iMyanmarHouse.com - Best Property Website for Myanmar
×

ကန္စြန္းရြက္ သည္ က်န္းမာေရး အတြက္ အေထာက္အကူ ျဖစ္ေစ႐ံု သာမက အသားအေရ ကုိ လွပ သန္႔ရွင္း ေစလုိသည့္ ပ်ိဳေမတို႔ အတြက္ အေကာင္းဆံုး အေဖာ္မြန္ ျဖစ္ပါသည္။

၀က္ၿခံ ၊ တင္းတိပ္ ၊ အမည္းစက္ မ်ားႏွင့္ မ်က္ႏွာ အသားအေရ အေရာင္မညီ ျဖစ္ျခင္းမ်ား အတြက္ စိတ္မပ်က္ ပါႏွင့္။ ကန္စြန္းရြက္ကုိ ႀကိတ္ၿပီး ယင္း အရည္ တစ္မ်ိဳးတည္း လိမ္းေပးျခင္းျဖင့္ သက္သာ လာေစႏုိင္သည္။ ကန္စြန္းရြက္ သတၱဳရည္ စားပဲြတင္ဇြန္း ၄ ဇြန္းကုိ ပ်ားရည္ တစ္ဇြန္းႏွင့္ သမေအာင္ ေမႊကာ ခႏၶာကုိယ္ကုိ ေန႔ည ပံုမွန္ လိမ္းေပးျခင္းျဖင့္ လည္း အသားအေရ ကုိ ၀င္းလက္ စိုေျပလာ ေစႏုိင္သည္။

ဆံပင္ မသန္၍ စိတ္ညစ္ေန သူမ်ား အတြက္ ကန္စြန္းရြက္ အရည္ကုိ ညႇစ္ၿပီး ဦးေရျပားထဲ စိမ့္၀င္ေအာင္ ႏွိပ္နယ္ ေပးျခင္းျဖင့္ ဆံေကသာကုိ အရွည္ျမန္ ေစမွာ ျဖစ္သည့္အျပင္ ေဗာက္ မ်ားကုိလည္း ကင္းစင္ ေစပါသည္။ မီးဟပ္ျခင္း ႏွင့္ မီးေလာင္ ဒဏ္ရာမ်ား အတြက္ ကန္စြန္းရြက္ အရည္ကုိ သၾကား ႏွင့္ ေရာစပ္ကာ လိမ္းေပးျခင္း ျဖင့္ အပူေလာင္ျခင္း ကုိ သက္သာေစကာ အမာရြတ္ မက်န္ ေပ်ာက္ကင္း ေစႏုိင္သည္။

ယေန႔ ကမၻာတြင္ က်န္းမာေရး အျမင္ရွိသူ တုိင္းသည္ သစ္သီး၀လံ ႏွင့္ ဟင္းသီးဟင္းရြက္ မ်ားက က်န္းမာေရး အေထာက္ အကူျပဳ အာဟာရ အစားအစာ မ်ားအျဖစ္ အေရးပါပံု ကုိ သိျမင္ လက္ခံ လာၾကၿပီ ျဖစ္သည္။ ယင္းေၾကာင့္ မိမိတို႔ ပတ္၀န္းက်င္ တြင္ ေငြကုန္ သက္သာကာ အလြယ္တကူ ရရွိႏုိင္ၿပီး က်န္းမာေရး ကုိ အေထာက္အကူ ျဖစ္ေစမည့္ ကန္စြန္းရြက္ကုိ စားသံုး ေပးၾကပါရန္ တုိက္တြန္း ေရးသား လုိက္ရပါသည္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကန်စွန်းရွက် သည် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေရုံ သာမက အသားအရေ ကို လှပ သန့်ရှင်း စေလိုသည့် ပျိုမေတို့ အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်ပါသည်။

ဝက်ခြံ ၊ တင်းတိပ် ၊ အမည်းစက် များနှင့် မျက်နှာ အသားအရေ အရောင်မညီ ဖြစ်ခြင်းများ အတွက် စိတ်မပျက် ပါနှင့်။ ကန်စွန်းရွက်ကို ကြိတ်ပြီး ယင်း အရည် တစ်မျိုးတည်း လိမ်းပေးခြင်းဖြင့် သက်သာ လာစေနိုင်သည်။ ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို ပျားရည် တစ်ဇွန်းနှင့် သမအောင် မွှေကာ ခန္ဓာကိုယ်ကို နေ့ည ပုံမှန် လိမ်းပေးခြင်းဖြင့် လည်း အသားအရေ ကို ဝင်းလက် စိုပြေလာ စေနိုင်သည်။

ဆံပင် မသန်၍ စိတ်ညစ်နေ သူများ အတွက် ကန်စွန်းရွက် အရည်ကို ညှစ်ပြီး ဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ် ပေးခြင်းဖြင့် ဆံကေသာကို အရှည်မြန် စေမှာ ဖြစ်သည့်အပြင် ဗောက် များကိုလည်း ကင်းစင် စေပါသည်။ မီးဟပ်ခြင်း နှင့် မီးလောင် ဒဏ်ရာများ အတွက် ကန်စွန်းရွက် အရည်ကို သကြား နှင့် ရောစပ်ကာ လိမ်းပေးခြင်း ဖြင့် အပူလောင်ခြင်း ကို သက်သာစေကာ အမာရွတ် မကျန် ပျောက်ကင်း စေနိုင်သည်။

ယနေ့ ကမ္ဘာတွင် ကျန်းမာရေး အမြင်ရှိသူ တိုင်းသည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များက ကျန်းမာရေး အထောက် အကူပြု အာဟာရ အစားအစာ များအဖြစ် အရေးပါပုံ ကို သိမြင် လက်ခံ လာကြပြီ ဖြစ်သည်။ ယင်းကြောင့် မိမိတို့ ပတ်ဝန်းကျင် တွင် ငွေကုန် သက်သာကာ အလွယ်တကူ ရရှိနိုင်ပြီး ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေမည့် ကန်စွန်းရွက်ကို စားသုံး ပေးကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။


Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top