iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္ဒမီဘုတ္အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ခ်စ္ခ်စ္ေဇာ္ကေတာ့ အကယ္ဒမီေပးပြဲၿပီးေနာက္ ျဖစ္ေပၚလာတဲ့ ေဝဖန္မႈ ေတြနဲ႔ပတ္သတ္ၿပီး ေျပာျပလာတာကေတာ့ အကယ္ဒမီေပးပြဲ ဂယက္ေတြဟာ အခုႏွစ္မွမဟုတ္ဘဲ ႏွစ္တုိင္းလုိလုိ ေျပာဆုိေနၾကတာျဖစ္တာမို႔ အကယ္ဒမီဘုတ္အဖြဲ႔ကုိ အေကာင္းျမင္ေပးႏုိင္တဲ့ လူေကာင္းေလးေတြေပၚလာၿပီး

ေၾသာ္ သူတုိ႔ဘုတ္အဖြဲ႔ဝင္ေတြ အပင္ပန္းခံၿပီးလုပ္ေပးခဲ့ၾကတာပါပဲဆုိတဲ့ နားလည္ေပးမႈေလးေတြ ေနာက္ႏွစ္ေနာက္ႏွစ္ေတြမွာ ရွိလာပါေစလုိ႔ပဲ ဆုေတာင္းေနမိပါတယ္လုိ႔ ပြင့္ပြင့္လင္းလင္း ဆုိလာပါတယ္။ ခ်စ္ခ်စ္ေဇာ္ဟာ အခုႏွစ္အကယ္ဒမီဘုတ္ အဖြဲ႔မွာ သ႐ုပ္ေဆာင္ပုိင္းဆုိင္ရာအတြက္ ဆုေပးေရြးခ်ယ္ေပးႏုိင္ရန္ အကယ္ဒမီအကဲျဖတ္ဘုတ္အဖြဲ႕မွာ အကယ္ဒမီ ဝါဝါဝင္းေရႊ၊ အကယ္ဒမီခင္သီတာထြန္း၊ အကယ္ဒမီမ်ိဳးသႏၲာထြန္းတုိ႔နဲ႔အတူ တာဝန္ယူေဆာင္ရြက္ေပးခဲ့တာျဖစ္ ပါတယ္။

”အကယ္ဒမီညတုန္းကဆုိရင္ ျမင့္ျမတ္ အကယ္ဒမီရသြားလုိ႔ တစ္လမ္းလုံး ေဟးဆုိတဲ့ အသံေတြနဲ႔ ျပည့္ႏွက္ေန ခဲ့တာ။ အဲဒီတုန္းကဆုိရင္ ေၾသာ္ ငါတုိ႔ ေရြးေပးလုိက္တာ မွန္သြားၿပီဆုိၿပီးေတာ့ ပီတိျဖစ္ေနရေသးတယ္။ ေနာက္ ေတာ့လည္း သိပ္မၾကာဘူး၊ မမွန္တဲ့သတင္းေတြက ထြက္ေပၚလာေတာ့တာပဲ။ တစ္ခုေတာ့ရွိတာေပါ့၊ လူဆယ္ေယာက္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္အႀကိဳက္ခ်င္းတူဖုိ႔က ခဲယဥ္းႏုိင္တယ္။ အဲ့ဒီေတာ့ ေက်နပ္တဲ့ပရိသတ္ရွိသလုိ မႀကိဳက္ႏွစ္ သက္တဲ့ ပရိသတ္လည္း ရွိႏုိင္တာပဲ။ အဲဒီေတာ့ အကုန္လုံးကုိ ေပးလုိက္ဖုိ႔ပဲရွိပါေတာ့တယ္။ အစ္မတုိ႔ ဘယ္ေလာက္အထိ မွန္ေအာင္ လုပ္ခဲ့သလဲဆုိရင္ သ႐ုပ္ေဆာင္ဆုအတြက္ အစ္မတုိ႔ ေရြးခ်ယ္တဲ့အမွတ္ကုိ အဓိက ယူတယ္။

