iMyanmarHouse.com - Best Property Website for Myanmar
×

ေဖ့စ္ဘုတ္ေပၚမွာ သူမ်ားေတြက ခ်စ္သူေပးတဲ့လက္ေဆာင္ေတြကို ဓာတ္ပံု႐ိုက္ၿပီး တင္ေနတာျမင္ၿပီး ဝမ္းနည္းသလို အထီးက်န္သလို ခံစားမိၾကဖူးလား။ ခ်စ္သူမရွိတဲ့ မဒီေလးေတြေရာ ၊ ခ်စ္သူက အေဝးမွာမုိ႔လုိ႔ ဝမ္းနည္းမိတဲ့ မဒီေလးတို႔ကိုေရာ ခ်စ္သူမ်ားေန႔ေရာက္ရင္ အားငယ္မိတဲ့ ခံစားခ်က္ေတြ ဝင္မေနပါနဲ႔။ ခ်စ္သူမ်ားေန႔မွာ ခ်စ္သူမရွိတာ ပိုေတာင္ေကာင္းေသးတယ္။

၁။ အလုပ္မပ်က္ဘူး

႐ံုးဖြင့္ရက္၊ ေက်ာင္းဖြင့္ရက္ႀကီးဆုိေတာ့ ခ်စ္သူနဲ႔ ေလွ်ာက္လည္ခ်င္ရင္ ေက်ာင္းပ်က္၊ အလုပ္ပ်က္ေတာ့မွာ။ ဒီေန႔မွကြက္ၿပီး အလုပ္ပ်က္ရင္ ကိုယ့္အထက္လူႀကီးကလည္း ၿငိဳျငင္မယ္။ အလုပ္လည္းပ်က္တယ္။

၂။ ေငြကုန္သက္သာတယ္

ခ်စ္သူကို လက္ေဆာင္ေပးရင္လည္း ပိုက္ဆံကထြက္ဦးမယ္။ ေလွ်ာက္လည္ရင္လည္း ကုန္ဦးမယ္။ အဲ့ဒီပိုက္ဆံေတြကို တျခားမွာသံုးလို႔ရတာေပါ့။ ဒီၾကားထဲ ခ်စ္သူမ်ားေန႔မွ ေစ်းတင္႐ိုက္တဲ့ ဂ်င္းဆုိင္ေတြရဲ႕ ဂ်င္းပစၥည္းေတြလည္း ရွိေသးတာ။ ကိုယ္က အဲ့လိုဂ်င္းေတြ မမိေတာ့ဘူးေလ။ ေအးေဆးပဲ။

၃။ အလုပ္မ႐ႈပ္ဘူး

ခ်စ္သူနဲ႔ေတြ႕ဖုိ႔ ခ်ိန္းထားလို႔ ျပင္ရ ဆင္ရတာေတြ၊ အဝတ္အစားသစ္ေတြ၊ မိတ္ကပ္ဖုိးေတြ မကုန္ေတာ့ဘူး။ သူက ဘုရားသြားဖုိ႔ေျပာ ၊ ကိုယ္ကလည္း ရာသီဥတုပူလုိ႔ အရွည္မဝတ္ခ်င္ .... အဲ့လိုမ်ိဳးအျဖစ္ေတြ ျဖစ္လာစရာမရွိေတာ့ဘူးေလ။ ကိုယ္ႀကိဳက္လုိ႔ ကိုယ္လုပ္တာပဲရွိမွာ။ သူ႔အႀကိဳက္လိုက္လုပ္စရာကို မလုိေတာ့တာ။

၄။ အမွတ္ေကာင္းရတယ္

သူမ်ားေတြက ခ်စ္သူမ်ားေန႔ ေလွ်ာက္သြားၾကခ်ိန္ ကိုယ္ကေတာ့ ပံုမွန္ပဲ။ ရံုးလည္းမပ်က္ဘူး။ ေက်ာင္းသူဆိုလည္း အတန္းမပ်က္ဘူး အိမ္ကိုပံုမွန္ခ်ိန္အတုိင္း ျပန္ေရာက္လာတယ္။ အဲ့ဒီက်ေတာ့ လူႀကီးေတြက သေဘာက်မွာ ေသခ်ာတယ္ေလ။ ကိုယ့္ဘာသာကိုယ္ ေနရင္းထုိင္ရင္းကို အမွတ္ေကာင္းရေနတာ။

