iMyanmarHouse.com - Best Property Website for Myanmar
×

အဝတ္အစား သစ္ မဝယ္ခင္မွာ စဥ္းစားသင့္တာေတြ ရွိပါတယ္။ဒီ အဝတ္အစား ကို ငါဝယ္သင့္ရဲ႕လားဆိုတဲ့ အေတြး နဲ႔ ပတ္သတ္ၿပီး လူတိုင္းလိုလို ေတြးဖူးၾကမွာ ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ေန႔စဥ္ ဘဝ မွာ အဝတ္အစား အသစ္ ဝယ္ဖို႔ စဥ္းစားရတာလည္း အေရးပါတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ပါတယ္။
အဝတ္အစား သစ္ ဝယ္မဝတ္ခင္ ဒီအခ်က္ (၆) ခ်က္ကို အရင္စဥ္းစားၾကည့္လုိက္ပါ။

၁။ လူတိုင္း ဝတ္ေနၾကတဲ့ ဒီဇိုင္း လား

လူတိုင္း ဝယ္ေနၾကတဲ့ ဒီဇိုင္း ဆိုရင္လည္း ျပန္စဥ္းစားၾကည့္ဖို႔ လိုပါတယ္။ အားလံုး ဒါမ်ိဳးပဲ ဝတ္ေနၾကတဲ့အတြက္ သင္ဝတ္လိုက္လို႔ သိပ္ထူးျခားသြားမွာမဟုတ္ပါဘူး။ လူဝတ္နည္းတဲ့ ဒီဇိုင္း မ်ိဳးကိုသာ ရွာပါ။

၂။ ကိုယ့္မွာရွိတာေတြနဲ႔ လိုက္ဖက္ ရဲ႕လား

ကိုယ့္္မွာရွိၿပီးသား ျဖစ္တဲ့ အဝတ္  ေတြနဲ႔ လိုက္ပါ့မလားဆိုတာလည္း စဥ္းစားၾကည့္ပါ။ အက်ႌဝ ယ္မယ္ဆိုရင္ ရွိၿပီးသား ေဘာင္းဘီ အေရာင္ ၊ ေဘာင္းဘီ ဝယ္မယ္ဆိုရင္ ရွိၿပီး အက်ႌ အေရာင္ နဲ႔ တြဲဖက္စဥ္းစားၾကည့္ပါ။

၃။ ခႏၶာကိုယ္ အခ်ိဳးအစား နဲ႔ လိုုက္ရဲ႕လား

ခႏၶာကိုယ္ အခ်ိဳးအစား ကိုလည္း ထည့္မတြက္လို႔ မရပါဘူး။ သင့္ ခႏၶာကိုယ္ပါ အနည္းငယ္ျပည့္ျပည့္ၿဖိဳးၿဖိဳးဆိုရင္ အနက္ေရာင္ အဝတ္အစား ေတြက ပိုသင့္ေတာ္ပါတယ္။ ပခံုး က်ယ္တယ္ဆိုရင္ ထိပ္ပိုင္းမွာ ႀကိဳးေတြ ႐ႈပ္ေထြးေနမယ့္ အဝတ္အစားမ်ိဳး ေရွာင္ပါ။ ဝတဲ့သူေတြကေတာ့ အစင္းက်ား အဝတ္ေတြကို ေရွာင္ပါ။

၄။ ေတာ္ရဲ႕လား

ဒါအေရးအႀကီးဆံုးပါပဲ။ စမ္းဝတ္ၾကည့္လို႔ မရတဲ့ အရာဆိုရင္ ဝယ္ဖို႔မစဥ္းစား သင့္ပါဘူး။ ဝယ္လာၿပီးမွ ပြေနတာ၊ ေသးေနတာ ျဖစ္ေနရင္ အလကား ပါပဲ။

၅။ ေစ်းသက္သာရဲ႕လား

ဒါလည္း အေရးႀကီးပါတယ္။ ဘယ္အရာမဆို မတန္တဆ ျဖစ္ရင္ မေကာင္းပါဘူး။ ဝယ္လိုက္တဲ့ ပစၥည္း က ေစ်းမမ်ားဖို႔ လိုပါတယ္။ မဝယ္ခင္မွာ အရင္ဆံုး ဒီ ပစၥည္း ရွိတဲ့ေနရာအနည္းဆံုး သံုးေနရာေလာက္ကို ေလ့လာပါ။

