုးေရာဂါ ရွိေနသူကဲ့သုိ႕ မည္သည့္ ေသြးလႊတ္ေၾကာမွ ပိတ္ဆို႕ၿခင္း မရွိဟု ဆိုသည္။ အေမရိကန္ ၿပည္ေထာင္စု အာကင္ဆက္ တကၠသိုလ္မွ ႏွလံုး အထူးကု ဆရာဝန္ အဘီရွက္ဒက္ရွ္မူကာ ေခါင္းေဆာင္ေသာ အဖြဲ႕သည္ ေဆးရံုေပါင္း ၁ဝဝဝ မွ လူနာေပါင္း ၆၂၂၉ဦး ကိုေလ့လာခဲ့ရာ အသည္းကြဲ ေရာဂါဟု ေခၚေသာ ထိုေရာဂါ ၿဖစ္ႏိုင္ေၿခသည္ အမ်ိဳးသမီးမ်ား၌ အမ်ိဳးသားမ်ားထက္ ကိုးဆပို၍ မ်ားေၾကာင္း ေတြ႕ရွိရသည္။

Credit : ျမ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူနှင့် လမ်းခွဲရခြင်းမျိုး သို့မဟုတ် ချစ်သူ ခင်သူ တစ်ယောက် ဆုံးပါး သွားခြင်းတို့သည် အသည်း ကွဲခြင်းကို ဖြစ်စေပါသည်။

ယင်းကဲ့သို့သော အဖြစ်မျိုးမှာ အမျိုးသမီး များတွင် ပို၍ အဖြစ်များကြောင်း သုတေသန အသစ် တစ်ရပ်အရ သိရသည်။ စိတ်ထိခိုက်ခြင်းသည် နှလုံး တိုက်ခိုက်ခံရခြင်း သို့မဟုတ် အခြား နှလုံးရောဂါဆိုင်ရာ ပြဿနာများ၏ ရောဂါ လက္ခဏာ ရပ်များကို အကြီးအကျယ် လံှု့ဆော် ပေးနိုင်သည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် အဖြစ် လူအမြောက် အမြားတွင် လေ့လာ သုတေသန ပြုချက်အရ အမျိုးသမီးများသည် အမျိုးသား များထက် အသည်းကွဲ ရောဂါ ဖြစ်နိုင်ခြေ ကိုးဆ ပို၍ များသည် ဟုဆိုသည်။

ယခင်က သွေးကြောပိတ်ခြင်း သို့မဟုတ် နှလုံး ရောဂါဆိုင်ရာ ပြဿနာ ရာဇဝင် လုံးဝမရှိဘဲ စိတ်ထိခိုက် ခြင်းကြောင့် နှလုံးရောဂါ ဖောက်မှု ရုတ်တရက်ဖြစ်ပေါ်ခြင်းကို အသည်းကွဲ ရောဂါဟု ခေါ်သည်။ ဆရာဝန်များ၏ အဆိုအရ ခင်ပွန်းသည် ရုတ်တရက် ဆုံးပါး သွားခြင်း ကဲ့သို့သော အဖြစ်မျိုး၌ အက်ဒရီနယ်လင် အပါအဝင် အခြား စိတ်ဖိစီးမှုကို ဖြစ်စေသည့် ဟော်မုန်းများ တစ်ဟုန်ထိုး မြင့်တက်လာပြီး ယင်းကနှလုံးရှိ သွေးမှုတ် ထုတ်သည့် အဓိက အခန်းကို ရုတ်တရက် ဝန်ပိစေခြင်းအားဖြင့် ထိခိုက်စေသည်။ ယင်းကဲ့သို့သော ဖြစ်ရပ်၌ နှလုံးခုန် စည်းချက်နှင့် သွေးအတွင်း ပါဝင်သည့် အရာများမှာ နှလုံးရောဂါ ရှိနေသူ၏ လက္ခဏာ ရပ်များ နှင့်ထပ်တူ ဖြစ်နေသော်လည်း နှလုံးရောဂါ ရှိနေသူကဲ့သို့ မည်သည့် သွေးလွှတ်ကြောမှ ပိတ်ဆို့ခြင်း မရှိဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အာကင်ဆက် တက္ကသိုလ်မှ နှလုံး အထူးကု ဆရာဝန် အဘီရှက်ဒက်ရှ်မူကာ ခေါင်းဆောင်သော အဖွဲ့သည် ဆေးရုံပေါင်း ၁ဝဝဝ မှ လူနာပေါင်း ၆၂၂၉ဦး ကိုလေ့လာခဲ့ရာ အသည်းကွဲ ရောဂါဟု ခေါ်သော ထိုရောဂါ ဖြစ်နိုင်ခြေသည် အမျိုးသမီးများ၌ အမျိုးသားများထက် ကိုးဆပို၍ များကြောင်း တွေ့ရှိရသည်။

Credit : မြဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top