iMyanmarHouse.com - Best Property Website for Myanmar
×
Source-Brightside
Credit : TB_naung_naung
သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေးကို ရုပ်ပုံတွေကဆင့်ပြောပြတာဟာ နည်းနည်းတော့ထူးဆန်းသလိုဖြစ်နိုင်ပါတယ်။ အဆိုပါရုပ်ပုံတွေဟာ လူမှုစိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်ဖြစ်တာကြောင့် သင်တို့စုံတွဲနဲ့ ဆင်တူတဲ့ရုပ်ပုံကိုလက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေးအခြေအနေကို ဖတ်ရှုနိုင်ပါတယ်။
1. သင်တို့စုံတွဲလိုပါပဲ၊ အမျိုးသမီးလေးဟာ သူမရဲ့ချစ်သူအတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေပါတယ်။ သူမကအရမ်းကိုလွတ်လပ်ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင်ကဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာမဟုတ်ပါဘူး။ သူမရွေးချယ်ထားတဲ့ချစ်သူက သူမအတွက်အကောင်းဆုံးလို့ ထင်နေပြီးတော့ သင်တို့ရဲ့ဆက်ဆံရေးက နှစ်ယောက်စလုံး အရမ်းကိုပွင့်လင်းပါတယ်။
2. လူတော်တစ်ယောက်ရဲ့နောက်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိနေတယ် ဆိုတဲ့စကားဟာ သင်တို့စုံတွဲကိုပြောတာပါ။ သူမဟာပြဿနာတွေနဲ့ စိတ်ရှုပ်စရာတွေကြုံလာရင်တောင်မှ ချစ်သူကိုကူညီပေးနေမယ့်သူပါ။ သူမရဲ့ချစ်သူကို အမြင့်ဆုံးကိုတက်လှမ်းနိုင်ဖို့အတွက် အချိန်တိုင်းဘေးကနေကူညီပေးနေမယ့်သူလေးပါ။
3. သေချာပါတယ်၊ သင်တို့နှစ်ယောက်ရဲ့ ချစ်သူဘဝမှာ ယောက်ျားလေးကအမြဲတမ်းခေါင်းဆောင်ပါပဲ။ သူကတာဝန်ယူချင်စိတ်ရှိပြီးတော့ စိတ်နဲနဲကြီးပါတယ်။ ဒါပေမယ့်် မိန်ကလေးရဲ့ အေးဆေးတည်ငြိမ်တဲ့စရိုက်ကြောင့် သင့်တို့ရဲ့ဆက်ဆံရေးဟာ ညီမျှနေပြီး ပျော်ဖို့ကောင်းပါတယ်။ သင်တို့ရဲ့ဆောင်ပုဒ်က “ခေါင်းဆောင်တတ်သူနဲ့ မျှတသူ” ပါ။
4. သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းကိုရင်းနှီးကြသလို ချစ်သူချင်းယုံကြည်မှုပြင်ထန်သူများဖြစ်ပါတယ်။ ယောက်ျားလေးဖြစ်သူဟာ သူ့ရဲ့ကောင်မလေးကို ဘယ်လိုဒုက္ခတွေပဲကြုံကြုံ ရှေ့ကနေမားမားမတ်မတ် ကူညီနေမှာဖြစ်ပြီးတော့ သူမဖြစ်ချင်တာမှန်သမျှ သူကထောက်ပံ့ပေးသွားမှာပါ။ သင်တို့နှစ်ယောက်ရဲ့ အချင်းချင်းလေးစားဖို့နဲ့ အကြွင်းမဲ့ယုံကြည်မှုဟာ သင်တို့ရဲ့အချစ်ရေးအပေါ်မှာ အခြေခံနေပါတယ်။
5. သင်တို့နှစ်ယောက်ဟာ အရမ်းကိုအတွဲညီပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နာလည်မှုရှိတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သင်တို့စုံတွဲရဲ့ အတူရှိနေကြတဲ့ မိနစ်တွေတိုင်းဟာ ပျော်စရာတွေနဲ့ပြည့်စေပြီးတော့ တစ်ယောက်ရဲ့ကိစ္စတိုင်းကိုတစ်ယောက်က လိုက်လုပ်နေတတ်ပါတယ်။ တယောက်ကိုအမြဲတမ်းပွေ့ဖက်ထားချင်လောက်အောင် ချစ်ကြတဲစုံတွဲလေးဖြစ်ပါတယ်။
6. သင်တို့စုံတွဲကတော့ တစ်ယောက်နဲ့တစ်ယောက်ကြင်နာမှုတွေကို အများသူတွေသိအောင် မဖော်ပြတဲ့စုံတွဲလေးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ရဲ့ ဆန္ဒတွေ၊ စိတ်သဘောထားတွေ၊ စိတ်ဝင်စားမှုတွေကို တစ်ယောက်ကအမြဲလေးစားနေတဲ့ သူတွေဖြစ်ပါတယ်။ သင်တို့ရဲ့ အချစ်တွေကို ဖေ့ဘွတ်ပေါ်မှာမမြင်တွေ့နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အဆုံးမဲ့ ချစ်ခြင်းသင်္ကေတတွေကတော့ ရင်ထဲမှာရှိနေပါတယ်။
7. သင့်တို့စုံတွဲမှာ အရမ်းကိုကောင်းမွန်တဲ့ ဆယ်ဖီပုံတွေ သန်းနဲ့ချီရှိပါတယ်။ သင်တို့နှစ်ယောက်ရဲ့ကြင်နာမှုကို အများပြည်သူကို သိစေချင်ပါတယ်။ သင့်ရဲ့သူငယ်ချင်းတွေကလည်း အရမ်းကိုလှပပြီးလိုက်ဖက်တဲ့ စုံတွဲလေးလို့ အားကျနေကြပါတယ်။ သင်တို့ရဲ့အချစ်ရေးဟာ ဘယ်တော့မှပျင်းစရာမကောင်းသလို အမြဲတမ်းရင်ခုန်နေရမယ့် အနာဂတ်တွေရှိနေပါတယ်။
Source-Brightside
Credit : TB_naung_naung
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top