၆။ ဘယ္ေလာက္ၾကာၾကာ ဝတ္လို႔ရမလဲ

ဘယ္ေလာက္ၾကာၾကာ ဝတ္လို႔ရမလဲဆိုတာလည္း စဥ္းစားၾကည့္ပါ။ ဆိုလိုတာက အေရာင္ေတာက္ေတာက္နဲ႔ မွတ္မိလြယ္တဲ့ အဝတ္အစားဆိုရင္ သင္တပတ္ကို ႏွစ္ခါေလာက္ ျပန္ဝတ္လို႔ မသင့္ေတာ္ပါဘူး။ ဒါလည္း ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ပါ။
Source : Life

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဝတ်အစား သစ် မဝယ်ခင်မှာ စဉ်းစားသင့်တာတွေ ရှိပါတယ်။ဒီ အဝတ်အစား ကို ငါဝယ်သင့်ရဲ့လားဆိုတဲ့ အတွေး နဲ့ ပတ်သတ်ပြီး လူတိုင်းလိုလို တွေးဖူးကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နေ့စဉ် ဘဝ မှာ အဝတ်အစား အသစ် ဝယ်ဖို့ စဉ်းစားရတာလည်း အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အဝတ်အစား သစ် ဝယ်မဝတ်ခင် ဒီအချက် (၆) ချက်ကို အရင်စဉ်းစားကြည့်လိုက်ပါ။

၁။ လူတိုင်း ဝတ်နေကြတဲ့ ဒီဇိုင်း လား

လူတိုင်း ဝယ်နေကြတဲ့ ဒီဇိုင်း ဆိုရင်လည်း ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ အားလုံး ဒါမျိုးပဲ ဝတ်နေကြတဲ့အတွက် သင်ဝတ်လိုက်လို့ သိပ်ထူးခြားသွားမှာမဟုတ်ပါဘူး။ လူဝတ်နည်းတဲ့ ဒီဇိုင်း မျိုးကိုသာ ရှာပါ။

၂။ ကိုယ့်မှာရှိတာတွေနဲ့ လိုက်ဖက် ရဲ့လား

ကိုယ့်မှာရှိပြီးသား ဖြစ်တဲ့ အဝတ်  တွေနဲ့ လိုက်ပါ့မလားဆိုတာလည်း စဉ်းစားကြည့်ပါ။ အကျႌဝ ယ်မယ်ဆိုရင် ရှိပြီးသား ဘောင်းဘီ အရောင် ၊ ဘောင်းဘီ ဝယ်မယ်ဆိုရင် ရှိပြီး အကျႌ အရောင် နဲ့ တွဲဖက်စဉ်းစားကြည့်ပါ။

၃။ ခန္ဓာကိုယ် အချိုးအစား နဲ့ လိုုက်ရဲ့လား

ခန္ဓာကိုယ် အချိုးအစား ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ သင့် ခန္ဓာကိုယ်ပါ အနည်းငယ်ပြည့်ပြည့်ဖြိုးဖြိုးဆိုရင် အနက်ရောင် အဝတ်အစား တွေက ပိုသင့်တော်ပါတယ်။ ပခုံး ကျယ်တယ်ဆိုရင် ထိပ်ပိုင်းမှာ ကြိုးတွေ ရှုပ်ထွေးနေမယ့် အဝတ်အစားမျိုး ရှောင်ပါ။ ဝတဲ့သူတွေကတော့ အစင်းကျား အဝတ်တွေကို ရှောင်ပါ။

၄။ တော်ရဲ့လား

ဒါအရေးအကြီးဆုံးပါပဲ။ စမ်းဝတ်ကြည့်လို့ မရတဲ့ အရာဆိုရင် ဝယ်ဖို့မစဉ်းစား သင့်ပါဘူး။ ဝယ်လာပြီးမှ ပွနေတာ၊ သေးနေတာ ဖြစ်နေရင် အလကား ပါပဲ။

၅။ ဈေးသက်သာရဲ့လား

ဒါလည်း အရေးကြီးပါတယ်။ ဘယ်အရာမဆို မတန်တဆ ဖြစ်ရင် မကောင်းပါဘူး။ ဝယ်လိုက်တဲ့ ပစ္စည်း က ဈေးမများဖို့ လိုပါတယ်။ မဝယ်ခင်မှာ အရင်ဆုံး ဒီ ပစ္စည်း ရှိတဲ့နေရာအနည်းဆုံး သုံးနေရာလောက်ကို လေ့လာပါ။

၆။ ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲ

ဘယ်လောက်ကြာကြာ ဝတ်လို့ရမလဲဆိုတာလည်း စဉ်းစားကြည့်ပါ။ ဆိုလိုတာက အရောင်တောက်တောက်နဲ့ မှတ်မိလွယ်တဲ့ အဝတ်အစားဆိုရင် သင်တပတ်ကို နှစ်ခါလောက် ပြန်ဝတ်လို့ မသင့်တော်ပါဘူး။ ဒါလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။
Source : Life

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top