iMyanmarHouse.com - Best Property Website for Myanmar
×




Credit : milllionlike

ပရိသတ်အချစ်တော် ဦးငှက်ပျောကြော်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေကို အမြဲပျော်ရွှင်မှု ဖန်တီးပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ဟာသ လူရွင်တော် တစ်ယောက်ကနေ ရုပ်ရှင်လောကဘက်ကို ကူးပြောင်းလာခဲ့ပြီး ပရိသတ်ချစ်တဲ့ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အဖြစ်နဲ့ရပ်တည်နေခဲ့တာ ပဲဖြစ်ပါတယ်။ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေတဲ့ ထူးချွန်ဇာတ်ပို့ ဇာတ်ရံတစ်ယောက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျောက်လှမ်းလာခဲ့ပေမယ့် အကယ်ဒမီဆုကြီး နဲ့ကတော့ဝေးကွာနေဆဲပဲ ဖြစ်ပါတယ်။

တစ်အချိန်က အလုပ်အတူတူတွဲလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် ဦးမိုးဒီ၊ဦးမော့စ်၊ဦးဗေလု၀ စတဲ့သူတွေတောင် အကယ်ဒီမီရွှေစင်ရုပ်ထုကြီးကို ပိုင်ဆိုင်နိုင်နေကြပြီဖြစ်ပေမယ့် သူကတော့အကယ်ဒမီနဲ့ ဝေးကွာနေအုန်းမှာပဲ လို့ဆိုပါတယ်။အကြောင်းကတော့ကျွန်တော်က မငိုတက်လို့ပါလို့အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။ အကယ်ဒမီဆုကြီးက များသောအားဖြင့် ဟာသနဲ့ပေးလေ့သိပ်မရှိပဲ ဒရမ်မာကျကျပရိသတ်တွေရင်ထဲ ထိအောင့် ငိုတဲ့ဇာတ်လမ်းသရုပ်ဆောင် အမျိုးအစားတွေကိုပဲ ပေးလေ့ရှိတာပါလို့ ပြောပါတယ်။

ရှေ့မှာရခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ဟာသနဲ့အကယ်ဒမီရကြတာ မဟုတ်ပဲဒရမ်မာကျကျ ငိုခဲ့၊ သရုပ်ဆောင်ခဲ့ကြတာကြောင့် အကယ်ဒမီဆုကြီးကိုထိုက်ထိုက်တန်တန် ရရှိခဲ့ကြတာပါလို့ဆိုပါတယ်။ ကျွန်တော်ကတော့ အဖေနဲ့အမဆုံးတုန်းကနှစ်ခါပဲ ရင်ထဲကဆို့နစ်ပြီးငိုခဲ့ဖူးတာပါ။သရုပ်ဆောင်းပိုင်းမှာတော့ မငိုတက်၊ ငိုဖို့အခက်အခဲရှိတာကြောင့် ကျွန်တော်နဲ့အကယ်ဒမီဆိုတာ ဝေးကွာနေရအုန်းမှာပါလို့ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

Credit : milllionlike

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top