iMyanmarHouse.com - Best Property Website for Myanmar
×

အေမေတြက သားေတြကိုမွ ပိုခ်စ္ၾကတယ္လို႔ ထင္ၾကတယ္။ တကယ္တမ္းက်ေတာ့ တိုးတိုးေဖာ္၊ တိုင္ပင္ရတာလည္း သမီးေတြပါပဲ။ အခ်ိန္တန္လာရင္ အေမ့ကို ျပန္ၾကည့္တာလဲ ဒီသမီးေတြပဲဥစၥာ။ မဒီေလးတုိ႔အေနနဲ႔လည္း အေမနဲ႔ အဆင္ေျပေျပေလး ရွိေနတာကိုပဲ လိုခ်င္ၾကမယ္လို႔ ယံုပါတယ္ေနာ္။ အေမနဲ႔သမီး အရမ္းရင္းႏွီးေနၾကတာ ေကာင္းပါတယ္။ ဘယ္လိုေတြဆုိရင္ အရမ္းရင္းႏွီးတယ္လို႔ ေျပာႏုိင္မလဲဆုိေတာ့ ....

၁။ အႀကိဳက္ခ်င္းတူတယ္။ အေမလည္း ေကာ္ဖီႀကိဳက္တယ္၊ ကိုယ္လည္းႀကိဳက္တယ္။ အတူတူေသာက္ၾကတာေပါ့။ သားအမိေတြ ပိုရင္းႏွီးတယ္။

၂။ စကားေျပာတုိင္း၊ ဖုန္းေျပာတုိင္း အဆင္ေျပေျပေလးနဲ႔ပဲ ဖုန္းကိုခ်လိုက္တယ္။ စိတ္ဆိုး ေဒါသျဖစ္တာေတြ ဝမ္းနည္းတာေတြနဲ႔ အဆံုးမသတ္ဘူး။ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္တာကိုး။

၃။ ကိုယ္နဲ႔ပတ္သက္သမွ်ေယာက္်ားေတြအေၾကာင္း အေမ့ကိုေျပာျပတယ္။ သူငယ္ခ်င္းေတြေရာ၊ လာက်ဴတဲ့ေကာင္ေတြေရာ၊ ရည္းစားေတြေရာ အကုန္လံုးကို အေမကသိတယ္။ လူခ်င္းသာမေတြ႕ရင္ေနမယ္ နာမည္နဲ႔စရိုက္ေတြကိို အေမကသိၿပီး အၾကံေပးၿပီးေနၿပီ။

၄။ ညစ္တီးညစ္ပတ္ ဟာသေလးေတြ။ ဒါကေတာ့ မိန္းကေလးခ်င္းပဲ ေျပာလို႔ရတာကိုး။ သူငယ္ခ်င္းေတြနဲ႔ အခ်င္းခ်င္းေျပာတဲ့ ေပါက္ကရဟာသေတြကို သားအမိႏွစ္ေယာက္ အျပန္အလွန္ေျပာၾကတယ္ဆုိတည္းက အရမ္းရင္းႏွီးေနၾကလို႔ပဲ။

၅။ ေပ်ာ္စရာအခ်ိန္ေလးေတြကို အတူျဖတ္သန္းၾကတယ္။ ေစ်းဝယ္ထြက္တာမ်ိဳး၊ အျပင္ထြက္လည္တာမ်ိဳး၊ ရုပ္ရွင္အတူၾကည့္တာမ်ိဳးေပါ့။ နွစ္ေယာက္အတူ ရယ္ေမာရတဲ့အခ်ိန္ေတြဟာ စိတ္ခ်မ္းသာစရာေကာင္းပါတယ္။

၆။ ေန႔တိုင္း အျပန္အလွန္ ဖုန္းေတြဆက္ၾက ၊ မက္ေဆ့ေတြ ပို႔ၾကတယ္။ သူမ်ားေတြဆုိ အေမကခ်ည္း စိတ္ပူလို႔ ဖုန္းေတြဆက္တာ။ ကိုယ္ေတြသားအမိကေတာ့ အျပန္အလွန္ကို ဖုန္းဆက္၊ မက္ေဆ့ပို႔ေနၾကတာေလ။

