iMyanmarHouse.com - Best Property Website for Myanmar
×

မနက္အိပ္ယာထၿပီး စေတြးသင့္ေသာ အခ်က္မ်ားကို ေလ့လာၾကည့္လိုက္ရေအာင္ေနာ္။

၀၁. ေရြးခ်ယ္ခြင့္၊ ဆံုးၿဖတ္ပိုင္ခြင့္ေတြအားလံုးဟာ ကိုယ့္မွာရွိတယ္။

ဒီေန႔ဟာ ေကာင္းတဲ့ေန႔၊ မေကာင္းေသာေန႔ၿဖစ္တာတို႔၊ ရာသီဥတု သာယာမယ္၊ မသာယာဘူးဆိုတာကို ေတြးေနစရာမလိုပါ။ ေကာင္းတဲ့ေန႔တစ္ေန႔ၿဖစ္ဖို႔ရန္ မိမိသာလွ်င္ အဓိကပါ။

၀၂. အေၿဖက အေရးမၾကီးပါ။

လူတိုင္းက ကိုယ္လုပ္ငန္းေအာင္ၿမင္ရန္၊ ကိုယ့္အလုပ္ေအာင္ၿမင္ရန္သာ အေလးထားၿပီးေဆာင္ရြက္ေနၾကတာပါ။ အေရးၾကီးတာက ကိုယ္ၿဖစ္ခ်င္သလို ကိုယ္ၾကိဳက္သလို ေနႏုိင္ေအာင္ ေန႔တုိင္း လံု႕လ၊ဝီရိယစိုက္ထုတ္ၿပီး ေနထုိင္တတ္ရန္လာ အေရးၾကီးပါတယ္။

၀၃. အရႈံးမေပးၿခင္းသာလွ်င္ အေရးၾကီးဆံုးပါ။

ၾကိဳးစားေနခ်ိန္မွ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ရမွာပါ။ လူအမ်ားစုကေတာ့ အခက္အခဲေတြနဲ႕ၾကံဳေတြ႕ခ်ိန္မွာ လက္ေၿမွာက္ အရႈံးေပးတတ္ၾကပါတယ္။ ဒီေနရာမွာ အေရးၾကီးဆံုးကေတာ့ လက္မေလွ်ာ့ပဲ၊ ဇဲြနဲ႕ၾကိဳးစားမယ္၊ လုပ္သင့္တဲ့ ကိစၥကို ေန႔စဥ္မွန္မွန္၊ ဘယ္သူေတြက ဘာပဲေၿပာေၿပာ လုပ္ေဆာင္သြားဖို႔ရန္သာ အဓိကပါ။ လုပ္ငန္းသစ္ကို လုပ္ေဆာင္ေနသူဟာ အရႈံးသမားမဟုတ္ပဲ ၾကိဳးစားေနသူပါ။

၀၄. လူ႔ေလာကၾကီးမွာ အေရးၾကီးတာက လုပ္ခ်င္စိတ္ပါ။

မလိုတာေတြကို အားလံုးစြန္႔လႊတ္လိုက္ပါ။ လူေတြက မလုပ္သင့္တဲ့ကိစၥေတြကို လုပ္သင့္တယ္လို႔ ေၿပာလာပါလိမ့္မယ္။ အဲဒါေတြကို ေမ့ထားလိုက္ပါ။ ေန႔တိုင္း ကိုယ္မလုပ္ခ်င္တဲ့ကိစၥေတြကို လုပ္ေနရတယ္ဆိုရင္ေတာ့ တခုခုေတာ့ မွားေနပါၿပီ။

၀၅. ကိုယ့္ဘဝကို ကိုယ္တုိင္သာ လမ္းေဖာက္ရမွာပါ။

ဘဝဆိုတာ ကိုယ္ဟာကိုယ္ မပိုင္ပါဟုဆိုတာမွားေနတယ္လို႔ ထင္ပါတယ္။ ကိုယ့္ဘဝကို ကိုယ္တုိင္ေရြးခ်ယ္ႏုိင္တယ္လို႔ထင္ပါတယ္။ ဒီေန႔ ဒီေနရာမွာရွိေနတယ္ဆိုတာလဲ အတိတ္မွာ ၾကိဳးစားခဲ့လို႔ပါ။ ကိုယ့္ဘဝကို ကိုယ္မပိုင္ဘူးလို႔ ထင္ေနေသာသူမ်ားဟာ ဇဲြ၊လံု႕လ၊ ဝီရိယ မရွိသူမ်ားသာၿဖစ္ပါလိမ့္မယ္။

