ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

"သရဲဆိုတာ တစ္ကယ္မရွိပါဘူးကြာ…."

"မင္းက မၾကံဳဖူးေသးေတာ့ ဘယ္ယံုပါ့မလဲ..၊ လက္ေတြ႕ဆိုရင္ မင္းယံုသြားလိမ့္မယ္.."

"ေအး.. ငါကလည္း မင္းတို႕ေျပာတဲ့ အဲ့ဒီ လက္ေတြ႕ သရဲကို ေစာင့္ေနတာပဲ..၊ ေတြ႕မွ မေတြ႕တာ.."

ကၽြန္ေတာ္တို႕ သူငယ္ခ်င္းေတြ သရဲအေၾကာင္းနဲ႕ ပတ္သက္ၿပီး အျငင္းအခုန္ လုပ္ေနၾကျခင္းျဖစ္သည္။ ကၽြန္ေတာ္တို႕ အဖြဲ႕ထဲတြင္ သတၱိအရွိဆံုးလို႕ေျပာလို႕ရသလို သရဲနဲ႕ တစ္ခါမွ မေတြ႕ၾကံဳဖူးေသးသည့္ သက္ေအာင္နဲ႕ ျငင္းခုန္ေနျခင္းျဖစ္သည္။

"ဒါဆို ဒီလိုလုပ္…၊ ငါတို႕ရပ္ကြက္ထဲမွာ နာမည္ၾကီးတဲ့ ညီမသံုးေဖာ္ ဆြဲၾကိဳးခ်ေသထားတဲ့ အိမ္ပ်က္ၾကီး သိတယ္မွတ္လား.."

"ေအး…. သိတယ္ေလ…"

"မင္း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီျခံထဲကို၀င္ၿပီး အိမ္ေရွ႕မွာ မင္းနာမည္ကို ေျမျဖဴနဲ႕ေရးရဲလား…"

"ငါလုပ္ရဲရင္ မင္းက ငါ့ကို ဘာေပးမွာလဲ…"

"တစ္လစာ စားေသာက္စရိတ္ အားလံုး ငါတာ၀န္ယူတယ္ကြာ…"

"ေအး..ၾကိဳက္တယ္… ငါတစ္ကယ္ ေရးမေရး မင္းက ဘယ္လို သိမွာလဲ…"

"မင္း (၁၂း၀၀) နာရီထိုးလို႕ အဲ့ဒီအိမ္ေအာက္မွာ နာမည္ေရးၿပီးတာနဲ႕ ငါ့အိမ္ကို တန္းလာၿပီး ငါ့ကိုႏႈိး၊ ၿပီးရင္ ငါတို႕ႏွစ္ေယာက္ အတူ ျပန္သြားၾကည့္မယ္.. တစ္ကယ္ ဟုတ္မဟုတ္ ဆိုတာကို… မင္းလာမႏႈိးရင္.. ငါ့ကို တစ္၀ိုင္းပဲေကၽြး.."

"စိန္တယ္ကြာ…၊ ငါကလည္း ဒီလိုစိန္ေခၚမယ့္သူနဲ႕ေတြ႕ခ်င္ေနတာ…"

"အိုေကေလ.. ဒါဆိုရင္ ဒီလ လျပည့္ညမွာ ငါတို႕ အစီအစဥ္ စၾကတာေပါ့…"

×××××××××××××××××××××××××××××××××


ဒီည လျပည့္ည….. ကၽြန္ေတာ္ သက္ေအာင္နဲ႕ ေလာင္းေၾကးထပ္ထားတဲ့ည..၊ အမွန္ေတာ့ ကၽြန္ေတာ္ သူ႕ဆီက တစ္၀ိုင္းစားခ်င္တာထက္ ဒီေကာင္ သရဲတစ္ကယ္ရွိတယ္ဆိုတာကို ယံုေစခ်င္လို႕ျဖစ္သည္။ ဒီေကာင္က သတိၱရွိတဲ့ေကာင္ဆိုေတာ့ တစ္ကယ္ေတြ႕တယ္ပဲထားအံုး.. ဘာမွ စိုးရိမ္စရာမရွိ…။ ညေန ကတည္းက ျခံ၀င္းအျပင္ဘက္ကေန လွမ္းၾကည့္ျပီးျပီ..။ ဘာနာမည္မွ ေရးထားတာ မျမင္ရေသး..၊ ဒီအတိုင္းဆို ဒီေကာင္ ကၽြန္ေတာ့္ကို ကြက္ေက်ာ္နင္းဖို႕ေတာ့ အစီအစဥ္ရွိပံုမရ..။ ေအးေလ..။ ဒီေကာင္ကလည္း သရဲဆိုတာနဲ႕ကို တိုးခ်င္ေနသည့္ အေကာင္မဟုတ္လား…။