၇။ ရုပ္ပိုင္းဆုိင္ရာ ထိေတြ႕မႈလည္း ရွိၾကတယ္။ အေမ့ကို ဖက္တာ၊ နမ္းတာမ်ိဳးေပါ့။ မဒီကေတာ့ အေမ့နားကပ္ၿပီး ေပါင္ေပၚေခါင္းထိုးအိပ္ပလိုက္တာပဲ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမေတွေက သားတွေကိုမှ ပိုချစ်ကြတယ်လို့ ထင်ကြတယ်။ တကယ်တမ်းကျတော့ တိုးတိုးဖော်၊ တိုင်ပင်ရတာလည်း သမီးတွေပါပဲ။ အချိန်တန်လာရင် အမေ့ကို ပြန်ကြည့်တာလဲ ဒီသမီးတွေပဲဥစ္စာ။ မဒီလေးတို့အနေနဲ့လည်း အမေနဲ့ အဆင်ပြေပြေလေး ရှိနေတာကိုပဲ လိုချင်ကြမယ်လို့ ယုံပါတယ်နော်။ အမေနဲ့သမီး အရမ်းရင်းနှီးနေကြတာ ကောင်းပါတယ်။ ဘယ်လိုတွေဆိုရင် အရမ်းရင်းနှီးတယ်လို့ ပြောနိုင်မလဲဆိုတော့ ....

၁။ အကြိုက်ချင်းတူတယ်။ အမေလည်း ကော်ဖီကြိုက်တယ်၊ ကိုယ်လည်းကြိုက်တယ်။ အတူတူသောက်ကြတာပေါ့။ သားအမိတွေ ပိုရင်းနှီးတယ်။

၂။ စကားပြောတိုင်း၊ ဖုန်းပြောတိုင်း အဆင်ပြေပြေလေးနဲ့ပဲ ဖုန်းကိုချလိုက်တယ်။ စိတ်ဆိုး ဒေါသဖြစ်တာတွေ ဝမ်းနည်းတာတွေနဲ့ အဆုံးမသတ်ဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်တာကိုး။

၃။ ကိုယ်နဲ့ပတ်သက်သမျှယောက်ျားတွေအကြောင်း အမေ့ကိုပြောပြတယ်။ သူငယ်ချင်းတွေရော၊ လာကျူတဲ့ကောင်တွေရော၊ ရည်းစားတွေရော အကုန်လုံးကို အမေကသိတယ်။ လူချင်းသာမတွေ့ရင်နေမယ် နာမည်နဲ့စရိုက်တွေကို အမေကသိပြီး အကြံပေးပြီးနေပြီ။

၄။ ညစ်တီးညစ်ပတ် ဟာသလေးတွေ။ ဒါကတော့ မိန်းကလေးချင်းပဲ ပြောလို့ရတာကိုး။ သူငယ်ချင်းတွေနဲ့ အချင်းချင်းပြောတဲ့ ပေါက်ကရဟာသတွေကို သားအမိနှစ်ယောက် အပြန်အလှန်ပြောကြတယ်ဆိုတည်းက အရမ်းရင်းနှီးနေကြလို့ပဲ။

၅။ ပျော်စရာအချိန်လေးတွေကို အတူဖြတ်သန်းကြတယ်။ ဈေးဝယ်ထွက်တာမျိုး၊ အပြင်ထွက်လည်တာမျိုး၊ ရုပ်ရှင်အတူကြည့်တာမျိုးပေါ့။ နှစ်ယောက်အတူ ရယ်မောရတဲ့အချိန်တွေဟာ စိတ်ချမ်းသာစရာကောင်းပါတယ်။

၆။ နေ့တိုင်း အပြန်အလှန် ဖုန်းတွေဆက်ကြ ၊ မက်ဆေ့တွေ ပို့ကြတယ်။ သူများတွေဆို အမေကချည်း စိတ်ပူလို့ ဖုန်းတွေဆက်တာ။ ကိုယ်တွေသားအမိကတော့ အပြန်အလှန်ကို ဖုန်းဆက်၊ မက်ဆေ့ပို့နေကြတာလေ။

၇။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလည်း ရှိကြတယ်။ အမေ့ကို ဖက်တာ၊ နမ်းတာမျိုးပေါ့။ မဒီကတော့ အမေ့နားကပ်ပြီး ပေါင်ပေါ်ခေါင်းထိုးအိပ်ပလိုက်တာပဲ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top