၅။ Anti-Valentine's Day

ဒီလိုပြဲေတြရွိရင္ သြားပလိုက္ေတာ့။ အားေပးတယ္။ ခ်စ္သူရည္းစားမရွိတဲ့ single ေတြခ်ည္း စုၿပီး ႏႊဲၾကတဲ့ ပြဲေတြမွာ သူငယ္ခ်င္းအသစ္ေတြလည္း ရဦးမယ္။ အားငယ္သလို အထီးက်န္သလိုျဖစ္ေနတာလည္း ေပ်ာက္သြားမယ္။ အခန္႔သင့္ရင္ ကိုယ့္လက္တြဲေဖာ္ျဖစ္လာႏုိင္သူကိုလည္း ေတြ႔ခ်င္ေတြ႔ဦးမွာ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဖေ့စ်ဘုတ်ပေါ်မှာ သူများတွေက ချစ်သူပေးတဲ့လက်ဆောင်တွေကို ဓာတ်ပုံရိုက်ပြီး တင်နေတာမြင်ပြီး ဝမ်းနည်းသလို အထီးကျန်သလို ခံစားမိကြဖူးလား။ ချစ်သူမရှိတဲ့ မဒီလေးတွေရော ၊ ချစ်သူက အဝေးမှာမို့လို့ ဝမ်းနည်းမိတဲ့ မဒီလေးတို့ကိုရော ချစ်သူများနေ့ရောက်ရင် အားငယ်မိတဲ့ ခံစားချက်တွေ ဝင်မနေပါနဲ့။ ချစ်သူများနေ့မှာ ချစ်သူမရှိတာ ပိုတောင်ကောင်းသေးတယ်။

၁။ အလုပ်မပျက်ဘူး

ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်ကြီးဆိုတော့ ချစ်သူနဲ့ လျှောက်လည်ချင်ရင် ကျောင်းပျက်၊ အလုပ်ပျက်တော့မှာ။ ဒီနေ့မှကွက်ပြီး အလုပ်ပျက်ရင် ကိုယ့်အထက်လူကြီးကလည်း ငြိုငြင်မယ်။ အလုပ်လည်းပျက်တယ်။

၂။ ငွေကုန်သက်သာတယ်

ချစ်သူကို လက်ဆောင်ပေးရင်လည်း ပိုက်ဆံကထွက်ဦးမယ်။ လျှောက်လည်ရင်လည်း ကုန်ဦးမယ်။ အဲ့ဒီပိုက်ဆံတွေကို တခြားမှာသုံးလို့ရတာပေါ့။ ဒီကြားထဲ ချစ်သူများနေ့မှ ဈေးတင်ရိုက်တဲ့ ဂျင်းဆိုင်တွေရဲ့ ဂျင်းပစ္စည်းတွေလည်း ရှိသေးတာ။ ကိုယ်က အဲ့လိုဂျင်းတွေ မမိတော့ဘူးလေ။ အေးဆေးပဲ။

၃။ အလုပ်မရှုပ်ဘူး

ချစ်သူနဲ့တွေ့ဖို့ ချိန်းထားလို့ ပြင်ရ ဆင်ရတာတွေ၊ အဝတ်အစားသစ်တွေ၊ မိတ်ကပ်ဖိုးတွေ မကုန်တော့ဘူး။ သူက ဘုရားသွားဖို့ပြော ၊ ကိုယ်ကလည်း ရာသီဥတုပူလို့ အရှည်မဝတ်ချင် .... အဲ့လိုမျိုးအဖြစ်တွေ ဖြစ်လာစရာမရှိတော့ဘူးလေ။ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာပဲရှိမှာ။ သူ့အကြိုက်လိုက်လုပ်စရာကို မလိုတော့တာ။

၄။ အမှတ်ကောင်းရတယ်

သူများတွေက ချစ်သူများနေ့ လျှောက်သွားကြချိန် ကိုယ်ကတော့ ပုံမှန်ပဲ။ ရုံးလည်းမပျက်ဘူး။ ကျောင်းသူဆိုလည်း အတန်းမပျက်ဘူး အိမ်ကိုပုံမှန်ချိန်အတိုင်း ပြန်ရောက်လာတယ်။ အဲ့ဒီကျတော့ လူကြီးတွေက သဘောကျမှာ သေချာတယ်လေ။ ကိုယ့်ဘာသာကိုယ် နေရင်းထိုင်ရင်းကို အမှတ်ကောင်းရနေတာ။

၅။ Anti-Valentine's Day

ဒီလိုပွဲတွေရှိရင် သွားပလိုက်တော့။ အားပေးတယ်။ ချစ်သူရည်းစားမရှိတဲ့ single တွေချည်း စုပြီး နွှဲကြတဲ့ ပွဲတွေမှာ သူငယ်ချင်းအသစ်တွေလည်း ရဦးမယ်။ အားငယ်သလို အထီးကျန်သလိုဖြစ်နေတာလည်း ပျောက်သွားမယ်။ အခန့်သင့်ရင် ကိုယ့်လက်တွဲဖော်ဖြစ်လာနိုင်သူကိုလည်း တွေ့ချင်တွေ့ဦးမှာ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top