ဒီလိုနဲ႕ ကၽြန္ေတာ္ မအိပ္ပဲ ဂိမ္းေစာင့္ရင္း ဒီေကာင္ လာအေခၚကို ေစာင့္ေနလိုက္တယ္..။ ေသခ်ာပါတယ္..။ ဒီေကာင္ကၽြန္ေတာ့္ကို လာကိုေခၚမွာ..။ ခဏအၾကာေတာ့ ျခံေရွ႕က အသံတစ္ခုကို ၾကားလိုက္ရတယ္..။ ျပတင္းေပါက္ကေန ေက်ာ္ၾကည့္လိုက္ေတာ့.. လူရိပ္တစ္ခု.. သက္ေအာင္ပဲျဖစ္မည္..။ ကၽြန္ေတာ္ အိမ္ျပင္ကို ထြက္လိုက္သည္။ ကၽြန္ေတာ့္ျမင္ေတာ့ လိုက္ခဲ့ဖို႕ လက္ဟန္ျပၿပီး ေရွ႕ကေန ဦးေဆာင္ထြက္ခြာသြားသည္။ ဒီအခ်ိန္ထိ ကၽြန္ေတာ့္မွာ သူ႕ကို လူလံုးဖမ္းလို႕ မရေသး..။ ဒါေပမယ့္ ဒါ သက္ေအာင္ပဲျဖစ္မွာပါ..။ ဒီအခ်ိန္ၾကီး ကၽြန္ေတာ့္ကို လာေခၚဖို႕ ေျပာထားတာ ဒီေကာင္ တစ္ေယာက္တည္း ရွိတာကိုး..။ ကၽြန္ေတာ္လည္း ခပ္သြက္သြက္ပဲ သူ႕ေနာက္က လိုက္ခဲ့သည္။

ေရွ႕က ခပ္သြက္သြက္ သြားေနတဲ့ သက္ေအာင္ကို မီေအာင္လိုက္ေနေပမယ့္ မမီ…၊ မီဖို႕ နီးကပ္လာတိုင္း ျပန္ျပန္ေ၀းသြားသလိုပင္..။ ကၽြန္ေတာ္က သူ႕နာမည္ေအာ္ၿပီး လွမ္းေအာ္ေျပာလည္း စကားျပန္မေျပာပဲ ခဏၾကာေတာ့ အဆိုပါ အိမ္ပ်က္ၾကီးထဲ အုတ္တံတိုင္းေက်ာ္ကာ ၀င္ခ်သြားေတာ့သည္။

ကၽြန္ေတာ္ နာရီၾကည့္လိုက္သည္။ (၁၂း၂၀) ထိုးၿပီ..။ ဒီေကာင္ တစ္ခုခုေတာ့ ထူးေနၿပီ..။ ကၽြန္ေတာ့္ကို ေၾကာက္ေအာင္ တမင္သက္သက္ လုပ္ေနတာလားမသိ…။ ကၽြန္ေတာ္လည္း သူေရးထားတဲ့ စာလံုးကို ေရးျပီးတာနဲ႕ လိုက္ၾကည့္မယ္လုိ႕ ကတိခံထားတာေၾကာင့္ ဘာမွ သိပ္စဥ္းစားမေနေတာ့ပဲ ျခံထဲကို အုတ္တံတိုင္း ေက်ာ္ၿပီး ခုန္၀င္လိုက္သည္။ အိမ္ရဲ႕ စင္၀င္ေအာက္မွာ ကၽြန္ေတာ့္ကို ေက်ာေပးၿပီး ရပ္ေနေသာ သက္ေအာင္ကို ေတြ႕လိုက္ရတယ္…။ ၿပီးေတာ့ သူ႕ေဘးမွာ ေျမျဖဴနဲ႕ ေရးခ်စ္ထားတဲ့ နာမည္ တစ္ခု…။ ကၽြန္ေတာ္နဲ႕ နည္းနည္းေ၀းေနေသးတာေၾကာင့္ ဘာေရးထားသလဲဆိုတာကိုေတာ့ သဲသဲကြဲကြဲ မျမင္ရ..။

