iMyanmarHouse.com - Best Property Website for Myanmar
×









Credit : Duwun

နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူရဲ့သိတတ်ပုံလေးကို ပြောပြခဲ့ရင်း စကားလေးတစ်ခွန်းနဲ့ခင်ပွန်းကို ပြန်ချုပ်လိုက်တာပါ။

"သူ့အလုပ်ပိတ်ရက်လေးကို ကျဲကျဲလဲအလုပ်ရှုပ်နေလို့ မိန်းမအလုပ်လိုက်ခဲ့ ပေးပါဆိုပြီးချောဆွဲတော့လဲ လိုက်လာပေးရှာသား ချစ်ဖို့တော့ကောင်းရှာပါတယ်(ချုပ်ရတာပေါ့နော်)"ဆိုပြီး ပြောပြခဲ့တာပါ။

နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းကတော့ သူမကို တော်တော့်ကို ချစ်ပါတယ်။ ချစ်သူများနေ့တုန်းကလည်း နန်းမြတ်ဖြိုးသင်းအတွက် နှင်းဆီပန်းတွေအများကြီးကို စည်းထားတဲ့ ပန်းစည်း အကြီးကြီးနဲ့ Surprise လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ချစ်သူဘဝကထဲကတည်းကနေ အိမ်ထောင်ပြုခဲ့တဲ့အချိန်အထိ ချစ်သူများနေ့ကို မပျက်မကွက်ပဲ လက်ဆောင်ပေးခဲ့တာပါတဲ့။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့ ချစ်သူများနေ့တုန်းကလည်း (၉)နှစ်မြောက် VALENTINE'S DAY လက်ဆောင်ကို ပေးခဲ့ပါတယ်။ မနက်ခင်းအစောမှာ နှင်းဆီပန်းပွင့်တွေနဲ့ Surprise လုပ်ခဲ့ရုံသာမက ညပိုင်းမှာလည်း ရိုမန့်တစ်ဆန်ဆန် ညစာစားပွဲလေးနဲ့ အတူ ချစ်သူများနေ့လေးကို ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲ ကျင်းပခဲ့တုန်းကလည်း မင်္ဂလာပွဲ အကုန်လုံးကို နန်းမြတ်စိတ်တိုင်းကျကျင်းပစေခဲ့တာလည်း ဖြစ်ပါတယ်။

နန်းမြတ်စိတ်တိုင်းကျ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုလည်း ငွေဆောင်မှာ ပြုလုပ်ခဲ့သလို မင်္ဂလာဦးဆွမ်းကျွေးအလှူ ၊ မင်္ဂလာဧည့်ခံပွဲနဲ့ ညစာစားပွဲတို့ကို သူမစိတ်တိုင်းကျ ဖြစ်အောင် ခင်ပွန်းဖြစ်သူကိုတာတာမျိုးက စီစဉ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top