၀၆. လူေကာင္းက ရွားပါတယ္။

ပတ္ဝန္းက်င္မွာ တန္ဖိုးထားသင့္ေသာသူဆိုတာ ရွားပါတယ္။ ဒါကိုေမ့ေနေသာသူမ်ားပါတယ္။ ေလာကၾကီးမွာ မေကာင္းေသာသူနဲ႕လည္းေတြ႕ႏုိင္ေခ်ရွိပါတယ္။ အထူးသၿဖင့္ ကုမၸဏီၾကီးေတြမွာ အလုပ္လုပ္ေနၿပီဆိုရင္ လုပ္ေဖာ္ကိုင္ဖက္ေတြ ကိုယ္တုိင္ကိုက သူ႕ဘဝဟာလဲ ရုိးရိုးၾကီးနဲ႕ ဘာမွာစိတ္ဝင္စားစရာမရွိတာကို အေၿခခံၿပီး သူမ်ားေတြကိုလည္း ဘဝၾကီးက ပ်င္းစရာၾကီးပါလို႔ တရားေဟာမွာပါ။

၀၇. ေလာကၾကီးက ရယ္စရာေကာင္းပါတယ္။

ေလာကၾကီးမွာ ဒုကၡေရာက္ေနတဲ့သူေတြ အားလံုးကို အကူအညီေပးခ်င္ပင္မဲ့လည္း အားလံုးကို ကယ္တင္ဖို႔ကေတာ့ မၿဖစ္ႏုိင္ပါ။

၀၈. စိတ္ခ်မ္းသာၿပီး သာယာတယ္ဆိုတာ ဘယ္လိုေတြးသလဲေပၚမွာ မူတည္ပါတယ္။

စိတ္ခ်မ္းသာတယ္ဆိုတာက ပတ္ဝန္းက်င္နဲ႕ဆိုင္တယ္လို႔ေတြးေနရင္ မွားပါတယ္။ ဒါပင္မဲ့ ကိုယ့္ရဲ႕အေၿခအေနကို လက္ခံရဲတဲ့သတိၱရွိရင္ေတာ့ စိတ္ခ်မ္းသာလာမွာပါ။

၀၉. သူမ်ားအေၾကာင္းကို ေခါင္းထဲက ထုတ္ထားလိုက္ပါ။

လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္ဘဝနဲ႔ မသက္ဆိုင္ပါ။ လူေတြက ကိုယ့္အက်ိဳးပဲ ကိုယ္ၾကည့္တတ္တာပါ။ သူမ်ားက အမွားလုပ္ရင္ ခ်က္ခ်င္းဆိုသလို အၿပစ္ေၿပာတတ္ပါတယ္။ ကိုယ္ကလုပ္သင့္တာကေတာ့ အဲဒီလုိ လူမ်ိဳးကို မ်က္စိမွိတ္၊ ခြင့္လႊတ္တတ္ဖို႔သာ အေရးၾကီးဆံုးပါ။

၁၀. လက္ရွိအေၿခအေနကို လက္ခံသင့္ပါတယ္။

သူမ်ားအိမ္ကို အားက်၊ သေရက်ေနတတ္ပါတယ္။ ဘဝမွာ ၾကိဳးစားရင္ ေအာင္ၿမင္မွာ ၿဖစ္ပင္မဲ့လည္း ဘယ္လိုအထိေအာင္ၿမင္မယ္ဆိုတာကို ဘယ္သူမွလည္း မသိႏုိင္ပါ။ ကိုယ့္ရဲ႕လက္ရွိဘဝကို လက္ခံၿပီး မိသားစုအတြက္ ေႏြးေႏြးေထြးေထြး အေလးေပး ေနထို္င္သြားရင္ေတာ့ အေကာင္းဆံုးပါ။

