iMyanmarHouse.com - Best Property Website for Myanmar
×

ဆက္ဆံမႈတစ္ခုမွာ သင္တုိ႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားၿပီးေနာက္ အသည္းအသန္ ျပန္လည္ ခ်စ္ခင္ခ်င္ၾကတာမ်ိဳး ရွိႏိုင္ပါတယ္။ ေနာက္တစ္မ်ိုးေျပာရရင္ စစခ်စ္တံုးကလို ခံစားမႈမ်ိဳး ျပန္လည္ ရရွိခ်င္ၾကပါတယ္။ ဒါကို ဘယ္လိုလုပ္ယူမလဲ။ ဒီေဆာင္းပါးမွာေတာ့ ဒီကိစၥေပၚမွာ အၾကံဥာဏ္ေတြ ေပးသြားမွာ ျဖစ္ပါတယ္။

”ေသခ်ာ နားေထာင္ပါ”
သင့္ရဲ႕ ေပ်ာက္ဆံုးေနတဲ့ အခ်စ္ကို ျပန္လည္ေတြ႔ရွိဖို႔ အဓိက အခ်က္ကေတာ့ နားလည္မႈ ရွိဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္မႈ ရွိဖို႔ပဲျဖစ္ပါတယ္။ စစခ်င္း ခ်ိ္န္းေတြ႔စဥ္က သင္ဟာ မ်က္ႏွာကို ဖုန္း (သို႔) အိုင္ပတ္ကိုပဲ ငံု႔ၾကည့္ေနမွာ မဟုတ္ပါဘူး။ သင့္ခ်စ္သူရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး သူဘာစားခ်င္လဲ၊ ဘာသီခ်င္းနားေထာင္ခ်င္လဲဆိုတာကို ဂရုစိုက္ေနမိမွာပါ။

ဒါေပမယ့္ ဒါေတြအကုန္ သိၿပီးသား ျဖစ္သြားၿပီဆိုရင္ေတာ့ သူမကို လ်စ္လ်ဴရႈဖို႔ ျဖစ္လာပါတယ္။ တစ္ေန႔တစ္ေန႔ ျဖစ္ပ်က္ေနတဲ့ အရာေတြ အမ်ားႀကီး ရွိၿပီး သင္ခ်စ္သူရွိျခင္းဟာလည္း သူမရဲ႕ ခံစားမႈေတြ၊ အေတြးေတြ၊ ဒုကၡေတြကို မွ်ေဝ ခံစားဖုိ႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အတြက္ ဂရုစိုက္မႈနဲ႔ အေလးထားမႈကို ျပသဖို႔ဟာအေရးႀကီးၿပီး ေျပာစရာ စကားေပ်ာက္ဆံုးသြားတယ္ဆိုတာ မရွိသင့္ပါဘူး။ ဒါ့ျပင္ ဒီလိုလုပ္ျခင္းအားျဖင့္ နီးကပ္မႈနဲ႔ ဆက္ႏြယ္မႈ၊ အေကာင္းျမင္စိတ္နဲ႔ ပြင့္လင္းတဲ့ စိတ္ေတြကို ဖန္တီးေပးပါတယ္။

သင့္ခ်စ္သူ စကားစေျပာရင္ ကို္ယ္လုပ္ေနတဲ့အရာကို ရပ္နားထားသင့္ၿပီး သူမနဲ႔ မ်က္လံုးခ်င္းဆံုေအာင္ၾကည့္ကာေသခ်ာစြာ နားေထာင္သင့္ပါတယ္။ ဒါဟာ သူမကို အေလးထားမႈကို ျပသၿပီးေတာ့ ဘာေျပာမလဲဆိုတာ စိတ္ဝင္စားဟန္ျပတာပဲ ျဖစ္ပါတယ္။ အေတြးေတြ၊ ခံစားမႈေတြနဲ႔ တစ္ေန႔တာ အျဖစ္အပ်က္ေတြကို မွ်ေဝျခင္းဟာ လူႏွစ္ေယာက္ကုိ ဆက္သြယ္ဖို႔ ၿပီးျပည့္စံုတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ နားေထာင္ေပးဖို႔ ႀကိဳးစားသင့္ပါတယ္။

အျခားတစ္ဖက္မွာလဲ သင္မအားဘူးဆိုရင္ (သို႔) အခုလုပ္မွျဖစ္မယ့္ အေရးႀကီးတဲ့အရာတစ္ခုရွိတယ္ဆိုရင္ သူမကို ညင္သာေပ်ာ့ေျပာင္းစြာ ေျပာၿပီး ေလးစားသမႈနဲ႔ ခြင့္ေတာင္းပါ။ အခု သူနဲ႔ စကားေျပာခ်င္ၿပီး သူေျပာတာကို နားေထာင္ခ်င္ေသာ္လည္း အခုလုပ္ေနတာကို အၿပီးသတ္ဖို႔ အခ်ိန္ခဏေလာက္ ရႏိုင္မလားလို႔ ေမးပါ။ နားလည္မႈအတြက္ ခြင့္ေတာင္းၿပီး သင္ေပးထားတဲ့ ကတိကို ကိစၥၿပီးၿပီးခ်င္း သတိရပါ။

