iMyanmarHouse.com - Best Property Website for Myanmar
×

 (၁)လစာတိုးလာတာနဲ ့အမွ် အသံုးအစြဲတိုးလာျခင္း

သင့္ရဲ ့လူေနထိုင္မွဳအဆင့္အတန္းကို ျမွင့္တင္ျခင္း မွာလက္ခံဖြယ္ရာျဖစ္ပါသည္။ ၀င္ေငြတိုးလာတာနဲ ့အမွ် သင့္ႏွင့္ သင့္မိသားစု အတြက္ က်န္းမာေရး၊ပညာေရးစသည္တို ့အတြက္ အသံုးစရိတ္တိုးျခင္းဟာ အဆင္ေျပပါတယ္။ သို ့ေပမယ့္ သင္သည္ အျမဲတေစ ပိုက္ဆံသံုးဖို ့အေရးကိုပဲ လိုက္ျပီး စဥ္းစားေနတဲ့သူဆိုလွ်င္ေတာ့ လစာ ဘယ္ေလာက္မ်ားမ်ား စုႏိုင္လိမ့္မည္ မဟုတ္ပါ။
ဒါေၾကာင့္ လစာ ၀င္ေငြတိုးလာေသာ္လည္း သင့္ရဲ ့အသံုးအစြဲကို အဆင့္တစ္ခုတြင္ သတ္မွတ္ထားပါ။ ထုိအဆင့္ထက္ ေက်ာ္လြန္သံုးစြဲျခင္းမွ ေရွာင္ၾကဥ္သင့္ပါသည္။

(၂) အနာဂါတ္ကို ေမ့ထားျပီး လက္ရွိအေျခအေနကို သာ အာရံုစိုက္ျခင္း

လူေတာ္ေတာ္မ်ားမ်ားရဲ ့အက်င့္က ျပႆနာ တစ္ခုကို ရင္ဆိုင္ေျဖရွင္းရန္ အခက္အခဲရွိပါက ထိုျပႆနာကို ေမ့ထားလိုက္ျခင္း ျဖစ္ပါတယ္။ အလားတူပဲ အနာဂါတ္မွာ ရွင္သန္ႏိုင္မွဳ အတြက္ ဆိုတဲ့အေၾကာင္းကို ရင္ဆိုင္ေျဖရွင္းဖို ့အခက္အခဲ ရွိပါက အနာဂါတ္ဆိုတာၾကီးကို ေမ့ထားလိုက္တာပါပဲ။
ထိုအခါမ်ိဳးတြင္ အနာဂါတ္မွာဘာပဲ ျဖစ္ျဖစ္ လက္ရွိဘ၀မွာ ေပ်ာ္ေအာင္ေနမယ္ဆိုတဲ့အေတြးေပၚလာျပီး အနာဂါတ္အတြက္ စုေဆာင္းမွဳ ဖို ့ေမ့ေလ်ာ့သြားတတ္ပါသည္။

(၃) စုေဆာင္းဖို ့အတြက္ ေစာပါေသးတယ္လို ့ထင္ျမင္ျခင္း

လူငယ္မ်ားတြင္ ပိုျပီး ေတြ ့ရတတ္ပါတယ္။ အသက္ငယ္တုန္း ရွာသမွ် ပိုက္ဆံ သံုးလိုက္ဦးမည္။ အနာဂါတ္အတြက္ အသက္နည္းနည္းရမွ ရွာေဖြမည္ ဆိုတဲ့အေတြးပါ။ ဒါေပမယ့္ အသက္ဘယ္ေလာက္ေရာက္ မွ အနာဂါတ္အတြက္ စဥ္းစားမည္ ဆိုတာကိုေတာ့ သတ္မွတ္မထားတတ္ပါ။
ဒါေၾကာင့္ ေနာက္မက်ခင္ ဒီေန ့ပဲ ပိုက္ဆံ စုေဆာင္းဖို ့၊ ရင္းႏွီးျမဳပ္ႏွံဖို ့စဥ္းစားလိုက္ပါ။ ကမၻာေက်ာ္သူေဌးၾကီးမ်ားရဲ ့ေျပာဆိုခ်က္ကေတာ့ “ သင္မသံုးခင္ အယင္စုပါ… စုျပီးမွ သံုးပါ” တဲ့။