"ေအာင္မယ္.. မင္းက ဟုတ္လွေခ်လား..၊ နာမည္ေတာင္ ေရးၿပီးၿပီေပါ့…"

ကၽြန္ေတာ္ စကားေျပာရင္း သက္ေအာင္ဆီ လမ္းေလွ်ာက္သြားလိုက္သည္။ ဒီေကာင္ဘာမွ ျပန္မေျပာတဲ့အျပင္ ကၽြန္ေတာ့္ဘက္ေတာင္ လွည့္မၾကည့္…။

"ေအးပါ..ေအးပါ… ငါရႈံးပါၿပီ… အရႈံးေပးပါတယ္… မင္းတစ္ကယ္ သတိၱရွိတယ္ဆိုတာကို ငါလက္ခံပါၿပီ…"

သက္ေအာင္ဆီက ဘာသံမွမၾကား…။ ကၽြန္ေတာ္ ေျမျဖဴနဲ႕ ေရးထားတဲ့ နာမည္ကို ငံု႕ၾကည့္လိုက္သည္။

"ဟာ… ဟေရာင္… မင္းေရးထားတာ…၊ မင္းနာမည္လည္း မဟုတ္ပါလား…၊ ယု၀ါမိုးတဲ့…… အာ….. ဒါ ဒီအိမ္က ဆြဲၾကိဳးခ်ေသတဲ့ ေကာင္မေလး အငယ္ဆံုးရဲ႕ နာမည္ၾကီးေလ…အာ…… သက္ေအာင္…မင္း…..မင္း..…"

ကၽြန္ေတာ္ စကားမဆံုးခင္မွာပင္ ကၽြန္ေတာ့္ဘက္သို႕ ျဖည္းျဖည္းခ်င္းလွည့္လာေနေသာ ခုနက ရပ္ေနတဲ့ သက္ေအာင္လို႕ထင္ရတဲ့ အရာ… သက္ေအာင္ မဟုတ္…။ သူ႕မ်က္ႏွာက ကၽြန္ေတာ့္ကို ျပံဳးျပေနသည္လား..၊ စိတ္ဆိုးေနသည္လား.. ကၽြန္ေတာ္ မသိ..။ မ်က္လံုးတစ္၀ိုက္ ညိဳပုတ္ေနၿပီး မ်က္ႏွာတစ္ခုလံုး ေယာင္ကိုင္း ပုတ္ပြေနၿပီး ပါးစပ္ထဲက လွ်ာတန္းလန္းက်ေနသည္။ သူ႕ဆံပင္ေတြက မ်က္ႏွာေပၚမွာ အနညး္ငယ္ဖံုးအုပ္ေနၿပီး ရင္ညႊန္႕ေလာက္ထိ ရွည္လ်ားသည္။ သူ႕ဆီမွ အပုတ္နဲ႕လႈိင္လႈိင္ထြက္ေနၿပီး ကၽြန္ေတာ္ေနာက္ဆံုး ျမင္လိုက္ရသည္က သူမ ေခါင္းထက္မွာ ပန္ထားသည့္ ေခါင္ရမ္းပန္းတစ္ပြင့္…..

ကၽြန္ေတာ္သတိရလာေတာ့..ေဆးရံုေပၚမွာ…။ ေဘးနားမွာ မိသားစုေတြေကာ.. သက္ေအာင္ကိုပါ.. ေတြ႕လိုက္ရသည္။

"သက္ေအာင္…ငါ…ငါ.. ဘာျဖစ္ခဲ့တာလဲ… မင္းေရာ….."

"မင္းနဲ႕ငါ ေလာင္းထားတာကို စိတ္စြဲၿပီး မင္းဟာမင္း အိပ္မက္ေယာင္ၿပီး အဲ့ဒီအိမ္ၾကီးထဲသြားခဲ့တာေလ..၊ sleepwalking လို႕ေခၚရမွာေပါ့… မနက္က် မင္းကို မေတြ႕လို႕ လိုက္ရွာေတာ့မွ..  ဒီထဲမွာေတြ႕တာ…."

"ဟင္…ဒါဆို…မင္း…မင္းက ငါ့ဆီ မလာဘူးလား…"
"ငါမေန႕က အလုပ္ကိစၥနဲ႕ ခရီးတစ္ခုထြက္သြားတာ ဒီမနက္မွ ျပန္ေရာက္တာေလ…"

"ဟာ….. ဒါဆို…. ဒါဆို….. ငါ……."