၁၁. အသက္ရွင္ေနတယ္ဆိုတာကို ေက်းဇူးတင္ပါ။

ေန႕စဥ္ႏွင့္အမွ် လူေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသၾကရပါတယ္။ ဒီေန႔မနက္ အိပ္ယာႏုိးတာကိုပဲ ေက်းဇူးတင္သင့္ပါတယ္။ တခုခုၿဖစ္လို႔ ေသသြားသူမ်ားရွိသလို၊ ကိုယ္ကေတာ့ အသက္ရႈခြင့္ရတယ္ဆိုတာကို သတိၿပဳမိေစခ်င္ပါတယ္။ ဒီအတြက္ ဒီေန႔လည္း အက်ိဳးရွိေသာ ေန႔တစ္ေန႔ ၿဖစ္ေအာင္ ၾကိဳးစားသင့္တယ္လို႔ ထင္ပါတယ္။

Credit : ChelmoTeam
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်အိပ်ယာထပြီး စတွေးသင့်သော အချက်များကို လေ့လာကြည့်လိုက်ရအောင်နော်။

၀၁. ရွေးချယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေအားလုံးဟာ ကိုယ့်မှာရှိတယ်။

ဒီနေ့ဟာ ကောင်းတဲ့နေ့၊ မကောင်းသောနေ့ဖြစ်တာတို့၊ ရာသီဥတု သာယာမယ်၊ မသာယာဘူးဆိုတာကို တွေးနေစရာမလိုပါ။ ကောင်းတဲ့နေ့တစ်နေ့ဖြစ်ဖို့ရန် မိမိသာလျှင် အဓိကပါ။

၀၂. အဖြေက အရေးမကြီးပါ။

လူတိုင်းက ကိုယ်လုပ်ငန်းအောင်မြင်ရန်၊ ကိုယ့်အလုပ်အောင်မြင်ရန်သာ အလေးထားပြီးဆောင်ရွက်နေကြတာပါ။ အရေးကြီးတာက ကိုယ်ဖြစ်ချင်သလို ကိုယ်ကြိုက်သလို နေနိုင်အောင် နေ့တိုင်း လုံ့လ၊ဝီရိယစိုက်ထုတ်ပြီး နေထိုင်တတ်ရန်လာ အရေးကြီးပါတယ်။

၀၃. အရှုံးမပေးခြင်းသာလျှင် အရေးကြီးဆုံးပါ။

ကြိုးစားနေချိန်မှ အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါ။ လူအများစုကတော့ အခက်အခဲတွေနဲ့ကြုံတွေ့ချိန်မှာ လက်မြှောက် အရှုံးပေးတတ်ကြပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ လက်မလျှော့ပဲ၊ ဇွဲနဲ့ကြိုးစားမယ်၊ လုပ်သင့်တဲ့ ကိစ္စကို နေ့စဉ်မှန်မှန်၊ ဘယ်သူတွေက ဘာပဲပြောပြော လုပ်ဆောင်သွားဖို့ရန်သာ အဓိကပါ။ လုပ်ငန်းသစ်ကို လုပ်ဆောင်နေသူဟာ အရှုံးသမားမဟုတ်ပဲ ကြိုးစားနေသူပါ။

၀၄. လူ့လောကကြီးမှာ အရေးကြီးတာက လုပ်ချင်စိတ်ပါ။

မလိုတာတွေကို အားလုံးစွန့်လွှတ်လိုက်ပါ။ လူတွေက မလုပ်သင့်တဲ့ကိစ္စတွေကို လုပ်သင့်တယ်လို့ ပြောလာပါလိမ့်မယ်။ အဲဒါတွေကို မေ့ထားလိုက်ပါ။ နေ့တိုင်း ကိုယ်မလုပ်ချင်တဲ့ကိစ္စတွေကို လုပ်နေရတယ်ဆိုရင်တော့ တခုခုတော့ မှားနေပါပြီ။

၀၅. ကိုယ့်ဘဝကို ကိုယ်တိုင်သာ လမ်းဖောက်ရမှာပါ။

ဘဝဆိုတာ ကိုယ်ဟာကိုယ် မပိုင်ပါဟုဆိုတာမှားနေတယ်လို့ ထင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့ထင်ပါတယ်။ ဒီနေ့ ဒီနေရာမှာရှိနေတယ်ဆိုတာလဲ အတိတ်မှာ ကြိုးစားခဲ့လို့ပါ။ ကိုယ့်ဘဝကို ကိုယ်မပိုင်ဘူးလို့ ထင်နေသောသူများဟာ ဇွဲ၊လုံ့လ၊ ဝီရိယ မရှိသူများသာဖြစ်ပါလိမ့်မယ်။