(၄) ေငြသံုးစဲြမွဳကို စာရင္းမလုပ္ထားျခင္း

ကြ်န္ေတာ္တို ့ေတာ္ေတာ္မ်ားမ်ား ယူဆထားတာရွိပါတယ္။ ေငြဘယ္က ၀င္တယ္၊ ဘယ္မွာသံုးလို ့ကုန္သြားတယ္ဆိုတာကို စာရင္းလုပ္စရာမလုိပဲ သိပါတယ္ ဆိုျပီး ယူဆတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီယူဆခ်က္က အျမဲမမွန္ပါဘူး။ ၾကီးၾကီးမားမားသံုးစြဲမွဳေတြကို မွတ္မိႏိုင္ေပမယ့္ ေသးငယ္တဲ့ အသံုးစရိတ္ေတြကိုေတာ့ မွတ္မိခ်င္မွ မွတ္မိပါမယ္။ ထိုေသးငယ္တဲ့အသံုးစရိတ္ေလးေတြက တစ္ခ်ိန္ခ်ိန္မွာ ၾကီးမားတဲ့ ေနရာမွာ ၀င္ယူလာႏိုင္ပါတယ္။
ဒါေၾကာင့္ ဒီေန ့ပဲ သင့္ရဲ ့အသံုးစရိတ္ကို မွတ္သားထားလိုက္ပါ။ Apple IOS မွာပဲ ျဖစ္ျဖစ္ Andriod မွာပဲျဖစ္ျဖစ္ သင့္ရဲ ့အသံုးစရိတ္ကို စီမံေပးႏိုင္တဲ့ application ေကာင္းေတြ အမ်ားၾကီးရွိပါတယ္။ အခမဲ့လည္း ရႏိုင္ပါတယ္။

(၅) ဘတ္ဂ်တ္သတ္မွတ္ထားမွဳ မရွိျခင္း

အေပၚက ေငြအသံုးစာရင္းနဲ ့လည္း စပ္ဆက္မွဳရွိပါတယ္။ သင့္အေနနဲ ့လတစ္လ စတာနဲ ့ဒီလမွာ ၀င္ေငြဘယ္ေလာက္ရွိမယ္။ ဒီလမွာ ဘယ္ေလာက္သံုးမယ္။ ဘယ္အတြက္သံုးမယ္ဆိုတဲ့ ဘတ္ဂ်တ္ေလးကို ဆဲြတဲ့အက်င့္ကို လုပ္သင့္ပါတယ္။ သင့္ကို အကူအညီေပးႏိုင္မယ့္ free application ေတြ အမ်ားၾကီးပါ။ အဲ့ဒီလို လုပ္ျခင္းအားျဖင့္ ဒီတစ္လအတြက္ ဘာေတြကို ဦးစားေပးသံုးရမယ္။ဘာေတြကိုေတာ့ မသံုးရဘူး ဆိုတာကို ျမင္လာပါလိမ့္မယ္။ ဘယ္အပိုင္းမွာေတာ့ သံုးစြဲမွဳမ်ားေနတယ္။ ဘယ္အပိုင္းမွာေတာ့ သံုးစြဲမွဳ မရွိဘူးဆိုတာကို လည္း နားလည္လာပါလိမ့္မယ္။ေနာက္လအတြက္လည္း ၾကိဳတင္စဥ္းစားႏိုင္ပါတယ္။

(၆) သင့္အတြက္ ဘာလိုအပ္တယ္၊ ဘာကို လုိခ်င္လဲ၊ အသံုးစရိတ္ဘယ္ေလာက္ရွိလဲဆိုတာကို နားမလည္းျခင္း

ေငြကို ထိထိေရာက္ေရာက္စုေဆာင္းႏိုင္ဖို ့အတြက္ အရမ္းအေရးၾကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ သင့္အတြက္ ဘယ္အရာ သည္ မရွိမျဖစ္လိုအပ္တယ္၊ ဘယ္အရာ သည္ ရွိလွ်င္ေတာ့ ေကာင္းတယ္၊ ဘာအရာက ေတာ့ ရွိလည္း မထူးဘူး ဆိုတာကို နားလည္ဖို ့ပါပဲ။
ေနာက္တစ္ခ်က္ကေတာ့ လိုအပ္တာနဲ ့လိုခ်င္တာကို ခြဲျခား သိျမင္ဖုိ ့ပါပဲ။ လူတိုင္းကေတာ့ ပစၥည္းေကာင္းဆိုလွ်င္ လိုခ်င္တာေပ့ါ။ ကြ်န္ေတာ္လည္း ipad ဆိုလွ်င္လိုခ်င္တာေပ့ါ။ ဒါေပမယ့္ ကိုယ့္အတြက္လိုအပ္တာလား၊ လိုခ်င္တာလား ဆိုတာကို ခြဲျခားသိျမင္တတ္ပါေစ။