ေနာက္တစ္ခုက သက္ဆုိင္ရာ အလႊာ ၇ လႊာရွိတယ္။ အဲဒီ ၇ လႊာက ေခါင္းေဆာင္ ၇ ဦးရဲ႕ အမွတ္ကုိလည္းယူတယ္။ စုစုေပါင္း ၁၁ ဦးရဲ႕အမွတ္ေပါ့။ အစ္မတုိ႔ စုစု ေပါင္းရမွတ္ေတြကုိ ခုိင္မာေစခ်င္တာ ျဖစ္တယ္။ အမွန္ဆုံးျဖစ္ေအာင္ ႀကိဳးစား အကဲျဖတ္ခဲ့ၾကတယ္။ အဲဒါေတာင္မွ အေျပာအဆုိခံရတဲ့ ေဘးက မလြတ္ဘူးဆုိတာ့ ဘယ္လုိမွ မတတ္ႏုိင္ေတာ့ဘူး။ ေတာ္ၿပီ ေနာက္ ႏွစ္ေရာက္ရင္ေတာ့ အစ္မလည္း အကဲျဖတ္ ေနရာမွာ ဝင္မပါေတာ့ဘူး။ ဘာေၾကာင့္လဲဆုိေတာ့ လူေတြက ထုိင္ၿပီးေတာ့ပဲ တကယ္လုပ္ေပးတဲ့သူေတြကုိ ေျပာဆုိခ်င္ေနၾကတယ္။ သူတုိ႔ကုိယ္တုိင္လုပ္ႏုိင္လားေမးရင္ ဘယ္သူမွ မလုပ္ႏုိင္ၾကဘူး” လုိ႔ ခ်စ္ခ်စ္ေဇာ္က ဆုိပါတယ္။

မည္သုိ႔ပင္ဆုိေစ ခ်စ္ခ်စ္ေဇာ္ကေတာ့ သူတာဝန္ေဆာင္ရြက္ ေပးခဲ့ ရတဲ့ သ႐ုပ္ေဆာင္မႈအပုိင္း ေရြးခ်ယ္ေပးမႈအတြက္ မ်ားစြာေက်နပ္ အားရခဲ့ပါ တယ္လုိ႔ ဆုိပါတယ္။ ”ဘာလုိ႔လဲဆုိရင္ အစ္မတုိ႔ ပုိင္ၿဖိဳးသုကုိ ေပးထားတယ္။ အဲဒီမွာ ပုိင္ၿဖိဳးသုကုိ တခ်ိဳ႕ကေျပာတယ္၊ အသစ္က ရသြားတယ္ေပါ့။ ဒါေပမဲ့ ပုိင္ၿဖိဳးသုက အသစ္ဆုိေပမယ့္လည္း သူေတာ္ရင္ ေပးရမွာပဲ။ ဘာလုိ႔လဲဆုိရင္ သူ႔ကုိ အစ္မတုိ႔ ၾကည့္ခဲ့ ၾကတယ္။ ဒီတစ္ကားတည္း မဟုတ္ဘူး။ ေနဝင္အိပ္တန္းတတ္ မွာတုန္းကလည္း သူဟာ ဇာတ္ ေဆာင္တစ္ေယာက္အေနနဲ႔ အင္မတန္ေတာ္ခဲ့တယ္။

ဒါေပမဲ့ ရင္ဘတ္ထဲကဓားက အိၿႏၵာေက်ာ္ဇင္တုိ႔၊ ထာဝရအေမထဲက ေမသန္းႏုတုိ႔ကလည္း တအားေတာ္ေနၾကေတာ့ သူကသြားၿပီး ေတာ့ ဇာတ္ေဆာင္အပိုင္းမွာ ယွဥ္လုိ႔မရဘူး က်န္ခဲ့တယ္။ ဒါေပ မဲ့ အစ္မတုိ႔ အခု သူ႔ကုိေရြးလုိက္တာ ဇာတ္ပုိ႔။ သူသည္ 3 Girl ဇာတ္ကားမွာ တစ္ကားလုံးကုိ ပုိ႔ေဆာင္ေပးႏုိင္ခဲ့တယ္။ ပုိင္ၿဖိဳးသု ဟာ အဲဒီ ဇာတ္ကားမွာ တစ္ကြက္ေကာင္း ႏွစ္ကြက္ေကာင္း မဟုတ္ ခဲ့ဘူး၊ တစ္ကားလုံး ေကာင္းခဲ့တယ္။ ဝတ္စားဆင္ယင္မႈ အပါအဝင္ မိတ္ကပ္ဆံပင္ကအစ အကုန္ေကာင္းခဲ့တယ္။ ဇာတ္တစ္ခုလုံးကုိ တကယ္ပုိ႔ႏုိင္စြမ္းရွိခဲ့တယ္။

