iMyanmarHouse.com - Best Property Website for Myanmar
×









Credit : Duwun

ယွန်းယွန်းဟာ ကလေးသရုပ်ဆောင်ဘဝကတည်းက ဆံပင်အရှည်ထားလာခဲ့တာဖြစ်ပြီး အခုဆိုရင် သူမရဲ့ဆံပင်က ခြေသလုံးတစ်ဝက်လောက်ထိကို ရှည်နေပါပြီ။

သရုပ်ဆောင်အလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဆံပင်ရှည်ကို ညှပ်မှာလား ဒိအတိုင်းပဲထားမှာလားဆိုတာကို မေးမြန်းဖြစ်ခဲ့ပြီး သူမက အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ဒီအတိုင်းပဲ ထားမှာဆိုတာထက် လိုအပ်လို့ရှိရင်တော့ ပြောင်းလဲရမှာပေါ့။ မလိုအပ်ဘူးဆိုရင်တော့ ညီမ ထားမှာပါ။ ညီမက ဆံပင်အရှည်ထားရတာ ကြိုက်ပါတယ်” လို့ ယွန်းယွန်းက ပြောခဲ့ပါတယ်။

ပြီးတော့ ဆံပင်မညှပ်စေချင်တဲ့သူတွေကလည်း များတော့ အဲဒါကြောင့်ပဲ မညှပ်ဖြစ်တော့တာပါလို့လည်း ယွန်းယွန်းက ဖြေပါတယ်။

ပရိသတ်အားလုံးရဲ့အချစ်တော် ယွန်းယွန်းလေးက အသက် ၁၈ နှစ်ရှိပြီဖြစ်ပေမဲ့ အခုထိ လူကြီးပုံစံတော့ မဖြစ်သေးတဲ့အတွက် ဇာတ်ကားတွေ မရိုက်ဖြစ်သေးဘဲ ခဏစောင့်နေတာလို့ ယွန်းယွန်းက ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ယွန်းယွန်းကတော့ သရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး။ ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။

ယွန်းယွန်းဟာ ကလေးဘဝကတည်းက သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေချစ်တဲ့ ကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ယွန်းယွန်းက ၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနမှာ ဒုတိယနှစ် စိတ်ပညာ အထူးပြုမေဂျာနဲ့ ပညာသင်ယူလျက်ရှိနေပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top