(၇) သင့္ရဲ ့အေၾကြးေတြကို ေမ့ထားျခင္း

အေၾကြးရွိလွ်င္ ဆပ္လိုက္ပါ။ လူေတာ္ေတာ္မ်ားမ်ားက အေၾကြးဆိုတာၾကီး ကို ေမ့ထားတတ္ၾကတယ္။ (ျမန္မာျပည္မွာလည္း credit card ေတြ၊ ဘဏ္က ေငြေခ်းတာေတြ စတင္ေခတ္စားစျပဳလာပါျပီ)။ အေၾကြးကို ေမ့ထားျခင္း ဟာ ေပ်ာ္ဖို ့ေကာင္းပါတယ္။ ဒါေပမယ့္ အတိုးေတြ တတ္လာတာကေတာ့ ေပ်ာ္စရာမွမဟုတ္ပါ။
ဒါေၾကာင့္ အေၾကြးရွိျပီးဆိုလွ်င္ အဲ့ဒီအေၾကြးကို ဆပ္ဖို ့ဆိုတာကို ထိပ္ဆံုးမွာ ထားျပီး ဦးစားေပးပါ။

(၈) သင့္ရဲ ့ electronic gadgets ေတြကို အျမဲတေစ အဆင့္ျမွင့္တင္ေနျခင္း

အယင္အပတ္က Samsung note 5 လားမသိဘူးထြက္သြားတယ္။ ေနာက္အပတ္မွာ iphone 6S ဆိုတာထြက္ဦးမယ္။ ဒီၾကားထဲမွာ ထြက္ေနတဲ့ handset ေတြကလည္း အမ်ားၾကီးပဲ။
အသစ္အသစ္ ထြက္တိုင္းသာ လုိက္၀ယ္ေနရမယ္ဆိုလွ်င္ ဆံုးေတာ့မည္မဟုတ္ပါ။ တကယ္လိုအပ္လို ့၀ယ္လိုက္တာက ျပႆနာ မဟုတ္ပါ။ ဒါေပမယ့္ အသစ္ထြက္လာလို ့လိုက္၀ယ္တယ္ဆိုတာကေတာ့ ျပႆနာ ျဖစ္လာပါျပီ။
အေပၚက အခ်က္ (၈) ခ်က္ဟာ သင့္အတြက္ အက်ိဳး တစ္ခုခု ရွိလိမ့္မယ္လို ့ေမွ်ာ္လင့္ပါတယ္။ ကပ္ေစးနဲခိုင္းတာ မဟုတ္ပါဘူး။ လိုအပ္တဲ့ေနရာမွာ အက်ိဳးရွိရွိ သံုးႏိုင္ဖုိ ့အတြက္ မလိုအပ္တဲ့ေနရာေတြမွာ ေလ်ာ့ ခ်ႏိုင္ဖို ့လိုအပ္တယ္ဆိုတာကို ဆိုလိုထားတာပါ။

Credit : ကိုဟိန္း (Prospect Myanmar)
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 (၁)လစာတိုးလာတာနဲ့အမျှ အသုံးအစွဲတိုးလာခြင်း

သင့်ရဲ့လူနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ခြင်း မှာလက်ခံဖွယ်ရာဖြစ်ပါသည်။ ဝင်ငွေတိုးလာတာနဲ့အမျှ သင့်နှင့် သင့်မိသားစု အတွက် ကျန်းမာရေး၊ပညာရေးစသည်တို့အတွက် အသုံးစရိတ်တိုးခြင်းဟာ အဆင်ပြေပါတယ်။ သို့ပေမယ့် သင်သည် အမြဲတစေ ပိုက်ဆံသုံးဖို့အရေးကိုပဲ လိုက်ပြီး စဉ်းစားနေတဲ့သူဆိုလျှင်တော့ လစာ ဘယ်လောက်များများ စုနိုင်လိမ့်မည် မဟုတ်ပါ။
ဒါကြောင့် လစာ ဝင်ငွေတိုးလာသော်လည်း သင့်ရဲ့အသုံးအစွဲကို အဆင့်တစ်ခုတွင် သတ်မှတ်ထားပါ။ ထိုအဆင့်ထက် ကျော်လွန်သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

