iMyanmarHouse.com - Best Property Website for Myanmar
×










Credit : လှတောသား

ပရိသတ်အချစ်တော် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထွက်ပေါ်နေတဲ့ သူမရဲ့ ကောလဟာလ အမှားသတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်ပါတယ်..။

ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမတို့ရဲ့ မင်္ဂလာသက်တမ်း (၁)နှစ်ပြည့်နေ့လေးမှာပဲ လက်မထပ်ခင် ကိုယ်ဝန်ရှိတယ်ဆိုတဲ့ ကောလဟာလသတင်းအမှားတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ လူမှုကွန်ယက်စာ မျက်နှာကနေ တစ်ဆင့် ပြန်လည် ဖြေရှင်းပြောပြထားတာ တွေ့ရပါတယ်..။

“မနှစ်က ဒီနေ့မှာ ရုံးတက်လက်မှတ်ထိုးပါတယ်.. ဖေဖော်ဝါရီလ ၃ရက်နေ့မှာ မင်္ဂလာဆောင်ပါတယ်.. အိမ်ထောင်ကျပြီး ကိုယ်ဝန်တမ်းရလို့ ကိုးလလွယ်ပြီးသားလေးကိုမွေးတာ အခုနှစ်လကျော်ပါပြီ..။

သဘာဝအတိုင်းမွေးတာဖြစ်လို့ နေ့စေ့လစေ့မွေးထားတာကို အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိတာလားဆိုတဲ့လူတွေ လက်ဆယ်ချောင်းထောင်ပြီး သူငယ်တန်းကလေးလို အချိန်ပြန်တွက်ကြည့်ပြီးမှ ကလေးက အိမ်ထောင်မကျခင် ကိုယ်ဝန်ရတာလားဆိုတာဝေဖန်ကျပါ..။

ခေတ်မှီ တာနဲ့ ခေတ်ဆန်တာနဲ့မတူဘူး.. ကျမက ခေတ်ပဲမှီရင်မီမယ် ခေတ်မဆန်ဘူး..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့် အားပေးမှုတွေကို ခံနေရတာလည်း တွေ့ရပါတယ်..။

ခင်ပွန်းရဲ့ ချစ်ခင်ခြင်းနဲ့အတူ ရင်သွေးလေးကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ ဆယ်လီတွေထဲက တစ်ဦးပါပဲ..။

ပရိသတ်အချစ်တော် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချော တစ်လက်လည်း ဖြစ်ပါတယ်..။

Credit : လှတောသား

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top