iMyanmarHouse.com - Best Property Website for Myanmar
×

ဘာဂါ၊ ေဟာ့ေဒါ့နဲ႔ အာလူးေခ်ာင္းေၾကာ္ေတြစားတဲ့အခါ မပါမျဖစ္တဲ့ ခရမ္းခ်ဥ္သီးေဆာ့စ္ေတြကို အရသာေကာင္းဖို့အတြက္ပဲစားၾကတယ္လို႔ေတြးမိၾကေပမယ့္ ခရမ္းခ်ဥ္သီးရဲ႔ ေကာင္းက်ိဳးနဲ႔ ဆက္စပ္ျပီးက်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ခရမ္းခ်ဥ္သီးေဆာ့စ္က ေကာင္းက်ိဳးျပဳေပမယ့္ သူနဲ႔တြဲဖက္စားတဲ႔အရာေတြက ကိုယ္ေလးခ်ိန္တက္ျပီး အဝလြန္ေအာင္အားေပးတာေတြျဖစ္တာေၾကာင့္ အာဟာရတန္ဖိုးအတြက္ ကိုယ္တိုင္ခ်င့္ခ်ိန္စားသံုးရမွာပါ။

ခရမ္းခ်ဥ္သီးေဆာ့စ္ေတြဟာ ကယ္လိုရီပမာဏနည္းတဲ့အတြက္ အစားအေသာက္ေတြမွာ ထပ္ေဆာင္းစားတာခႏၶာကိုယ္အတြက္ျပႆနာမရွိပါဘူး။ မရိုးနိစ္တစ္ဇြန္းမွာ ၁၀၀ ကယ္လိုရီပါေပမယ့္ ေဆာ့စ္တစ္ဇြန္းမွာေတာ့ ၁၅ ကယ္လိုရီပဲပါပါတယ္။

ေနာက္ျပီး ခရမ္းခ်ဥ္သီးေဆာ့စ္မွာ အဆီဓာတ္မပါသေလာက္နည္းတဲ့အတြက္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါျဖစ္တာမ်ိဳးေတြမရွိႏိုင္ပါဘူး။ ေနာက္ျပီး ကစီဓာတ္လည္းနည္းတဲ့အတြက္ ဘာဘီက်ဴေဆာ့စ္လိုမ်ိဳး၊ မရိုးနိစ္လိုမိ်ဳးေတြထက္ ခရမ္းခ်ဥ္သီးေဆာ့စ္ကို ေရြးခ်ယ္သင့္ပါတယ္။

ခရမ္းခ်ဥ္သီးမွာပါတဲ့ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေၾကာင့္လည္း ခႏၶာကိုယ္တြင္းဆဲလ္ေတြပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ အေမရိကန္ကင္ဆာအဖြဲ႔အစည္းရဲ႔အဆိုအရ ခရမ္းခ်ဥ္သီးထဲက လုိင္ကိုပင္းဓာတ္ဟာ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ကိုလက္စထေရာအဆင့္ကိုထိန္းေပးျပီး ဆီးအိမ္ကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာ၊ ပေရာ့စတိတ္ကင္ဆာ၊ အဆုတ္နဲ႔အစာအိမ္ကင္ဆာေတြမျဖစ္ပြားေအာင္ ကာကြယ္ေပးႏိုင္တယ္လို့သိရပါတယ္။

ခရမ္းခ်ဥ္သီးေဆာ့စ္မွာ ဗီတာမင္ေအလည္း ၾကြယ္ဝျပန္တာေၾကာင့္ မ်က္စိက်န္းမာေရး၊ အေရးျပား၊ သြားနဲ႔အရိုးေတြက်န္းမာေရးအတြက္ပါ အေထာက္အကူျပဳတယ္လို့ ဆိုပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘာဂါ၊ ဟော့ဒေါ့နဲ့ အာလူးချောင်းကြော်တွေစားတဲ့အခါ မပါမဖြစ်တဲ့ ခရမ်းချဉ်သီးဆော့စ်တွေကို အရသာကောင်းဖို့အတွက်ပဲစားကြတယ်လို့တွေးမိကြပေမယ့် ခရမ်းချဉ်သီးရဲ့ ကောင်းကျိုးနဲ့ ဆက်စပ်ပြီးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခရမ်းချဉ်သီးဆော့စ်က ကောင်းကျိုးပြုပေမယ့် သူနဲ့တွဲဖက်စားတဲ့အရာတွေက ကိုယ်လေးချိန်တက်ပြီး အဝလွန်အောင်အားပေးတာတွေဖြစ်တာကြောင့် အာဟာရတန်ဖိုးအတွက် ကိုယ်တိုင်ချင့်ချိန်စားသုံးရမှာပါ။

ခရမ်းချဉ်သီးဆော့စ်တွေဟာ ကယ်လိုရီပမာဏနည်းတဲ့အတွက် အစားအသောက်တွေမှာ ထပ်ဆောင်းစားတာခန္ဓာကိုယ်အတွက်ပြဿနာမရှိပါဘူး။ မရိုးနိစ်တစ်ဇွန်းမှာ ၁၀၀ ကယ်လိုရီပါပေမယ့် ဆော့စ်တစ်ဇွန်းမှာတော့ ၁၅ ကယ်လိုရီပဲပါပါတယ်။

နောက်ပြီး ခရမ်းချဉ်သီးဆော့စ်မှာ အဆီဓာတ်မပါသလောက်နည်းတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်တာမျိုးတွေမရှိနိုင်ပါဘူး။ နောက်ပြီး ကစီဓာတ်လည်းနည်းတဲ့အတွက် ဘာဘီကျူဆော့စ်လိုမျိုး၊ မရိုးနိစ်လိုမျိုးတွေထက် ခရမ်းချဉ်သီးဆော့စ်ကို ရွေးချယ်သင့်ပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့်လည်း ခန္ဓာကိုယ်တွင်းဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့အဆိုအရ ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကိုလက်စထရောအဆင့်ကိုထိန်းပေးပြီး ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ပရော့စတိတ်ကင်ဆာ၊ အဆုတ်နဲ့အစာအိမ်ကင်ဆာတွေမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

ခရမ်းချဉ်သီးဆော့စ်မှာ ဗီတာမင်အေလည်း ကြွယ်ဝပြန်တာကြောင့် မျက်စိကျန်းမာရေး၊ အရေးပြား၊ သွားနဲ့အရိုးတွေကျန်းမာရေးအတွက်ပါ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top