iMyanmarHouse.com - Best Property Website for Myanmar
×

အသားယူတာမ်ိဳး မဟုတ္ဘူးဆိုတာလည္း ကိုယ့္ရင္ထဲ အလိုလို သိေနတဲ့ အသားခ်င္းထိေတြ႔ မႈေလးေတြက သူ႔ရင္ထဲမွာရွိတဲ့ အခ်စ္ စိတ္ေတြရဲ႕ ေစစားမႈေၾကာင့္ ဆိုတာ ယံုလိုက္ပါ

အခ်စ္ဆိုတာ မျမင္ရဘူးေလ။ ဒီေတာ့ ရွိေနလား၊ မရွိေနလား မသဲကြဲဘူးေပါ့။ သူကိုယ့့္ကို ခ်စ္ေနလားဆိုတာ အေျဖတိတိက်က် ထုတ္ရခက္တဲ့ ေမးခြန္းတစ္ခုပါပဲ။ တစ္ခါတစ္ရံမွာ သူ႔မ်က္လံုး အၾကည့္ေတြက ကိုယ့္အတြက္ သိပ္ေႏြးေထြးေနသလိုလို၊ တစ္ခါတစ္ရံက်ေတာ့လည္း သူ႔စကားသံေတြက သိပ္ေအးစက္တာပါပဲ။ ခ်စ္ေနပါတယ္လို႔ ဝန္ခံထား၊ ခ်စ္လြန္းလို႔ လက္ထပ္ထားတဲ့ စံုတြဲေတြမွာေတာင္ အခ်စ္ေတြ ေပါ့သြားၿပီလားဆိုတဲ့ သံသယမ်ိဳး ခဏခဏ ဝင္တတ္တယ္ မဟုတ္လား။ ဒီေတာ့ အခ်စ္ေတြရွိေနေသးလား၊ ေပါ့ေနၿပီလား ေျခရာခံလို႔ရမယ့္ အျပဳအမူေလးေတြအေၾကာင္း Marry က ေျပာျပေပးမယ္ေလ။ သူ႔အခ်စ္ေတြကို ဘာသာျပန္ၾကည့္ၾက ရေအာင္။

ကိုယ့္အေပၚ အေကာင္းျမင္ေပးတယ္

ကိုယ့္ရဲ႕ ဆံပင္ေလးေတြက အစ လွေနတယ္လို႔ သူကထင္တယ္။ တစ္ခါတစ္ရံ ကိုယ္နဲ႔ လိုက္ဖက္တဲ့ ဝတ္စံုေတြဝတ္ထားမိရင္ သိပ္လွတာပဲ သူက အသိအမွတ္ျပဳေပးတယ္။ တစ္ခါတစ္ရံမွာ ကိုယ့္အေပၚ မခံခ်င္ေအာင္ စတာေနာက္တာေတြ ရွိေနႏိုင္ေပမယ့္ တကယ္ေတာ့ ကိုယ္နဲ႔ ပတ္သက္ရင္ သူကအေကာင္းျမင္ေနပါတယ္။ ကိုယ့္ရဲ႕ စိတ္ဓာတ္ေလးေတြ၊ လုပ္ရပ္ေလးေတြကိုလည္း ေကာင္းတယ္လို႔ သူကထင္ေနပါတယ္။ ကိုယ့္အေၾကာင္း မေကာင္းေျပာၾကရင္လည္း သူဘယ္လိုမွ လက္ခံေပးမွာ မဟုတ္ဘူး။ ဒီလိုဆိုရင္ေတာ့ သူ႔ရင္ထဲမွာ သင့္ကို တန္ဖိုးထား ခ်စ္ခင္ေနတာပါ။