(၂) အနာဂါတ်ကို မေ့ထားပြီး လက်ရှိအခြေအနေကို သာ အာရုံစိုက်ခြင်း

လူတော်တော်များများရဲ့အကျင့်က ပြဿနာ တစ်ခုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲရှိပါက ထိုပြဿနာကို မေ့ထားလိုက်ခြင်း ဖြစ်ပါတယ်။ အလားတူပဲ အနာဂါတ်မှာ ရှင်သန်နိုင်မှု အတွက် ဆိုတဲ့အကြောင်းကို ရင်ဆိုင်ဖြေရှင်းဖို့အခက်အခဲ ရှိပါက အနာဂါတ်ဆိုတာကြီးကို မေ့ထားလိုက်တာပါပဲ။
ထိုအခါမျိုးတွင် အနာဂါတ်မှာဘာပဲ ဖြစ်ဖြစ် လက်ရှိဘဝမှာ ပျော်အောင်နေမယ်ဆိုတဲ့အတွေးပေါ်လာပြီး အနာဂါတ်အတွက် စုဆောင်းမှု ဖို့မေ့လျော့သွားတတ်ပါသည်။

(၃) စုဆောင်းဖို့အတွက် စောပါသေးတယ်လို့ထင်မြင်ခြင်း

လူငယ်များတွင် ပိုပြီး တွေ့ရတတ်ပါတယ်။ အသက်ငယ်တုန်း ရှာသမျှ ပိုက်ဆံ သုံးလိုက်ဦးမည်။ အနာဂါတ်အတွက် အသက်နည်းနည်းရမှ ရှာဖွေမည် ဆိုတဲ့အတွေးပါ။ ဒါပေမယ့် အသက်ဘယ်လောက်ရောက် မှ အနာဂါတ်အတွက် စဉ်းစားမည် ဆိုတာကိုတော့ သတ်မှတ်မထားတတ်ပါ။
ဒါကြောင့် နောက်မကျခင် ဒီနေ့ပဲ ပိုက်ဆံ စုဆောင်းဖို့၊ ရင်းနှီးမြုပ်နှံဖို့စဉ်းစားလိုက်ပါ။ ကမ္ဘာကျော်သူဌေးကြီးများရဲ့ပြောဆိုချက်ကတော့ “ သင်မသုံးခင် အယင်စုပါ… စုပြီးမှ သုံးပါ” တဲ့။

(၄) ငွေသုံးစွဲမှုကို စာရင်းမလုပ်ထားခြင်း

ကျွန်တော်တို့တော်တော်များများ ယူဆထားတာရှိပါတယ်။ ငွေဘယ်က ဝင်တယ်၊ ဘယ်မှာသုံးလို့ကုန်သွားတယ်ဆိုတာကို စာရင်းလုပ်စရာမလိုပဲ သိပါတယ် ဆိုပြီး ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဒီယူဆချက်က အမြဲမမှန်ပါဘူး။ ကြီးကြီးမားမားသုံးစွဲမှုတွေကို မှတ်မိနိုင်ပေမယ့် သေးငယ်တဲ့ အသုံးစရိတ်တွေကိုတော့ မှတ်မိချင်မှ မှတ်မိပါမယ်။ ထိုသေးငယ်တဲ့အသုံးစရိတ်လေးတွေက တစ်ချိန်ချိန်မှာ ကြီးမားတဲ့ နေရာမှာ ဝင်ယူလာနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့ပဲ သင့်ရဲ့အသုံးစရိတ်ကို မှတ်သားထားလိုက်ပါ။ Apple IOS မှာပဲ ဖြစ်ဖြစ် Andriod မှာပဲဖြစ်ဖြစ် သင့်ရဲ့အသုံးစရိတ်ကို စီမံပေးနိုင်တဲ့ application ကောင်းတွေ အများကြီးရှိပါတယ်။ အခမဲ့လည်း ရနိုင်ပါတယ်။