"ဒါနဲ႕ေနပါအံုး…မင္းက sleepwalking ျဖစ္ရင္ ပန္းေတြဘာေတြ ခူးတတ္သလား… ငါတို႕မင္းကိုေတြ႕ေတာ့ မင္းလက္ထဲမွာ ေခါင္ရမ္းပန္းၾကီး တစ္ပြင္နဲ႕…"

(ကဲ….သယ္ငယ္ခ်င္း တို႕ေရ… အခုပဲ သင္ေဘးနားမွာရွိတဲ့.. ျပတင္းေပါက္တစ္ခုကို ဖြင့္ၾကည့္လိုက္ပါ..။ သင့္ကို လက္ယပ္ေခၚေနတဲ့ ပံုသ႑ာန္တစ္ခုကို သင္ေတြ႕ရပါလိမ့္မယ္…)

Credit : ေအာင္ထြန္းဦး
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"သရဲဆိုတာ တစ်ကယ်မရှိပါဘူးကွာ…."

"မင်းက မကြုံဖူးသေးတော့ ဘယ်ယုံပါ့မလဲ..၊ လက်တွေ့ဆိုရင် မင်းယုံသွားလိမ့်မယ်.."

"အေး.. ငါကလည်း မင်းတို့ပြောတဲ့ အဲ့ဒီ လက်တွေ့ သရဲကို စောင့်နေတာပဲ..၊ တွေ့မှ မတွေ့တာ.."

ကျွန်တော်တို့ သူငယ်ချင်းတွေ သရဲအကြောင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် လုပ်နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲတွင် သတ္တိအရှိဆုံးလို့ပြောလို့ရသလို သရဲနဲ့ တစ်ခါမှ မတွေ့ကြုံဖူးသေးသည့် သက်အောင်နဲ့ ငြင်းခုန်နေခြင်းဖြစ်သည်။

"ဒါဆို ဒီလိုလုပ်…၊ ငါတို့ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ ညီမသုံးဖော် ဆွဲကြိုးချသေထားတဲ့ အိမ်ပျက်ကြီး သိတယ်မှတ်လား.."

"အေး…. သိတယ်လေ…"

"မင်း ည (၁၂း၀၀) နာရီတိတိ အဲ့ဒီခြံထဲကိုဝင်ပြီး အိမ်ရှေ့မှာ မင်းနာမည်ကို မြေဖြူနဲ့ရေးရဲလား…"

"ငါလုပ်ရဲရင် မင်းက ငါ့ကို ဘာပေးမှာလဲ…"

"တစ်လစာ စားသောက်စရိတ် အားလုံး ငါတာဝန်ယူတယ်ကွာ…"

"အေး..ကြိုက်တယ်… ငါတစ်ကယ် ရေးမရေး မင်းက ဘယ်လို သိမှာလဲ…"

"မင်း (၁၂း၀၀) နာရီထိုးလို့ အဲ့ဒီအိမ်အောက်မှာ နာမည်ရေးပြီးတာနဲ့ ငါ့အိမ်ကို တန်းလာပြီး ငါ့ကိုနှိုး၊ ပြီးရင် ငါတို့နှစ်ယောက် အတူ ပြန်သွားကြည့်မယ်.. တစ်ကယ် ဟုတ်မဟုတ် ဆိုတာကို… မင်းလာမနှိုးရင်.. ငါ့ကို တစ်ဝိုင်းပဲကျွေး.."

"စိန်တယ်ကွာ…၊ ငါကလည်း ဒီလိုစိန်ခေါ်မယ့်သူနဲ့တွေ့ချင်နေတာ…"

"အိုကေလေ.. ဒါဆိုရင် ဒီလ လပြည့်ညမှာ ငါတို့ အစီအစဉ် စကြတာပေါ့…"

×××××××××××××××××××××××××××××××××


ဒီည လပြည့်ည….. ကျွန်တော် သက်အောင်နဲ့ လောင်းကြေးထပ်ထားတဲ့ည..၊ အမှန်တော့ ကျွန်တော် သူ့ဆီက တစ်ဝိုင်းစားချင်တာထက် ဒီကောင် သရဲတစ်ကယ်ရှိတယ်ဆိုတာကို ယုံစေချင်လို့ဖြစ်သည်။ ဒီကောင်က သတ္တိရှိတဲ့ကောင်ဆိုတော့ တစ်ကယ်တွေ့တယ်ပဲထားအုံး.. ဘာမှ စိုးရိမ်စရာမရှိ…။ ညနေ ကတည်းက ခြံဝင်းအပြင်ဘက်ကနေ လှမ်းကြည့်ပြီးပြီ..။ ဘာနာမည်မှ ရေးထားတာ မမြင်ရသေး..၊ ဒီအတိုင်းဆို ဒီကောင် ကျွန်တော့်ကို ကွက်ကျော်နင်းဖို့တော့ အစီအစဉ်ရှိပုံမရ..။ အေးလေ..။ ဒီကောင်ကလည်း သရဲဆိုတာနဲ့ကို တိုးချင်နေသည့် အကောင်မဟုတ်လား…။

