iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ ႏုပ်ိဳတင္းရင္းေစဖို့အတြက္ မ်ိဳးဗီဇကလည္း အေရးပါတဲ့ အခ်က္ျဖစ္ပါတယ္။ အေရးပါတဲ့ေနာက္တစ္ခ်က္ကေတာ့ ဘဝေနထိုင္စားေသာက္မႈပံုစံပဲျဖစ္ပါတယ္။

လ်ိဳ႔ဝွက္ခ်က္(၁) အေရးေၾကာင္းကင္းေဝးဖို့ လ်ိဳ႔ဝွက္ခ်က္တစ္ခုက ေနေရာင္ျခည္ဒဏ္ကို တိုက္ရိုက္မထိေတြ့ေအာင္ ေရွာင္ရွားဖို့ပဲျဖစ္ပါတယ္။ အျပင္ထြက္တဲ့အခါမွာ ေနေရာင္ကာခရင္မ္ကို အျမဲလိမ္းေပးဖို့လိုပါတယ္။ တိမ္ထူတဲ့ေန့ရက္ေတြမွာေတာင္ အႏၱရာယ္ရွိတဲ့ ခရမ္းလြန္ေရာင္ျခည္ဟာ အေရျပားထဲကို ထိုးေဖာက္ဝင္ေရာက္ႏုိင္ျပီး အေရျပားကိုထိခိုက္ေစႏိုင္တာေၾကာင့္ အရးေၾကာင္းပါးပါးထင္တာနဲ့ ပါးေရတြန့္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ေနေရာင္ကာခရင္မ္ကို လိမ္းတဲ့အခါမွာ မ်က္ႏွာကိုသာမက လည္ပင္းကိုပါလိမ္းေပးဖို့လိုပါတယ္။

လိ်ဳ႔ဝွက္ခ်က္(၂) အရြယ္တင္ႏုပ်ိဳဖုိ့အတြက္ ဒုတိယ လ်ိဳ႔ဝွက္ခ်က္ကေတာ့ စီးကရက္နဲ့ အရက္ကိုေရွာင္ဖို့ပဲျဖစ္ပါတယ္။ ေနေရာင္ျခည္ဒဏ္ခံရတာက အသားအေရအတြက္အဓိက ရန္သူျဖစ္ျပီးေဆးလိပ္ေသာက္တာက အေရးေၾကာင္းျဖစ္ေစတဲ့ ဒုတိယအေၾကာင္းရင္းပါ။ ေဆးလိပ္ေသာက္တာ ႏွစ္ေပါင္းမ်ားစြာၾကာလာရင္ ႏႈတ္ခမ္းတစ္ဝိုက္မွာ အေရးေၾကာင္းထင္ႏိုင္ေျခမ်ားပါတယ္။ အေၾကာင္းကေတာ့ စီးကရက္မီးခိုးဟာ ခႏၶာကိုယ္ရဲ့ အေရျပားအသစ္ျပန္ျဖစ္တဲ့ သဘာဝျဖစ္စဥ္ကို အေႏွာင့္အယွက္ျဖစ္ေစလို့ပါ။ ဆဲလ္ေဟာင္းေတြပ်က္ျပီး ဆဲလ္သစ္ေတြအစားထိုးတဲ့ ျဖစ္စဥ္ေလ်ာ့နည္းတာေၾကာင့္ အေရျပားထိခိုက္ပ်က္စီးရတာျဖစ္ပါတယ္။ အယ္လ္ကိုေဟာကလည္း အေရျပားရဲ့ အစိုဓာတ္ေတြကိုယုတ္ေလ်ာ့သြားေစျပီး ေရဓာတ္ခန္းေျခာက္ကာႏုပ်ိဳတဲ့ ေတာက္ပမႈကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ အစိုဓာတ္ဟာ အေရျပားဆဲလ္ေတြကို တင္းရင္းေစျပီး က်န္းမာလွပေစပါတယ္။ တစ္ေန႔မွာ ဝိုင္တစ္ခြက္ေသာက္တာက အသားအေရကို မထိခိုက္ေစေပမယ့္ ပံုမွန္အလြန္အမင္းေသာက္ေနရင္ ထိခိုက္ႏိုင္ပါတယ္။ ေဆးလိပ္ေသာက္မွ၊ အရက္ေသာက္မွ အပန္းေျပတယ္လို့ခံစားရရင္ ေလ့က်င့္ခန္းလုပ္တာကိုအစားထိုး ေဆာင္ရြက္ၾကည့္လိုက္ပါ။ သင့္အသားအေရက ပိုမိုၾကည့္ေကာင္းလာတာကို ေတြ႕ရပါလိမ့္မယ္။ အေၾကာင္းကေတာ့ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ ေသြးလွည့္ပတ္မႈကိုေကာင္းေစျပီး အသားအေရကို ၾကည့္ေကာင္းေစပါတယ္။

