iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ခေါင်းကိုက်ခြင်း
၂။ ကြွက်တက်ခြင်း
၃။ မေးရိုးနာကျင်ခြင်း
၆။ ဝက်ခြံထွက်ခြင်း
၇။ နာကျင်ကိုက်ခဲခြင်း
Credit : Thithtoolwin
၁။ ခေါင်းကိုက်ခြင်း
တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။
၂။ ကြွက်တက်ခြင်း
တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။
အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
၃။ မေးရိုးနာကျင်ခြင်း
သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။
အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရှိပါတယ်။
၄။ အိပ်နေရာမှ လန့်နိုးခြင်း
တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။
အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ကို ၇-၈ နာရီလောက် အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။
၅။ သွားဖုံးသွေးယိုခြင်း
စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကြာရှည် စိတ်ဖိစီးတာကြောင့် ထွက်လာတဲ့ ကော်တီဇော (Cortisol) က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်းပိုရသွားပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ညစာစားပြီးတဲ့အခါတိုင်း သွားတိုက်ပေးပါ။
၆။ ဝက်ခြံထွက်ခြင်း
စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် ဆယ်လီစလစ်အက်စစ် (Salcylic acid)နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် (Benzoyl peroxide)တွေ ပါဝင်တဲ့ လိုရှင်းတွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့နေရင် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
၇။ နာကျင်ကိုက်ခဲခြင်း
စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။
အဲဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။
Credit : Thithtoolwin
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top