iMyanmarHouse.com - Best Property Website for Myanmar
×
၁။ သန့်ရှင်းပါ
Credit : My Style
အသက် ၂၅ ဆိုတာ ဆယ်ကျော်သက်ဆိုတဲ့ ကာလတစ်ခုကို ကျော်လွန်သွားခဲ့သလို အသားအရေတွေကလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါပြီ။ဒါ့ကြောင့် ကိုယ်ငယ်ငယ်က သုံးခဲ့တဲ့ အလှကုန်ပစ္စည်းတွေကို စွဲပြီးသုံးနေတာမျိုးမဟုတ်ဘဲ ပြောင်းလဲသုံးဖို့ အသားအရေက တောင်းဆိုလာပါပြီ။
အသက် ၃၀ နောက်ပိုင်းမှာလည်း အသားအရေ နုပျိုနေပြီး အရွယ်တင်စေဖို့ အသက် ၂၅ ဝန်းကျင်ဆိုတာ အသားအရေ ထိန်းသိမ်းဖို့ အသင့်တော်ဆုံးပါပဲ။
၁။ သန့်ရှင်းပါ
အသားအရေကို သေချာလေး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အိပ်ယာမဝင်ခင် မျက်နှာကို သန့်စ်ငအောင်သစ်ပေးဖို့မမေ့ပါနဲ့။ အသားအရေ ခြောက်တာအတွက် နို့ပါတဲ့ ခရင်မ်၊ အသားအရေ အဆီပြန်တာအတွက် အဆီပါဝင်မှုနည်းတဲ့ ခရင်မ်၊ ပေါင်းစပ်အသာအးရေအတွက် ဆိုရင်လည်း ပေါင်းစပ်အသားအရေအတွက်ထုတ်ထားတဲ့ မျက်နှာသစ်ခရင်မ်သုံးပေးပါ။
၂။ အသားအရေကို ဂျီးချွတ်ပါ
သင့်အသားအရေကို ၂ ပတ် တစ်ကြိမ်လောက် ဂျီးချွတ်ပေးဖို့လိုအပ်ပါတယ်။ သကြား၊ ပျားရည်န့ ရောပြီး ဂျီးချွတ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရွှံ့ဆေးနဲ့လည်း ဂျီးချွတပေးလို့ရပါတယ်။
၃။ အရေးကြောင်းကာကွယ်ပေးတဲ့ Moisturizer တွေသုံးပါ
အသားအရေကို သန့်စင်ပြီးရင် အရေးကြောင်းကာကွယ်ပေးတဲ့ Moisturizer သုံးပေးဖို့လိုပါတယ်။ အသက် ၂၅ ဆိုတာ အသားအရေလည်းပြောင်းလဲလာပြီမို့ အရေးကြောင်းကိုကာကွယ်ပေးဖိုလိုပါတယ်။
၄။ သင့်အသားအရေကို နေရောင်ခြည်၊ ဆားရေ ၊ Aircon စတဲ့ သဘာဝပတ်ဝန်းကျင်ထိတွေ့မှုမှ ကာကွယ်ပါ
အသာအးရေကိ အမြဲတမ်း ကာကွယ်သင့်ပါတယ်။ Lotion ပုံမှန်လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ ဒါ့အပြင် အသားအရေစိုပြေစေတဲ့ အစားအစာ စားပေးပါ။
၅။ ကျန်းမာတဲ့ဘဝနေထိုင်မှုကို ရွေးချယ်ပါ
နောက်ဆုံး အရေးကြီးဆုံးအချက်တစ်ခုကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ ကောင်းမွန်စွာအိပ်စက်ပါ။ မနက်စောစောထပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ယာထဲမဝင်ခင် ရေနွေးလေးနဲ့ သက်သောင့်သက်သာရေချိုးပါ။
မျက်နှာကိုသန့်စင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာစားပါ။ အသက် ၂၅ ဝန်းကျင်မှာ အဆီလျှော့စားပါ။ ရေများများသောက်ပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top