ဒီလိုနဲ့ ကျွန်တော် မအိပ်ပဲ ဂိမ်းစောင့်ရင်း ဒီကောင် လာအခေါ်ကို စောင့်နေလိုက်တယ်..။ သေချာပါတယ်..။ ဒီကောင်ကျွန်တော့်ကို လာကိုခေါ်မှာ..။ ခဏအကြာတော့ ခြံရှေ့က အသံတစ်ခုကို ကြားလိုက်ရတယ်..။ ပြတင်းပေါက်ကနေ ကျော်ကြည့်လိုက်တော့.. လူရိပ်တစ်ခု.. သက်အောင်ပဲဖြစ်မည်..။ ကျွန်တော် အိမ်ပြင်ကို ထွက်လိုက်သည်။ ကျွန်တော့်မြင်တော့ လိုက်ခဲ့ဖို့ လက်ဟန်ပြပြီး ရှေ့ကနေ ဦးဆောင်ထွက်ခွာသွားသည်။ ဒီအချိန်ထိ ကျွန်တော့်မှာ သူ့ကို လူလုံးဖမ်းလို့ မရသေး..။ ဒါပေမယ့် ဒါ သက်အောင်ပဲဖြစ်မှာပါ..။ ဒီအချိန်ကြီး ကျွန်တော့်ကို လာခေါ်ဖို့ ပြောထားတာ ဒီကောင် တစ်ယောက်တည်း ရှိတာကိုး..။ ကျွန်တော်လည်း ခပ်သွက်သွက်ပဲ သူ့နောက်က လိုက်ခဲ့သည်။

ရှေ့က ခပ်သွက်သွက် သွားနေတဲ့ သက်အောင်ကို မီအောင်လိုက်နေပေမယ့် မမီ…၊ မီဖို့ နီးကပ်လာတိုင်း ပြန်ပြန်ဝေးသွားသလိုပင်..။ ကျွန်တော်က သူ့နာမည်အော်ပြီး လှမ်းအော်ပြောလည်း စကားပြန်မပြောပဲ ခဏကြာတော့ အဆိုပါ အိမ်ပျက်ကြီးထဲ အုတ်တံတိုင်းကျော်ကာ ဝင်ချသွားတော့သည်။

ကျွန်တော် နာရီကြည့်လိုက်သည်။ (၁၂း၂၀) ထိုးပြီ..။ ဒီကောင် တစ်ခုခုတော့ ထူးနေပြီ..။ ကျွန်တော့်ကို ကြောက်အောင် တမင်သက်သက် လုပ်နေတာလားမသိ…။ ကျွန်တော်လည်း သူရေးထားတဲ့ စာလုံးကို ရေးပြီးတာနဲ့ လိုက်ကြည့်မယ်လို့ ကတိခံထားတာကြောင့် ဘာမှ သိပ်စဉ်းစားမနေတော့ပဲ ခြံထဲကို အုတ်တံတိုင်း ကျော်ပြီး ခုန်ဝင်လိုက်သည်။ အိမ်ရဲ့ စင်ဝင်အောက်မှာ ကျွန်တော့်ကို ကျောပေးပြီး ရပ်နေသော သက်အောင်ကို တွေ့လိုက်ရတယ်…။ ပြီးတော့ သူ့ဘေးမှာ မြေဖြူနဲ့ ရေးချစ်ထားတဲ့ နာမည် တစ်ခု…။ ကျွန်တော်နဲ့ နည်းနည်းဝေးနေသေးတာကြောင့် ဘာရေးထားသလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မမြင်ရ..။

"အောင်မယ်.. မင်းက ဟုတ်လှချေလား..၊ နာမည်တောင် ရေးပြီးပြီပေါ့…"

ကျွန်တော် စကားပြောရင်း သက်အောင်ဆီ လမ်းလျှောက်သွားလိုက်သည်။ ဒီကောင်ဘာမှ ပြန်မပြောတဲ့အပြင် ကျွန်တော့်ဘက်တောင် လှည့်မကြည့်…။

