iMyanmarHouse.com - Best Property Website for Myanmar
×

Indian Gooseberry လို႔ေခၚၾကတဲ့ ဆီးျဖဴသီးဟာ အပူပိုင္းေဒသမွာ ေပါက္ေရာက္တတ္တဲ့ အသီးတစ္မ်ိဳးပါ။ ခ်ဥ္တင္တင္၊ ဖန္တန္တန္ အရသာ႐ွိၿပီး ဆီးျဖဴသီးစားၿပီးရင္ ေရေလးတစ္ခြက္ေသာက္လိုက္ရင္ ပါးစပ္ထဲမွာခ်ိဳၿပီး က်န္ေနခဲ့တယ္လို႔ လူသိမ်ားပါတယ္။

တကယ္ေတာ့ ဆီးျဖဴသီးဟာ ဗိုက္တာမင္၊ ကယ္လ္ဆီယမ္နဲ႔ သံဓာတ္ေတြ အမ်ားႀကီးပါဝင္တဲ႔ အသီးအႏွံတစ္မ်ိဳးပါ။ ဆီးျဖဴသီးကို သုတ္စား၊ ေထာင္းစားၾကသလို သြားရည္စာအျဖစ္လည္း စားသံုးၾကပါတယ္။ ဆီးျဖဴသီးစားေပးျခင္းျဖင့္ က်န္းမာေရးအတြက္သာမက အလွအပေရးရာအတြက္ပါ အက်ိဳး႐ွိေစႏိုင္ပါတယ္။

၁။ က်န္းမာေရး ေကာင္းမြန္ေစတယ္

ဆီးျဖဴသီးကို ပံုမွန္စားေပးမယ္ဆိုရင္ ဝိတ္က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဝမ္းခ်ဳပ္ေရာဂါကိုလည္း ေပ်ာက္ကင္းသက္သာေစပါတယ္။ လည္ေခ်ာင္းထဲက ခြ်ဲသလိပ္ေတြကို ရွင္းလင္းေပးႏိုင္သလို လည္ေခ်ာင္းနာ ေရာဂါကိုလည္း သက္သာေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဆီးျဖဴသီးဟာ အပူၿငိမ္းေစတဲ့အတြက္ ေသြးသားကိုလည္း သန္႔စင္ေစႏိုင္ပါတယ္။

၂။ အသားအေရ ထိန္းသိမ္းေရးအတြက္ အက်ိဳး႐ွိတယ္

ဆီးျဖဴသီး စားေပးျခင္းက ေသြးသားကို သန္႔စင္ေစႏိုင္တဲ႔အတြက္ အေရျပားအေပၚယံအလႊာက အေရျပားဆဲလ္ေသ ေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။ ဆဲလ္ေသ၊ ဆဲလ္ေဟာင္းေတြကို ဖယ္ရွားၿပီးရင္ သန္႔စင္တဲ႔ ဆဲလ္သစ္ေတြကို ျဖစ္ေပၚလာေစပါတယ္။ ဆီးျဖဴသီးထဲမွာ ပါဝင္တဲ႔ အာဟာရဓာတ္ေတြဟာ အေရျပားေနေလာင္ဒဏ္မွလည္း ကာကြယ္ေပးႏိုင္ၿပီး အသားအေရကို မူလအတိုင္း ျပန္လည္ျဖဴဝင္း လာေစႏိုင္ပါတယ္။ ဆီးျဖဴသီးရဲ႕ ေကာင္းက်ိဳးေနာက္တစ္ခုကေတာ႔ အေရျပား အိုမင္းရင္႔ေရာ္ျခင္းကို ေႏွးေကြးေစႏိုင္တာပါပဲ။ ဒါ႕အျပင္ ေဟာ္မုန္း ေျပာင္းလဲမႈေၾကာင္႔ ဝက္ျခံအေပါက္မ်ားတဲ႔ သူေတြဆိုရင္လည္း ဆီးျဖဴသီးစားေပးရင္ ဝက္ျခံကင္းစင္ လာေစႏိုင္မွာပါ။

၃။ ကိုယ္ခံအား ေကာင္းမြန္ေစတယ္

ခႏၶာကိုယ္ထဲကို ထိုးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးစားေနတဲ႔ ကူးစက္ေရာဂါပိုးေတြနဲ႔ ဗိုင္းရပ္စ္ပိုးမႊားေတြကို တိုက္ဖ်က္ရာမွာ အေရးပါတာကေတာ႔ ကိုယ္ခံအားစနစ္ပါ။ အဲဒီကိုယ္ခံအားစနစ္ ေကာင္းမြန္ေစဖို႔အတြက္ ဆီးျဖဴသီးက ကူညီေပးႏိုင္ပါတယ္။ ဒါ႔အျပင္ ဆီးျဖဴသီးကို ေဖ်ာ္ရည္လုပ္ၿပီး ရံဖန္ရံခါ ေသာက္သံုးေပးမယ္ဆိုရင္လည္း စိတ္ဖိစီးမႈေတြကို ေလ်ာ႔ပါးသက္သာေစႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဆီးျဖဴသီးေဖ်ာ္ရည္က အစာေျခစနစ္ ပိုမိုေကာင္းမြန္ေအာင္လည္း ကူညီေပးႏိုင္ပါေသးတယ္။ ေနာက္တစ္ခုကေတာ႔ ဆီးျဖဴသီးဟာ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ေဝဒနာရွင္ေတြနဲ႔လည္း တည္႔ပါတယ္။