အသားခ်င္း ထိထားတယ္

တစ္ခါတစ္ရံမွာ ေပြ႕ဖက္တယ္။ တစ္ခါတစ္ရံမွာ ကိုယ့္လက္ေလးကို ကိုင္ထားတယ္။ တစ္ခါတစ္ေလေတာ့ ကိုယ့္ပခံုးေလးေပၚ လက္တင္ထားတယ္။ တစ္ခါတစ္ရံက်ေတာ့ ကိုယ့္ဒူးေခါင္းေလးေပၚမွာ အမွတ္တမဲ့ သူ႔လက္ေလး ေရာက္ေနတယ္။ အသားယူတာမ်ိဳး မဟုတ္ဘူးဆိုတာလည္း ကိုယ့္ရင္ထဲ အလိုလို သိေနတဲ့ အသားခ်င္းထိေတြ႔ မႈေလးေတြက သူ႔ရင္ထဲမွာရွိတဲ့ အခ်စ္စိတ္ေတြရဲ႕ ေစစားမႈေၾကာင့္ ဆိုတာ ယံုလိုက္ပါ။

အခ်ိန္ၾကာၾကာ အတူရွိခ်င္တယ္

ကိုယ္နဲ႔ေတြ႔ေနရတာ၊ စကားေျပာေနရတာ၊ အေၾကာင္းျပခ်က္ ေရေရရာရာ မရွိဘဲ အခ်ိန္အတူျဖဳန္းေနရတာေတြကို သူ႕ဘက္က ႏွစ္သက္ေနတယ္ ဆိုတာ ဘာျဖစ္ျဖစ္ သူ႕အနားမွာ ကိုယ္ရွိေနရံုနဲ႔ သူ႕ဘဝႀကီးကို သူ ေက်နပ္ေနတယ္ဆိုတဲ့ အဓိပၸါယ္ပါပဲေနာ္။

ကိုယ့္အတြက္ သတိတရရွိေနတယ္

ကိုယ့္အတြက္ လိုအပ္မယ့္ အရာေလးေတြ၊ ႀကိဳက္တတ္တဲ့ မုန္႔ေလးေတြကို ဝယ္လာေပးဖို႔ သတိတရ ရွိေနတယ္။ ေကာ္ဖီေဖ်ာ္ေပးဖို႔၊ အစားစားတဲ့အခါ ကိုယ့္ကို အရင္ခြံ႕ေကၽြးလိုက္ဖို႔၊ ကိုယ့္လက္ကိုင္အိတ္ကို ကူလြယ္ေပးဖို႔၊ ကိုယ္လိုအပ္တဲ့ တစ္စံုတစ္ခုကို ေျပးဝယ္ေပးဖို႔ သူတကယ္ပဲ လိုလားတယ္ ဆိုရင္ သူခ်စ္ေနတာ (၅၀) ရာခိုင္ႏႈန္းေက်ာ္ ေသခ်ာေနပါၿပီလို႔ ေျပာပါရေစေနာ္။

လက္ေဆာင္ေပးတယ္

ကိုယ္ခ်စ္တဲ့သူကို အမွတ္တရ ျဖစ္ေစဖို႔၊ ေပ်ာ္ရႊင္ေစဖို႔ လက္ေဆာင္ေလးေတြ ေပးေနခ်င္တာ သဘာဝပါေနာ္။ ေမြးေန႔ေလးေတြတိုင္း၊ ႏွစ္ပတ္လည္ေန႔ေတြတိုင္းမွာ လက္ေဆာင္ေတြအတြက္ ေသခ်ာစဥ္းစားတယ္။ တစ္ခါတစ္ရံ ဘာအေၾကာင္းမွ မရွိဘဲေတာင္ ကိုယ့္အတြက္ဆိုၿပီး တစ္စံုတစ္ခု လက္ေဆာင္ေပးေလ့ရွိတယ္ ဆိုရင္ သူ႔အခ်စ္ေတြကို ဘယ္လိုမွ သံသယ ျဖစ္စရာမလိုေတာ့ပါဘူးေနာ္။

