iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ အသားအေရနဲ႔ ပတ္သက္လို႔ အၿမဲတမ္း ဂရုတစိုက္ထိန္းသိမ္းခ်င္တယ္။ ဒါေပမယ့္ ေစ်းႀကီးေပးရတဲ့ ဆိုင္ေတြ သြားဖို႔ အခ်ိန္မေပးႏိုင္သူေတြအတြက္ေတာ့ ဒီနည္းလမ္းေလးေတြက အသံုးဝင္မွာပါေနာ္။ လွပၿပီး ၾကည္လင္တဲ ့အသားအေရ ပိုင္ရွင္ေလးျဖစ္ဖို႔ အသားအေရ ထိန္းသိမ္းနည္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ဆားေရ

ေရေႏြးေႏြးေလးနဲ႔ ဆားနဲ႔ ေသခ်ာေလး ေဖ်ာ္လိုက္ ေမႊလိုက္ပါ။ ၿပီးရင္ တဘက္နဲ႔ ဆားေရကို စြတ္လိုက္ၿပီး မ်က္ႏွာေပၚမွာ အုပ္ေပးထားပါ။ ၁၀ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။

၂။ သြားတိုက္တံ

သြားတိုက္တံ (သို႔) သြားပြတ္တံနဲ႔ အုန္းဆီ (သို႔) သံလြင္ဆီ နည္းနည္းေရာလိုက္ၿပီး ႏွႈတ္ခမ္းကို ပြတ္တိုက္ေပးျခင္းျဖင့္ ႏႈတ္ခမ္းသား ႏူးညံ့ စိုေျပလာေစမွာျဖစ္ပါတယ္။

၃။ မိတ္ကပ္ကို အုန္းဆီ (သို႔) သံလြင္ဆီနဲ႔ဖ်က္မယ္

မိတ္ကပ္ဖ်က္တာ ကုန္သြားလို႔ စိတ္မညစ္ပါနဲ႔။ အုန္းဆီ (သို႔) သံလြင္ဆီကိုသံုးၿပီး မိတ္ကပ္ေတြကိုေသခ်ာဖ်က္လိုက္ပါ။ ၿပီးရင္ မ်က္ႏွာေသခ်ာေလး သစ္ေပးလိုက္ပါ။

၄။ ပ်ားရည္

မ်က္ႏွာမွာ ဝက္ၿခံေတြ ျဖစ္ေနလို႔ စိတ္မပူပါနဲ႔။ ပ်ားရည္ကို လိမ္းေပးထားၿပီး ၁၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္ ေရေအးေအးေလးနဲ႔ ေဆးခ်လိုက္ပါ။ ဝက္ၿခံကို ေလ်ာ့ပါး သက္သာေစမွာျဖစ္သလို အသားအေရကိုလည္း ၾကည္လင္လာေစပါတယ္။

၅။ အေမႊးေတြ မထူလာေစဖို႔

သင့္ခႏၶာကိုယ္က မလိုအပ္တဲ့ အေမႊးအမွ်င္ေတြ ထူမလာေစဖို႔အတြက္ မုန္႕ဖုတ္ဆိုဒါ (Baking Soda) လက္ဖက္ရည္ဇြန္း  ၁ ဇြန္း၊ ေကြကာအုတ္အၾကမ္းအမႈန္႕ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ေရ စားပြဲတင္ဇြန္း ၂ ဇြန္းေရာလို္က္ၿပီးလိမ္းေပးလိုက္ပါ။ ၿပီးရင္ ၅ မိနစ္ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ပါ။ အဲဒီေနာက္ Lotion လိမ္းေပးထားပါ။

၆။ မ်က္ကြင္းညိဳတာ သက္သာေစဖို႔

Baking Soda (မုန္႕ဖုတ္ဆိုဒါ) ဟာ မ်က္ကြင္းညိဳတာကို သက္သာေစပါတယ္။ မုန္႔ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရေႏြးနည္းနည္းနဲ႕ေရာၿပီး မ်က္ကြင္းေအာက္နားမွာလိမ္းေပးလိုက္ပါ။ ၿပီးရင္ ၁၀ မိနစ္ ၁၅ မိနစ္အထိထားၿပီး ေရေအးေအးနဲ ႔ေဆးခ်ေပးပါ။

၇။ မ်က္ေတာင္ေမႊးထူထူရဖို႔

အုန္းဆီ လက္ဖက္ရည္ဇြန္းတစ္ဝက္နဲ႔ ဗီတာမင္ E အဆီ နည္းနည္းေရာၿပီး မ်က္ေတာင္နားမွာ လိမ္းေပးလိုက္ပါ။ မ်က္ေတာင္ေမႊးကို ရွည္လာေစမွာျဖစ္ပါတယ္။