အဲဒါေၾကာင့္ အစ္မတုိ႔က ေပးခဲ့တာ ျဖစ္တယ္။ တကယ္ေတာ့ ပုိင္ၿဖိဳးသုကုိ အစ္မတုိ႔အျပင္မွာ တစ္ခါ မွ မဆုံဖူး မျမင္ဖူးခဲ့ပါဘူး။ အစ္မတုိ႔ အကဲျဖတ္ၾကတဲ့အခ်ိန္ ခင္တာေတြမရွိဘူး။ မင္တာေတြ မရွိဘူး။ အားလုံးကုိ ခဝါခ်ၿပီး ေတာ့ အမွန္ကန္ဆုံး ဆုံးျဖတ္အကဲျဖတ္ခဲ့ၾကတာျဖစ္တယ္။ အစ္မတုိ႔ကေတာ့ ကုိယ့္လိပ္ျပာကုိယ္လုံတယ္။ ၿပီးေတာ့ တစ္ခု ဆက္ေျပာရရင္ အကယ္ဒမီမရလုိ႔ က်န္ခဲ့တဲ့သူေတြကလည္း ညံ့လုိ႔ က်န္ခဲ့ၾကတာမဟုတ္ဘူးေနာ္။ အကုန္လုံးက ေတာ္ၾကတယ္” လုိ႔ ေျပာျပေပးခဲ့ပါတယ္။

Credit : Popular Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကယ်ဒမီဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချစ်ချစ်ဇော်ကတော့ အကယ်ဒမီပေးပွဲပြီးနောက် ဖြစ်ပေါ်လာတဲ့ ဝေဖန်မှု တွေနဲ့ပတ်သတ်ပြီး ပြောပြလာတာကတော့ အကယ်ဒမီပေးပွဲ ဂယက်တွေဟာ အခုနှစ်မှမဟုတ်ဘဲ နှစ်တိုင်းလိုလို ပြောဆိုနေကြတာဖြစ်တာမို့ အကယ်ဒမီဘုတ်အဖွဲ့ကို အကောင်းမြင်ပေးနိုင်တဲ့ လူကောင်းလေးတွေပေါ်လာပြီး

သြော် သူတို့ဘုတ်အဖွဲ့ဝင်တွေ အပင်ပန်းခံပြီးလုပ်ပေးခဲ့ကြတာပါပဲဆိုတဲ့ နားလည်ပေးမှုလေးတွေ နောက်နှစ်နောက်နှစ်တွေမှာ ရှိလာပါစေလို့ပဲ ဆုတောင်းနေမိပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုလာပါတယ်။ ချစ်ချစ်ဇော်ဟာ အခုနှစ်အကယ်ဒမီဘုတ် အဖွဲ့မှာ သရုပ်ဆောင်ပိုင်းဆိုင်ရာအတွက် ဆုပေးရွေးချယ်ပေးနိုင်ရန် အကယ်ဒမီအကဲဖြတ်ဘုတ်အဖွဲ့မှာ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီခင်သီတာထွန်း၊ အကယ်ဒမီမျိုးသန္တာထွန်းတို့နဲ့အတူ တာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ် ပါတယ်။

”အကယ်ဒမီညတုန်းကဆိုရင် မြင့်မြတ် အကယ်ဒမီရသွားလို့ တစ်လမ်းလုံး ဟေးဆိုတဲ့ အသံတွေနဲ့ ပြည့်နှက်နေ ခဲ့တာ။ အဲဒီတုန်းကဆိုရင် သြော် ငါတို့ ရွေးပေးလိုက်တာ မှန်သွားပြီဆိုပြီးတော့ ပီတိဖြစ်နေရသေးတယ်။ နောက် တော့လည်း သိပ်မကြာဘူး၊ မမှန်တဲ့သတင်းတွေက ထွက်ပေါ်လာတော့တာပဲ။ တစ်ခုတော့ရှိတာပေါ့၊ လူဆယ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းတူဖို့က ခဲယဉ်းနိုင်တယ်။ အဲ့ဒီတော့ ကျေနပ်တဲ့ပရိသတ်ရှိသလို မကြိုက်နှစ် သက်တဲ့ ပရိသတ်လည်း ရှိနိုင်တာပဲ။ အဲဒီတော့ အကုန်လုံးကို ပေးလိုက်ဖို့ပဲရှိပါတော့တယ်။ အစ်မတို့ ဘယ်လောက်အထိ မှန်အောင် လုပ်ခဲ့သလဲဆိုရင် သရုပ်ဆောင်ဆုအတွက် အစ်မတို့ ရွေးချယ်တဲ့အမှတ်ကို အဓိက ယူတယ်။