Marry ကေတာ့ အခ်စ္စိတ္ေၾကာင့္ ျပဳတတ္တဲ့ အျပဳအမူေတြအေၾကာင္း ေျပာျပၿပီးၿပီေနာ္။ FA ေတြက ကိုယ့္ရဲ႕ Crush ေလးက ကိုယ့္အေပၚမွာ ဒီအျပဳအမူေတြရွိလား စမ္းစစ္ၾကည့္ေနာ္။RS ေတြကေတာ့ ဒီအျပဳအမူေလးေတြကို ေျပာစရာမလိုေလာက္ေအာင္ ခံစားဖူးမွာပါပဲ။ အခုေရာ ဒီအျပဳအမူေလးေတြရွိေသးလား၊ ေလ်ာ့ကုန္ၿပီလား ဆိုတာ စမ္းသပ္ၾကည့္ပါေနာ္။

Credit : Marry with
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားယူတာမျိုး မဟုတ်ဘူးဆိုတာလည်း ကိုယ့်ရင်ထဲ အလိုလို သိနေတဲ့ အသားချင်းထိတွေ့ မှုလေးတွေက သူ့ရင်ထဲမှာရှိတဲ့ အချစ် စိတ်တွေရဲ့ စေစားမှုကြောင့် ဆိုတာ ယုံလိုက်ပါ

အချစ်ဆိုတာ မမြင်ရဘူးလေ။ ဒီတော့ ရှိနေလား၊ မရှိနေလား မသဲကွဲဘူးပေါ့။ သူကိုယ့်ကို ချစ်နေလားဆိုတာ အဖြေတိတိကျကျ ထုတ်ရခက်တဲ့ မေးခွန်းတစ်ခုပါပဲ။ တစ်ခါတစ်ရံမှာ သူ့မျက်လုံး အကြည့်တွေက ကိုယ့်အတွက် သိပ်နွေးထွေးနေသလိုလို၊ တစ်ခါတစ်ရံကျတော့လည်း သူ့စကားသံတွေက သိပ်အေးစက်တာပါပဲ။ ချစ်နေပါတယ်လို့ ဝန်ခံထား၊ ချစ်လွန်းလို့ လက်ထပ်ထားတဲ့ စုံတွဲတွေမှာတောင် အချစ်တွေ ပေါ့သွားပြီလားဆိုတဲ့ သံသယမျိုး ခဏခဏ ဝင်တတ်တယ် မဟုတ်လား။ ဒီတော့ အချစ်တွေရှိနေသေးလား၊ ပေါ့နေပြီလား ခြေရာခံလို့ရမယ့် အပြုအမူလေးတွေအကြောင်း Marry က ပြောပြပေးမယ်လေ။ သူ့အချစ်တွေကို ဘာသာပြန်ကြည့်ကြ ရအောင်။

ကိုယ့်အပေါ် အကောင်းမြင်ပေးတယ်

ကိုယ့်ရဲ့ ဆံပင်လေးတွေက အစ လှနေတယ်လို့ သူကထင်တယ်။ တစ်ခါတစ်ရံ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေဝတ်ထားမိရင် သိပ်လှတာပဲ သူက အသိအမှတ်ပြုပေးတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်အပေါ် မခံချင်အောင် စတာနောက်တာတွေ ရှိနေနိုင်ပေမယ့် တကယ်တော့ ကိုယ်နဲ့ ပတ်သက်ရင် သူကအကောင်းမြင်နေပါတယ်။ ကိုယ့်ရဲ့ စိတ်ဓာတ်လေးတွေ၊ လုပ်ရပ်လေးတွေကိုလည်း ကောင်းတယ်လို့ သူကထင်နေပါတယ်။ ကိုယ့်အကြောင်း မကောင်းပြောကြရင်လည်း သူဘယ်လိုမှ လက်ခံပေးမှာ မဟုတ်ဘူး။ ဒီလိုဆိုရင်တော့ သူ့ရင်ထဲမှာ သင့်ကို တန်ဖိုးထား ချစ်ခင်နေတာပါ။