၀၆. လူကောင်းက ရှားပါတယ်။

ပတ်ဝန်းကျင်မှာ တန်ဖိုးထားသင့်သောသူဆိုတာ ရှားပါတယ်။ ဒါကိုမေ့နေသောသူများပါတယ်။ လောကကြီးမှာ မကောင်းသောသူနဲ့လည်းတွေ့နိုင်ချေရှိပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်နေပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်တိုင်ကိုက သူ့ဘဝဟာလဲ ရိုးရိုးကြီးနဲ့ ဘာမှာစိတ်ဝင်စားစရာမရှိတာကို အခြေခံပြီး သူများတွေကိုလည်း ဘဝကြီးက ပျင်းစရာကြီးပါလို့ တရားဟောမှာပါ။

၀၇. လောကကြီးက ရယ်စရာကောင်းပါတယ်။

လောကကြီးမှာ ဒုက္ခရောက်နေတဲ့သူတွေ အားလုံးကို အကူအညီပေးချင်ပင်မဲ့လည်း အားလုံးကို ကယ်တင်ဖို့ကတော့ မဖြစ်နိုင်ပါ။

၀၈. စိတ်ချမ်းသာပြီး သာယာတယ်ဆိုတာ ဘယ်လိုတွေးသလဲပေါ်မှာ မူတည်ပါတယ်။

စိတ်ချမ်းသာတယ်ဆိုတာက ပတ်ဝန်းကျင်နဲ့ဆိုင်တယ်လို့တွေးနေရင် မှားပါတယ်။ ဒါပင်မဲ့ ကိုယ့်ရဲ့အခြေအနေကို လက်ခံရဲတဲ့သတ္တိရှိရင်တော့ စိတ်ချမ်းသာလာမှာပါ။

၀၉. သူများအကြောင်းကို ခေါင်းထဲက ထုတ်ထားလိုက်ပါ။

လူတော်တော်များများက ကိုယ့်ဘဝနဲ့ မသက်ဆိုင်ပါ။ လူတွေက ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တတ်တာပါ။ သူများက အမှားလုပ်ရင် ချက်ချင်းဆိုသလို အပြစ်ပြောတတ်ပါတယ်။ ကိုယ်ကလုပ်သင့်တာကတော့ အဲဒီလို လူမျိုးကို မျက်စိမှိတ်၊ ခွင့်လွှတ်တတ်ဖို့သာ အရေးကြီးဆုံးပါ။

၁၀. လက်ရှိအခြေအနေကို လက်ခံသင့်ပါတယ်။

သူများအိမ်ကို အားကျ၊ သရေကျနေတတ်ပါတယ်။ ဘဝမှာ ကြိုးစားရင် အောင်မြင်မှာ ဖြစ်ပင်မဲ့လည်း ဘယ်လိုအထိအောင်မြင်မယ်ဆိုတာကို ဘယ်သူမှလည်း မသိနိုင်ပါ။ ကိုယ့်ရဲ့လက်ရှိဘဝကို လက်ခံပြီး မိသားစုအတွက် နွေးနွေးထွေးထွေး အလေးပေး နေထိုင်သွားရင်တော့ အကောင်းဆုံးပါ။

၁၁. အသက်ရှင်နေတယ်ဆိုတာကို ကျေးဇူးတင်ပါ။

နေ့စဉ်နှင့်အမျှ လူတွေ အကြောင်းအမျိုးမျိုးကြောင့် သေကြရပါတယ်။ ဒီနေ့မနက် အိပ်ယာနိုးတာကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ တခုခုဖြစ်လို့ သေသွားသူများရှိသလို၊ ကိုယ်ကတော့ အသက်ရှုခွင့်ရတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။ ဒီအတွက် ဒီနေ့လည်း အကျိုးရှိသော နေ့တစ်နေ့ ဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

Credit : ChelmoTeam

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top