လ်ိဳ႕ဝွက္ခ်က္(၃) အသားအေရ ႏုပ်ိဳတင္းရင္းေစဖို့ တတိယလ်ိဳ႕ဝွက္ခ်က္က သင့္ပန္းကန္ျပားပါ။ သင္စားတဲ့အစာထဲမွာ အင္တီေအာက္ဆီးဒင့္မ်ားပါတဲ့အစာေတြပါဝင္ေနရင္ အသားအေရကပိုမိုလွပ ၾကည့္ေကာင္းေနပါလိမ့္မယ္။ အျဖဴေရာင္သၾကားေတြကို ေလ်ွာ့စားျပီး လတ္ဆတ္တဲ့ သစ္သီးေတြ၊ အစိမ္းေရာင္နဲ့ အနီေရာင္ ဟင္းသီးဟင္းရြက္ေတြကိုမ်ားမ်ားစားေပးပါ။ လက္ဖက္စိမ္းလက္ဖက္ရည္ ဒါမွမဟုတ္ ေရကိုမ်ားမ်ားေသာက္ပါ။ ဒီလိုစားေသာက္တာက အေရးးေၾကာင္းကင္းျပီး ႏုပ်ိဳတင္းရင္းလွပေစပါတယ္။

Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေ နုပျိုတင်းရင်းစေဖို့အတွက် မျိုးဗီဇကလည်း အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ အရေးပါတဲ့နောက်တစ်ချက်ကတော့ ဘဝနေထိုင်စားသောက်မှုပုံစံပဲဖြစ်ပါတယ်။

လျို့ဝှက်ချက်(၁) အရေးကြောင်းကင်းဝေးဖို့ လျို့ဝှက်ချက်တစ်ခုက နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားဖို့ပဲဖြစ်ပါတယ်။ အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပေးဖို့လိုပါတယ်။ တိမ်ထူတဲ့နေ့ရက်တွေမှာတောင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကိုထိခိုက်စေနိုင်တာကြောင့် အရးကြောင်းပါးပါးထင်တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ကာခရင်မ်ကို လိမ်းတဲ့အခါမှာ မျက်နှာကိုသာမက လည်ပင်းကိုပါလိမ်းပေးဖို့လိုပါတယ်။

လျို့ဝှက်ချက်(၂) အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အရက်ကိုရှောင်ဖို့ပဲဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ခံရတာက အသားအရေအတွက်အဓိက ရန်သူဖြစ်ပြီးဆေးလိပ်သောက်တာက အရေးကြောင်းဖြစ်စေတဲ့ ဒုတိယအကြောင်းရင်းပါ။ ဆေးလိပ်သောက်တာ နှစ်ပေါင်းများစွာကြာလာရင် နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်းထင်နိုင်ခြေများပါတယ်။ အကြောင်းကတော့ စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားအသစ်ပြန်ဖြစ်တဲ့ သဘာဝဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေပျက်ပြီး ဆဲလ်သစ်တွေအစားထိုးတဲ့ ဖြစ်စဉ်လျော့နည်းတာကြောင့် အရေပြားထိခိုက်ပျက်စီးရတာဖြစ်ပါတယ်။ အယ်လ်ကိုဟောကလည်း အရေပြားရဲ့ အစိုဓာတ်တွေကိုယုတ်လျော့သွားစေပြီး ရေဓာတ်ခန်းခြောက်ကာနုပျိုတဲ့ တောက်ပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး ကျန်းမာလှပစေပါတယ်။ တစ်နေ့မှာ ဝိုင်တစ်ခွက်သောက်တာက အသားအရေကို မထိခိုက်စေပေမယ့် ပုံမှန်အလွန်အမင်းသောက်နေရင် ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်မှ၊ အရက်သောက်မှ အပန်းပြေတယ်လို့ခံစားရရင် လေ့ကျင့်ခန်းလုပ်တာကိုအစားထိုး ဆောင်ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေက ပိုမိုကြည့်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ်မှုကိုကောင်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။

လျို့ဝှက်ချက်(၃) အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယလျို့ဝှက်ချက်က သင့်ပန်းကန်ပြားပါ။ သင်စားတဲ့အစာထဲမှာ အင်တီအောက်ဆီးဒင့်များပါတဲ့အစာတွေပါဝင်နေရင် အသားအရေကပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူရောင်သကြားတွေကို လျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင်နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေကိုများများစားပေးပါ။ လက်ဖက်စိမ်းလက်ဖက်ရည် ဒါမှမဟုတ် ရေကိုများများသောက်ပါ။ ဒီလိုစားသောက်တာက အရေးးကြောင်းကင်းပြီး နုပျိုတင်းရင်းလှပစေပါတယ်။

Credit : Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top