iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Marry
ပို့သပေးပါတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်ပေးရင်း ပျော်ရွှင်နေတဲ့ အသွင်လေးနဲ့ ချစ်သူလေးနားမှာ နေပြပြီး ချစ်သူရဲ့ ချစ်ခြင်းတွေကို ပိုတိုး သိမ်းပိုက်လိုက်ပါနော်။
ချစ်သူတွေရယ်လို့ ဖြစ်လာရင်တော့ တစ်ယောက်က ပျော်မှ ကျန်တစ်ယောက်ကလည်း ပျော်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ သတိရပေးပါနော်။ ချစ်သူကို အချစ် မလွန်မိဖို့တော့ အရေးကြီးပါမယ်။ ချစ်သူလေးကို ချစ်ဖို့ပဲ သတိရလာရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ သတိရနိုင်တော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ချစ်တာကလည်း ကိုယ့်ချစ်သူလေးကို ပိုချစ်ပြရာ ရောက်သလို ချစ်သူလေးကလည်း ကိုယ့်ကို ပိုချစ်လာနိုင်တယ် ဆိုတာကို ပြောပြပေးလိုက်ရပါတယ်နော်။
ကိုယ်ပျော်မှ သူပျော်နိုင်မှာကို သတိရပေးပါ
ချစ်သူတွေရယ်လို့ ဖြစ်လာရင်တော့ တစ်ယောက်က ပျော်မှ ကျန်တစ်ယောက်ကလည်း ပျော်နိုင်မှာ ဖြစ်ပါတယ်။ ချစ်သူလေးကိုချည်း ပျော်ရွှင်နိုင်ပါစေ ရည်ရွယ်ပြီး ပြုလုပ်ပေးထက် ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားပါ။ ပျော်ရွှင်ခြင်းဆိုတာက ကူးစက်တတ်တဲ့ အရာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ကိုယ်လိုတာ ကိုယ်အတတ်နိုင်ဆုံး ဖြည့်ဆည်း ချစ်ပေးရင်း ပျော်ရွှင်နေတဲ့ အသွင်လေးနဲ့ ချစ်သူလေးနားမှာ နေပြပြီး ချစ်သူရဲ့ ချစ်ခြင်းတွေကို ပိုတိုး သိမ်းပိုက်လိုက်ပါနော်။
ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းကို ချစ်သူလေးဆီ ကူးစက်စေလိုက်ပါ
ပျော်ရွှင်ခြင်းကို ကူးစက်စေပါ
ချစ်သူလေး ပျော်အောင် ပြုလုပ်ပေးတာ ဖန်တီးပေးတာမျိုးထက် ကိုယ့်ဆီက ပျေ်ာရွှင်ခြင်းကို ကူးစက်စေတာကတော့ ချစ်ခြင်းရဲ့ အနှစ်သာရလို့တောင် ဆိုနိုင်မှာပါ။ ပျော်အောင် လုပ်ပေးတာက ပျော်မယ် မပျော်ဘူး မသေချာနိုင်ပေမယ့် ပျော်ရွှင်ခြင်းကို ကူးစက်စေတာကတော့ ပျော်ဖို့ အတွက် အသေချာဆုံး အရာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာတွေ ပြည့်နေတဲ့ ချစ်သူတွေ ဆိုတာကတော့ နေ့ရက်တွေတိုင်းကို ကြည်နူးခြင်းတွေနဲ့ ဖြတ်သန်းနိုင်မှာပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မေ့နေမယ် ဆိုရင်တော့ အချိန်တွေ ကြာလာရင် ဘယ်လိုမှ ပျော်နိုင်လာတော့မှာ မဟုတ်ပါဘူး။ မပျော်မရွှင် ဖြစ်နေတဲ့ အခါ ချစ်သူလေးအနားမှာ နေတဲ့ အချိန်တိုင်းမှာ ကြည်နူးစရာ အချိန်လေးတွေကို ဖြစ်ပေါ်စေဖို့ အနှောင့်အယှက်ပေးလာနိုင်ပါတယ်နော်။ ချစ်သူ အချင်းချင်း တန်ဖိုးထားကြောင်း ဖော်ပြရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ သတိရပေးရင်း ချစ်သူလေးတွေတိုင်း ပျေ်ာရွှင်စရာ နေ့ရက်လေးတွေတိုင်းကို ပိုင်ဆိုင်နိုင်ဖို ဝေမျှပေးလိုက်ရပါတယ်။
Credit : Marry
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top