၄။ ဆံသားလွပေစတယ္

ပိုးသားေလးလို လွပေခ်ာေမြ႕တဲ႔ ဆံေကသာေလးကို မႏွစ္သက္တဲ႔လူ မရွိပါဘူး။ ဆံသားက်န္းမာေရးအတြက္ ဆီးျဖဴသီးရဲ႕ ေကာင္းက်ိဳးေတြ အမ်ားႀကီးရွိပါတယ္။ ဆီးျဖဴသီးနဲ႔ ျပဳလုပ္ထားတဲ႔ အဆီဟာ ဆံပင္ေလးေတြကို အျမစ္ကေန အရင္းထိ သန္စြမ္းေစပါတယ္။ ေနာက္ၿပီး ဆံသားေလးေတြေပၚမွာ ကပ္ညိေနတဲ႔ ေဗာက္ျဖဴျဖဴေလးေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဒါ႔အျပင္ ဆံပင္ျဖဴတဲ႔ ပုဂၢိဳလ္ေတြ ရွိရင္လည္း ဆီးျဖဴသီးအဆီကို လိမ္းေပးမယ္ဆိုရင္ အရင္အတိုင္း ဆံသားေလးေတြ ျပန္လည္မဲနက္လာမွာပါ။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Indian Gooseberry လို့ခေါ်ကြတဲ့ ဆီးဖြူသီးဟာ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ အသီးတစ်မျိုးပါ။ ချဉ်တင်တင်၊ ဖန်တန်တန် အရသာရှိပြီး ဆီးဖြူသီးစားပြီးရင် ရေလေးတစ်ခွက်သောက်လိုက်ရင် ပါးစပ်ထဲမှာချိုပြီး ကျန်နေခဲ့တယ်လို့ လူသိများပါတယ်။

တကယ်တော့ ဆီးဖြူသီးဟာ ဗိုက်တာမင်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ အများကြီးပါဝင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးဖြူသီးကို သုတ်စား၊ ထောင်းစားကြသလို သွားရည်စာအဖြစ်လည်း စားသုံးကြပါတယ်။ ဆီးဖြူသီးစားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သာမက အလှအပရေးရာအတွက်ပါ အကျိုးရှိစေနိုင်ပါတယ်။

၁။ ကျန်းမာရေး ကောင်းမွန်စေတယ်

ဆီးဖြူသီးကို ပုံမှန်စားပေးမယ်ဆိုရင် ဝိတ်ကျစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေကို ရှင်းလင်းပေးနိုင်သလို လည်ချောင်းနာ ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အပူငြိမ်းစေတဲ့အတွက် သွေးသားကိုလည်း သန့်စင်စေနိုင်ပါတယ်။

၂။ အသားအရေ ထိန်းသိမ်းရေးအတွက် အကျိုးရှိတယ်

ဆီးဖြူသီး စားပေးခြင်းက သွေးသားကို သန့်စင်စေနိုင်တဲ့အတွက် အရေပြားအပေါ်ယံအလွှာက အရေပြားဆဲလ်သေ တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်သေ၊ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပြီးရင် သန့်စင်တဲ့ ဆဲလ်သစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ဆီးဖြူသီးထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ အရေပြားနေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပြီး အသားအရေကို မူလအတိုင်း ပြန်လည်ဖြူဝင်း လာစေနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ ကောင်းကျိုးနောက်တစ်ခုကတော့ အရေပြား အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တာပါပဲ။ ဒါ့အပြင် ဟော်မုန်း ပြောင်းလဲမှုကြောင့် ဝက်ခြံအပေါက်များတဲ့ သူတွေဆိုရင်လည်း ဆီးဖြူသီးစားပေးရင် ဝက်ခြံကင်းစင် လာစေနိုင်မှာပါ။

၃။ ကိုယ်ခံအား ကောင်းမွန်စေတယ်

ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ကူးစက်ရောဂါပိုးတွေနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ဖျက်ရာမှာ အရေးပါတာကတော့ ကိုယ်ခံအားစနစ်ပါ။ အဲဒီကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့အတွက် ဆီးဖြူသီးက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဆီးဖြူသီးကို ဖျော်ရည်လုပ်ပြီး ရံဖန်ရံခါ သောက်သုံးပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးဖျော်ရည်က အစာခြေစနစ် ပိုမိုကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ နောက်တစ်ခုကတော့ ဆီးဖြူသီးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်တွေနဲ့လည်း တည့်ပါတယ်။

၄။ ဆံသားလှပစေတယ်

ပိုးသားလေးလို လှပချောမွေ့တဲ့ ဆံကေသာလေးကို မနှစ်သက်တဲ့လူ မရှိပါဘူး။ ဆံသားကျန်းမာရေးအတွက် ဆီးဖြူသီးရဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ ဆီးဖြူသီးနဲ့ ပြုလုပ်ထားတဲ့ အဆီဟာ ဆံပင်လေးတွေကို အမြစ်ကနေ အရင်းထိ သန်စွမ်းစေပါတယ်။ နောက်ပြီး ဆံသားလေးတွေပေါ်မှာ ကပ်ညိနေတဲ့ ဗောက်ဖြူဖြူလေးတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ဖြူတဲ့ ပုဂ္ဂိုလ်တွေ ရှိရင်လည်း ဆီးဖြူသီးအဆီကို လိမ်းပေးမယ်ဆိုရင် အရင်အတိုင်း ဆံသားလေးတွေ ပြန်လည်မဲနက်လာမှာပါ။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top