"အေးပါ..အေးပါ… ငါရှုံးပါပြီ… အရှုံးပေးပါတယ်… မင်းတစ်ကယ် သတ္တိရှိတယ်ဆိုတာကို ငါလက်ခံပါပြီ…"

သက်အောင်ဆီက ဘာသံမှမကြား…။ ကျွန်တော် မြေဖြူနဲ့ ရေးထားတဲ့ နာမည်ကို ငုံ့ကြည့်လိုက်သည်။

"ဟာ… ဟရောင်… မင်းရေးထားတာ…၊ မင်းနာမည်လည်း မဟုတ်ပါလား…၊ ယုဝါမိုးတဲ့…… အာ….. ဒါ ဒီအိမ်က ဆွဲကြိုးချသေတဲ့ ကောင်မလေး အငယ်ဆုံးရဲ့ နာမည်ကြီးလေ…အာ…… သက်အောင်…မင်း…..မင်း..…"

ကျွန်တော် စကားမဆုံးခင်မှာပင် ကျွန်တော့်ဘက်သို့ ဖြည်းဖြည်းချင်းလှည့်လာနေသော ခုနက ရပ်နေတဲ့ သက်အောင်လို့ထင်ရတဲ့ အရာ… သက်အောင် မဟုတ်…။ သူ့မျက်နှာက ကျွန်တော့်ကို ပြုံးပြနေသည်လား..၊ စိတ်ဆိုးနေသည်လား.. ကျွန်တော် မသိ..။ မျက်လုံးတစ်ဝိုက် ညိုပုတ်နေပြီး မျက်နှာတစ်ခုလုံး ယောင်ကိုင်း ပုတ်ပွနေပြီး ပါးစပ်ထဲက လျှာတန်းလန်းကျနေသည်။ သူ့ဆံပင်တွေက မျက်နှာပေါ်မှာ အနည်းငယ်ဖုံးအုပ်နေပြီး ရင်ညွှန့်လောက်ထိ ရှည်လျားသည်။ သူ့ဆီမှ အပုတ်နဲ့လှိုင်လှိုင်ထွက်နေပြီး ကျွန်တော်နောက်ဆုံး မြင်လိုက်ရသည်က သူမ ခေါင်းထက်မှာ ပန်ထားသည့် ခေါင်ရမ်းပန်းတစ်ပွင့်…..

ကျွန်တော်သတိရလာတော့..ဆေးရုံပေါ်မှာ…။ ဘေးနားမှာ မိသားစုတွေကော.. သက်အောင်ကိုပါ.. တွေ့လိုက်ရသည်။

"သက်အောင်…ငါ…ငါ.. ဘာဖြစ်ခဲ့တာလဲ… မင်းရော….."

"မင်းနဲ့ငါ လောင်းထားတာကို စိတ်စွဲပြီး မင်းဟာမင်း အိပ်မက်ယောင်ပြီး အဲ့ဒီအိမ်ကြီးထဲသွားခဲ့တာလေ..၊ sleepwalking လို့ခေါ်ရမှာပေါ့… မနက်ကျ မင်းကို မတွေ့လို့ လိုက်ရှာတော့မှ..  ဒီထဲမှာတွေ့တာ…."

"ဟင်…ဒါဆို…မင်း…မင်းက ငါ့ဆီ မလာဘူးလား…"
"ငါမနေ့က အလုပ်ကိစ္စနဲ့ ခရီးတစ်ခုထွက်သွားတာ ဒီမနက်မှ ပြန်ရောက်တာလေ…"

"ဟာ….. ဒါဆို…. ဒါဆို….. ငါ……."

"ဒါနဲ့နေပါအုံး…မင်းက sleepwalking ဖြစ်ရင် ပန်းတွေဘာတွေ ခူးတတ်သလား… ငါတို့မင်းကိုတွေ့တော့ မင်းလက်ထဲမှာ ခေါင်ရမ်းပန်းကြီး တစ်ပွင်နဲ့…"

(ကဲ….သယ်ငယ်ချင်း တို့ရေ… အခုပဲ သင်ဘေးနားမှာရှိတဲ့.. ပြတင်းပေါက်တစ်ခုကို ဖွင့်ကြည့်လိုက်ပါ..။ သင့်ကို လက်ယပ်ခေါ်နေတဲ့ ပုံသဏ္ဍာန်တစ်ခုကို သင်တွေ့ရပါလိမ့်မယ်…)

Credit : အောင်ထွန်းဦး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top