သင္ျမင္တဲ့အတိုင္း ဆက္ဆံမႈတစ္ခုကို အျမဲက်န္းမာသန္စြမ္းေနေအာင္လုပ္ဖို႔ဆိုတာ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ပါဘူး။ အခ်ိန္ေတြ၊ အင္အားေတြနဲ႔ စိတ္ရွည္မႈေတြ လိုအပ္ပါတယ္။ တကယ္လုိ႔ သင့္ခ်စ္သူနဲ႔ ျပႆနာေတြ အဆင္မေျပဘူးဆိုရင္ ကြ်မ္းက်င္သူနဲ႔ ႏွစ္ေယာက္လံုး ျပသသင့္ပါတယ္။ သင္တို႔ၾကားမွာ ရွိတဲ့ ျပႆနာေတြကို အခ်ိန္ေရႊ႔ေလေလ သင္တုိ႔ဆက္ဆံမႈ အဆံုးသတ္ဖို႔ အခြင့္အလမ္း မ်ားေလေလပါပဲ။

Credit : Hello Health Group
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆက်ဆံမှုတစ်ခုမှာ သင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လိုလုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။

”သေချာ နားထောင်ပါ”
သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည်တွေ့ရှိဖို့ အဓိက အချက်ကတော့ နားလည်မှု ရှိဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု ရှိဖို့ပဲဖြစ်ပါတယ်။ စစချင်း ချိန်းတွေ့စဉ်က သင်ဟာ မျက်နှာကို ဖုန်း (သို့) အိုင်ပတ်ကိုပဲ ငုံ့ကြည့်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ မျက်နှာကို ကြည့်ပြီး သူဘာစားချင်လဲ၊ ဘာသီချင်းနားထောင်ချင်လဲဆိုတာကို ဂရုစိုက်နေမိမှာပါ။

ဒါပေမယ့် ဒါတွေအကုန် သိပြီးသား ဖြစ်သွားပြီဆိုရင်တော့ သူမကို လျစ်လျူရှုဖို့ ဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ဖြစ်ပျက်နေတဲ့ အရာတွေ အများကြီး ရှိပြီး သင်ချစ်သူရှိခြင်းဟာလည်း သူမရဲ့ ခံစားမှုတွေ၊ အတွေးတွေ၊ ဒုက္ခတွေကို မျှဝေ ခံစားဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် ဂရုစိုက်မှုနဲ့ အလေးထားမှုကို ပြသဖို့ဟာအရေးကြီးပြီး ပြောစရာ စကားပျောက်ဆုံးသွားတယ်ဆိုတာ မရှိသင့်ပါဘူး။ ဒါ့ပြင် ဒီလိုလုပ်ခြင်းအားဖြင့် နီးကပ်မှုနဲ့ ဆက်နွယ်မှု၊ အကောင်းမြင်စိတ်နဲ့ ပွင့်လင်းတဲ့ စိတ်တွေကို ဖန်တီးပေးပါတယ်။

သင့်ချစ်သူ စကားစပြောရင် ကိုယ်လုပ်နေတဲ့အရာကို ရပ်နားထားသင့်ပြီး သူမနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ကာသေချာစွာ နားထောင်သင့်ပါတယ်။ ဒါဟာ သူမကို အလေးထားမှုကို ပြသပြီးတော့ ဘာပြောမလဲဆိုတာ စိတ်ဝင်စားဟန်ပြတာပဲ ဖြစ်ပါတယ်။ အတွေးတွေ၊ ခံစားမှုတွေနဲ့ တစ်နေ့တာ အဖြစ်အပျက်တွေကို မျှဝေခြင်းဟာ လူနှစ်ယောက်ကို ဆက်သွယ်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် နားထောင်ပေးဖို့ ကြိုးစားသင့်ပါတယ်။

အခြားတစ်ဖက်မှာလဲ သင်မအားဘူးဆိုရင် (သို့) အခုလုပ်မှဖြစ်မယ့် အရေးကြီးတဲ့အရာတစ်ခုရှိတယ်ဆိုရင် သူမကို ညင်သာပျော့ပြောင်းစွာ ပြောပြီး လေးစားသမှုနဲ့ ခွင့်တောင်းပါ။ အခု သူနဲ့ စကားပြောချင်ပြီး သူပြောတာကို နားထောင်ချင်သော်လည်း အခုလုပ်နေတာကို အပြီးသတ်ဖို့ အချိန်ခဏလောက် ရနိုင်မလားလို့ မေးပါ။ နားလည်မှုအတွက် ခွင့်တောင်းပြီး သင်ပေးထားတဲ့ ကတိကို ကိစ္စပြီးပြီးချင်း သတိရပါ။

သင်မြင်တဲ့အတိုင်း ဆက်ဆံမှုတစ်ခုကို အမြဲကျန်းမာသန်စွမ်းနေအောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အချိန်တွေ၊ အင်အားတွေနဲ့ စိတ်ရှည်မှုတွေ လိုအပ်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့ ပြဿနာတွေ အဆင်မပြေဘူးဆိုရင် ကျွမ်းကျင်သူနဲ့ နှစ်ယောက်လုံး ပြသသင့်ပါတယ်။ သင်တို့ကြားမှာ ရှိတဲ့ ပြဿနာတွေကို အချိန်ရွှေ့လေလေ သင်တို့ဆက်ဆံမှု အဆုံးသတ်ဖို့ အခွင့်အလမ်း များလေလေပါပဲ။

Credit : Hello Health Group

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top