iMyanmarHouse.com - Best Property Website for Myanmar
×








Credit : Hot News

ပရိတ်သတ်တို့ရေ … မကြာခင်မှာ ရောက်လာတော့မယ့် ချစ်သူများနေ့အတွက် ပြင်ဆင်ထားကြသူတွေ ရှိနေကြပြီလား …

Vday ကို တစ်ကမ္ဘာလုံးမှာ ပါဝင်ဆင်နွဲကြတဲ့ထဲ မြန်မာနိုင်ငံမှာလည်း ချစ်သူစုံတွဲတွေက အမှတ်တရအဖြစ်ပါဝင်ဆင်နွှဲလေ့ရှိတာမို့ ခုချိန်ထဲက စိတ်လှုပ်ရှားစွာနဲ့ လက်ဆောင်တွေပြင်ဆင် ဝတ်မယ့်အကျီင်္တွေ ပြင်ဆင်နဲ့ စတင်အလုပ်တွေ ရှုပ်နေကြပါပြီ ။ အနုပညာရှင်တွေထဲမှာလည်း ချစ်သူများနေ့ကို ကိုယ့်ချစ်သူနဲ့ အမှတ်တရလေးတွေလုပ်ပြီးဆင်နွှဲမယ့်သူတွေလည်း ရှိနေပါတယ် ။

အချို့ကတော့ ခုချိန်ကတည်းက စတင်ပြီး Vday လက်ဆောင်တွေလဲ ပေးနေကြပြီဖြစ်တာမို့ သူတို့ရဲ့ ဝမ်းသာကြည်နူးမှုတွေကို လူမှုကွန်ယက်မှာ ပရိတ်သတ်တွေအတွက် မျှဝေပေးခဲ့ကြပါတယ် ။ အားကျစရာပျော်စရာကြီးပါပဲ ။ နောက်ထပ် VDay အကြိုလက်ဆောင်ရရှိသူတစ်ဦးလည်းရှိနေပါသေးတယ် ။

သူမကတော့ မင်းသမီး ခင်ဇာခြည်ကျော်ပါ ။ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ Vday မရောက်ခင်မှာပဲ ချစ်သူဆီက လက်ဆောင်အကြိုရရှိခဲ့ပါတယ် ။

လက်ဆောင်လေးကတော့ Apple Company ရဲ့ နောက်ဆုံးထွက် IphoneX လေးပါတဲ့ ။

ဖုန်းဆိုတာမျိုးက အသုံးအလွန်တည့်ပြီး ကိုယ်နဲ့ မကွာဆောင်ယူတတ်တာမျိုး ဖြစ်တဲ့အတွက် ချစ်သူပေးတဲ့လက်ဆောင်ကတော့ မင်းသမီးအနားမှာအမြဲရှိနေတော့မှာပဲမို့ လက်ဆောင်ပေးတဲ့ Idea လေးကတော့ တကယ့်ကိုကောင်းတယ်လို့ ဆိုရမှာပါ ။

မင်းသမီးကတော့ ချစ်စရာ သမီးလေးနဲ့ သားလေး နှစ်ယောက်ရှိပြီး သားသမီးတွေကလည်း သူမနဲ့ ချစ်သူတို့ရဲ့ အချစ်ရေးကို နားလည်ပေးတယ်လို့လည်း ယခင် အင်တာဗျူးများမှာဖြေဆိုဖူးတာပဲဖြစ်ပါတယ် ။

Credit : Hot News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top