နောက်တစ်ခုက သက်ဆိုင်ရာ အလွှာ ၇ လွှာရှိတယ်။ အဲဒီ ၇ လွှာက ခေါင်းဆောင် ၇ ဦးရဲ့ အမှတ်ကိုလည်းယူတယ်။ စုစုပေါင်း ၁၁ ဦးရဲ့အမှတ်ပေါ့။ အစ်မတို့ စုစု ပေါင်းရမှတ်တွေကို ခိုင်မာစေချင်တာ ဖြစ်တယ်။ အမှန်ဆုံးဖြစ်အောင် ကြိုးစား အကဲဖြတ်ခဲ့ကြတယ်။ အဲဒါတောင်မှ အပြောအဆိုခံရတဲ့ ဘေးက မလွတ်ဘူးဆိုတာ့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ တော်ပြီ နောက် နှစ်ရောက်ရင်တော့ အစ်မလည်း အကဲဖြတ် နေရာမှာ ဝင်မပါတော့ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက ထိုင်ပြီးတော့ပဲ တကယ်လုပ်ပေးတဲ့သူတွေကို ပြောဆိုချင်နေကြတယ်။ သူတို့ကိုယ်တိုင်လုပ်နိုင်လားမေးရင် ဘယ်သူမှ မလုပ်နိုင်ကြဘူး” လို့ ချစ်ချစ်ဇော်က ဆိုပါတယ်။

မည်သို့ပင်ဆိုစေ ချစ်ချစ်ဇော်ကတော့ သူတာဝန်ဆောင်ရွက် ပေးခဲ့ ရတဲ့ သရုပ်ဆောင်မှုအပိုင်း ရွေးချယ်ပေးမှုအတွက် များစွာကျေနပ် အားရခဲ့ပါ တယ်လို့ ဆိုပါတယ်။ ”ဘာလို့လဲဆိုရင် အစ်မတို့ ပိုင်ဖြိုးသုကို ပေးထားတယ်။ အဲဒီမှာ ပိုင်ဖြိုးသုကို တချို့ကပြောတယ်၊ အသစ်က ရသွားတယ်ပေါ့။ ဒါပေမဲ့ ပိုင်ဖြိုးသုက အသစ်ဆိုပေမယ့်လည်း သူတော်ရင် ပေးရမှာပဲ။ ဘာလို့လဲဆိုရင် သူ့ကို အစ်မတို့ ကြည့်ခဲ့ ကြတယ်။ ဒီတစ်ကားတည်း မဟုတ်ဘူး။ နေဝင်အိပ်တန်းတတ် မှာတုန်းကလည်း သူဟာ ဇာတ် ဆောင်တစ်ယောက်အနေနဲ့ အင်မတန်တော်ခဲ့တယ်။

ဒါပေမဲ့ ရင်ဘတ်ထဲကဓားက အိန္ဒြာကျော်ဇင်တို့၊ ထာဝရအမေထဲက မေသန်းနုတို့ကလည်း တအားတော်နေကြတော့ သူကသွားပြီး တော့ ဇာတ်ဆောင်အပိုင်းမှာ ယှဉ်လို့မရဘူး ကျန်ခဲ့တယ်။ ဒါပေ မဲ့ အစ်မတို့ အခု သူ့ကိုရွေးလိုက်တာ ဇာတ်ပို့။ သူသည် 3 Girl ဇာတ်ကားမှာ တစ်ကားလုံးကို ပို့ဆောင်ပေးနိုင်ခဲ့တယ်။ ပိုင်ဖြိုးသု ဟာ အဲဒီ ဇာတ်ကားမှာ တစ်ကွက်ကောင်း နှစ်ကွက်ကောင်း မဟုတ် ခဲ့ဘူး၊ တစ်ကားလုံး ကောင်းခဲ့တယ်။ ဝတ်စားဆင်ယင်မှု အပါအဝင် မိတ်ကပ်ဆံပင်ကအစ အကုန်ကောင်းခဲ့တယ်။ ဇာတ်တစ်ခုလုံးကို တကယ်ပို့နိုင်စွမ်းရှိခဲ့တယ်။

အဲဒါကြောင့် အစ်မတို့က ပေးခဲ့တာ ဖြစ်တယ်။ တကယ်တော့ ပိုင်ဖြိုးသုကို အစ်မတို့အပြင်မှာ တစ်ခါ မှ မဆုံဖူး မမြင်ဖူးခဲ့ပါဘူး။ အစ်မတို့ အကဲဖြတ်ကြတဲ့အချိန် ခင်တာတွေမရှိဘူး။ မင်တာတွေ မရှိဘူး။ အားလုံးကို ခဝါချပြီး တော့ အမှန်ကန်ဆုံး ဆုံးဖြတ်အကဲဖြတ်ခဲ့ကြတာဖြစ်တယ်။ အစ်မတို့ကတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ ပြီးတော့ တစ်ခု ဆက်ပြောရရင် အကယ်ဒမီမရလို့ ကျန်ခဲ့တဲ့သူတွေကလည်း ညံ့လို့ ကျန်ခဲ့ကြတာမဟုတ်ဘူးနော်။ အကုန်လုံးက တော်ကြတယ်” လို့ ပြောပြပေးခဲ့ပါတယ်။

Credit : Popular Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top