၈။ ညအိပ္ယာမဝင္ခင္

ညအိပ္ယာမဝင္ခင္ မ်က္ႏွာကို ေသခ်ာေလးသစ္ေပးလိုက္ပါ။ ၿပီးရင္ Night Cream လိမ္းေပးၿပီးအိပ္ယာဝင္ပါ။ ႏႈတ္ခမ္းကိုအဆီေလးတစ္မ်ိဳး ဆိုးေပးၿပီး အိပ္ယာဝင္ေပးပါ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

မင်္ဂလာပါနော်။ အသားအရေနဲ့ ပတ်သက်လို့ အမြဲတမ်း ဂရုတစိုက်ထိန်းသိမ်းချင်တယ်။ ဒါပေမယ့် ဈေးကြီးပေးရတဲ့ ဆိုင်တွေ သွားဖို့ အချိန်မပေးနိုင်သူတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါနော်။ လှပပြီး ကြည်လင်တဲ့အသားအရေ ပိုင်ရှင်လေးဖြစ်ဖို့ အသားအရေ ထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆားရေ

ရေနွေးနွေးလေးနဲ့ ဆားနဲ့ သေချာလေး ဖျော်လိုက် မွှေလိုက်ပါ။ ပြီးရင် တဘက်နဲ့ ဆားရေကို စွတ်လိုက်ပြီး မျက်နှာပေါ်မှာ အုပ်ပေးထားပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

၂။ သွားတိုက်တံ

သွားတိုက်တံ (သို့) သွားပွတ်တံနဲ့ အုန်းဆီ (သို့) သံလွင်ဆီ နည်းနည်းရောလိုက်ပြီး နှှုတ်ခမ်းကို ပွတ်တိုက်ပေးခြင်းဖြင့် နှုတ်ခမ်းသား နူးညံ့ စိုပြေလာစေမှာဖြစ်ပါတယ်။

၃။ မိတ်ကပ်ကို အုန်းဆီ (သို့) သံလွင်ဆီနဲ့ဖျက်မယ်

မိတ်ကပ်ဖျက်တာ ကုန်သွားလို့ စိတ်မညစ်ပါနဲ့။ အုန်းဆီ (သို့) သံလွင်ဆီကိုသုံးပြီး မိတ်ကပ်တွေကိုသေချာဖျက်လိုက်ပါ။ ပြီးရင် မျက်နှာသေချာလေး သစ်ပေးလိုက်ပါ။

၄။ ပျားရည်

မျက်နှာမှာ ဝက်ခြံတွေ ဖြစ်နေလို့ စိတ်မပူပါနဲ့။ ပျားရည်ကို လိမ်းပေးထားပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ဝက်ခြံကို လျော့ပါး သက်သာစေမှာဖြစ်သလို အသားအရေကိုလည်း ကြည်လင်လာစေပါတယ်။

၅။ အမွှေးတွေ မထူလာစေဖို့

သင့်ခန္ဓာကိုယ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေ ထူမလာစေဖို့အတွက် မုန့်ဖုတ်ဆိုဒါ (Baking Soda) လက်ဖက်ရည်ဇွန်း  ၁ ဇွန်း၊ ကွေကာအုတ်အကြမ်းအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းရောလိုက်ပြီးလိမ်းပေးလိုက်ပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ အဲဒီနောက် Lotion လိမ်းပေးထားပါ။

၆။ မျက်ကွင်းညိုတာ သက်သာစေဖို့

Baking Soda (မုန့်ဖုတ်ဆိုဒါ) ဟာ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးနည်းနည်းနဲ့ရောပြီး မျက်ကွင်းအောက်နားမှာလိမ်းပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်အထိထားပြီး ရေအေးအေးနဲ့ဆေးချပေးပါ။

၇။ မျက်တောင်မွှေးထူထူရဖို့

အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဗီတာမင် E အဆီ နည်းနည်းရောပြီး မျက်တောင်နားမှာ လိမ်းပေးလိုက်ပါ။ မျက်တောင်မွှေးကို ရှည်လာစေမှာဖြစ်ပါတယ်။

၈။ ညအိပ်ယာမဝင်ခင်

ညအိပ်ယာမဝင်ခင် မျက်နှာကို သေချာလေးသစ်ပေးလိုက်ပါ။ ပြီးရင် Night Cream လိမ်းပေးပြီးအိပ်ယာဝင်ပါ။ နှုတ်ခမ်းကိုအဆီလေးတစ်မျိုး ဆိုးပေးပြီး အိပ်ယာဝင်ပေးပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top