အသားချင်း ထိထားတယ်

တစ်ခါတစ်ရံမှာ ပွေ့ဖက်တယ်။ တစ်ခါတစ်ရံမှာ ကိုယ့်လက်လေးကို ကိုင်ထားတယ်။ တစ်ခါတစ်လေတော့ ကိုယ့်ပခုံးလေးပေါ် လက်တင်ထားတယ်။ တစ်ခါတစ်ရံကျတော့ ကိုယ့်ဒူးခေါင်းလေးပေါ်မှာ အမှတ်တမဲ့ သူ့လက်လေး ရောက်နေတယ်။ အသားယူတာမျိုး မဟုတ်ဘူးဆိုတာလည်း ကိုယ့်ရင်ထဲ အလိုလို သိနေတဲ့ အသားချင်းထိတွေ့ မှုလေးတွေက သူ့ရင်ထဲမှာရှိတဲ့ အချစ်စိတ်တွေရဲ့ စေစားမှုကြောင့် ဆိုတာ ယုံလိုက်ပါ။

အချိန်ကြာကြာ အတူရှိချင်တယ်

ကိုယ်နဲ့တွေ့နေရတာ၊ စကားပြောနေရတာ၊ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ အချိန်အတူဖြုန်းနေရတာတွေကို သူ့ဘက်က နှစ်သက်နေတယ် ဆိုတာ ဘာဖြစ်ဖြစ် သူ့အနားမှာ ကိုယ်ရှိနေရုံနဲ့ သူ့ဘဝကြီးကို သူ ကျေနပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲနော်။

ကိုယ့်အတွက် သတိတရရှိနေတယ်

ကိုယ့်အတွက် လိုအပ်မယ့် အရာလေးတွေ၊ ကြိုက်တတ်တဲ့ မုန့်လေးတွေကို ဝယ်လာပေးဖို့ သတိတရ ရှိနေတယ်။ ကော်ဖီဖျော်ပေးဖို့၊ အစားစားတဲ့အခါ ကိုယ့်ကို အရင်ခွံ့ကျွေးလိုက်ဖို့၊ ကိုယ့်လက်ကိုင်အိတ်ကို ကူလွယ်ပေးဖို့၊ ကိုယ်လိုအပ်တဲ့ တစ်စုံတစ်ခုကို ပြေးဝယ်ပေးဖို့ သူတကယ်ပဲ လိုလားတယ် ဆိုရင် သူချစ်နေတာ (၅၀) ရာခိုင်နှုန်းကျော် သေချာနေပါပြီလို့ ပြောပါရစေနော်။

လက်ဆောင်ပေးတယ်

ကိုယ်ချစ်တဲ့သူကို အမှတ်တရ ဖြစ်စေဖို့၊ ပျော်ရွှင်စေဖို့ လက်ဆောင်လေးတွေ ပေးနေချင်တာ သဘာဝပါနော်။ မွေးနေ့လေးတွေတိုင်း၊ နှစ်ပတ်လည်နေ့တွေတိုင်းမှာ လက်ဆောင်တွေအတွက် သေချာစဉ်းစားတယ်။ တစ်ခါတစ်ရံ ဘာအကြောင်းမှ မရှိဘဲတောင် ကိုယ့်အတွက်ဆိုပြီး တစ်စုံတစ်ခု လက်ဆောင်ပေးလေ့ရှိတယ် ဆိုရင် သူ့အချစ်တွေကို ဘယ်လိုမှ သံသယ ဖြစ်စရာမလိုတော့ပါဘူးနော်။

Marry ကတော့ အချစ်စိတ်ကြောင့် ပြုတတ်တဲ့ အပြုအမူတွေအကြောင်း ပြောပြပြီးပြီနော်။ FA တွေက ကိုယ့်ရဲ့ Crush လေးက ကိုယ့်အပေါ်မှာ ဒီအပြုအမူတွေရှိလား စမ်းစစ်ကြည့်နော်။RS တွေကတော့ ဒီအပြုအမူလေးတွေကို ပြောစရာမလိုလောက်အောင် ခံစားဖူးမှာပါပဲ။ အခုရော ဒီအပြုအမူလေးတွေရှိသေးလား၊ လျော့ကုန်ပြီလား ဆိုတာ စမ်းသပ်ကြည့်ပါနော်။

Credit : Marry with

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top