(၅) ဘတ်ဂျတ်သတ်မှတ်ထားမှု မရှိခြင်း

အပေါ်က ငွေအသုံးစာရင်းနဲ့လည်း စပ်ဆက်မှုရှိပါတယ်။ သင့်အနေနဲ့လတစ်လ စတာနဲ့ဒီလမှာ ဝင်ငွေဘယ်လောက်ရှိမယ်။ ဒီလမှာ ဘယ်လောက်သုံးမယ်။ ဘယ်အတွက်သုံးမယ်ဆိုတဲ့ ဘတ်ဂျတ်လေးကို ဆွဲတဲ့အကျင့်ကို လုပ်သင့်ပါတယ်။ သင့်ကို အကူအညီပေးနိုင်မယ့် free application တွေ အများကြီးပါ။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ဒီတစ်လအတွက် ဘာတွေကို ဦးစားပေးသုံးရမယ်။ဘာတွေကိုတော့ မသုံးရဘူး ဆိုတာကို မြင်လာပါလိမ့်မယ်။ ဘယ်အပိုင်းမှာတော့ သုံးစွဲမှုများနေတယ်။ ဘယ်အပိုင်းမှာတော့ သုံးစွဲမှု မရှိဘူးဆိုတာကို လည်း နားလည်လာပါလိမ့်မယ်။နောက်လအတွက်လည်း ကြိုတင်စဉ်းစားနိုင်ပါတယ်။

(၆) သင့်အတွက် ဘာလိုအပ်တယ်၊ ဘာကို လိုချင်လဲ၊ အသုံးစရိတ်ဘယ်လောက်ရှိလဲဆိုတာကို နားမလည်းခြင်း

ငွေကို ထိထိရောက်ရောက်စုဆောင်းနိုင်ဖို့အတွက် အရမ်းအရေးကြီးတဲ့အချက်တစ်ချက်ကတော့ သင့်အတွက် ဘယ်အရာ သည် မရှိမဖြစ်လိုအပ်တယ်၊ ဘယ်အရာ သည် ရှိလျှင်တော့ ကောင်းတယ်၊ ဘာအရာက တော့ ရှိလည်း မထူးဘူး ဆိုတာကို နားလည်ဖို့ပါပဲ။
နောက်တစ်ချက်ကတော့ လိုအပ်တာနဲ့လိုချင်တာကို ခွဲခြား သိမြင်ဖို့ပါပဲ။ လူတိုင်းကတော့ ပစ္စည်းကောင်းဆိုလျှင် လိုချင်တာပေ့ါ။ ကျွန်တော်လည်း ipad ဆိုလျှင်လိုချင်တာပေ့ါ။ ဒါပေမယ့် ကိုယ့်အတွက်လိုအပ်တာလား၊ လိုချင်တာလား ဆိုတာကို ခွဲခြားသိမြင်တတ်ပါစေ။

(၇) သင့်ရဲ့အကြွေးတွေကို မေ့ထားခြင်း

အကြွေးရှိလျှင် ဆပ်လိုက်ပါ။ လူတော်တော်များများက အကြွေးဆိုတာကြီး ကို မေ့ထားတတ်ကြတယ်။ (မြန်မာပြည်မှာလည်း credit card တွေ၊ ဘဏ်က ငွေချေးတာတွေ စတင်ခေတ်စားစပြုလာပါပြီ)။ အကြွေးကို မေ့ထားခြင်း ဟာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အတိုးတွေ တတ်လာတာကတော့ ပျော်စရာမှမဟုတ်ပါ။
ဒါကြောင့် အကြွေးရှိပြီးဆိုလျှင် အဲ့ဒီအကြွေးကို ဆပ်ဖို့ဆိုတာကို ထိပ်ဆုံးမှာ ထားပြီး ဦးစားပေးပါ။

(၈) သင့်ရဲ့ electronic gadgets တွေကို အမြဲတစေ အဆင့်မြှင့်တင်နေခြင်း

အယင်အပတ်က Samsung note 5 လားမသိဘူးထွက်သွားတယ်။ နောက်အပတ်မှာ iphone 6S ဆိုတာထွက်ဦးမယ်။ ဒီကြားထဲမှာ ထွက်နေတဲ့ handset တွေကလည်း အများကြီးပဲ။
အသစ်အသစ် ထွက်တိုင်းသာ လိုက်ဝယ်နေရမယ်ဆိုလျှင် ဆုံးတော့မည်မဟုတ်ပါ။ တကယ်လိုအပ်လို့ဝယ်လိုက်တာက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် အသစ်ထွက်လာလို့လိုက်ဝယ်တယ်ဆိုတာကတော့ ပြဿနာ ဖြစ်လာပါပြီ။
အပေါ်က အချက် (၈) ချက်ဟာ သင့်အတွက် အကျိုး တစ်ခုခု ရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကပ်စေးနဲခိုင်းတာ မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ အကျိုးရှိရှိ သုံးနိုင်ဖို့အတွက် မလိုအပ်တဲ့နေရာတွေမှာ လျော့ ချနိုင်ဖို့လိုအပ်တယ်ဆိုတာကို ဆိုလိုထားတာပါ။

Credit : ကိုဟိန်း (Prospect Myanmar)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top