iMyanmarHouse.com - Best Property Website for Myanmar
×

စႏိုက္ေၾကာ္ေတြ ေရလိုေပါတဲ႔ ေလာကႀကီးမွာ ကိုယ္႔လူကိုယ္ ႏိုင္္ေအာင္ထိန္းတတ္ဖို႔နဲ႔ ကိုယ္ကိုယ္တိုင္ အေရွာင္အတိမ္းကြ်မ္းဖို႔က ေခတ္သစ္ပ်ိဳေမေတြ တတ္သင္႔တတ္အပ္တဲ႔ အ႒ာရသ (၁၈) ရပ္မွာ ပါဝင္လာပါတယ္။
၂၁ ရာစု သားပ်ိဳ၊ သမီးပ်ိဳေတြရဲ႕ နိစၥဓူဝ ျပႆနာေပါင္္း ေသာင္းေျခာက္္ေထာင္ထဲမွာ သမီးရည္းစားေရးရာကလည္း တစ္ခု အပါအဝင္ပါပဲ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားပူမိရတာနဲ႔၊ အသည္းကြဲလုိ႔ ရွပ္ကီထုရတာနဲ႔... သမီးရည္းစားဆိုင္ရာ ျပႆနာေလးေတြကလည္း လိုက္မမီႏိုင္ေလာက္ေအာင္ ရႈပ္ေထြးလာပါတယ္။ 

ဒါေပမယ္႔ သမီးရည္းစားေတြ ျပႆနာျဖစ္ရတဲ႔ အေၾကာင္းရင္းအေျခခံေတြကေတာ႔ ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း သိပ္ေတာ႔ ကြဲျပားမသြားေသးပါဘူး။ ျပႆနာ ရင္းျမစ္ကို သိၿပီဆိုရင္ ေျဖရွင္းနည္းကိုလည္း ရွွာေတြ႕ႏိုင္မွာပဲ မဟုတ္ပါလား။

၁။ နားေထာင္တတ္ဖို႔ ႀကိဳးစားၾကည္႔ပါ

ကိုယ္႔ဘက္က ဘာေတြေပးဆပ္ခဲ႔ရတာေတြ၊ ကိုယ္ဘာေတြ ဘယ္လိုခံစားေနရတာေတြက မိမိခ်စ္သူနဲ႔ စကားမ်ား ရန္ျဖစ္ေနခ်ိန္မွာ ေခါင္းထဲကို ပထမဆံုးေရာက္လာမယ္႔ အေၾကာင္းအရာေတြပါပဲ။ ဒါေပမယ္႔ ျပႆနာကို ပါးပါးနပ္နပ္ ကိုင္တြယ္တတ္ခ်င္တယ္ ဆိုရင္ေတာ႔ မိမိခ်စ္သူရဲ႕ ရႈေထာင္႔ကို ျမင္ၾကည္႔ဖို႔၊ သူ႔ခံစားခ်က္ေတြကို နားေထာင္ေပးဖို႔ ႀကိဳးစားၾကည္႔ပါ။
သမီးရည္းစားျပႆနာေတြ ျပန္ညွိမရေအာင္ ႀကီးမားသြားရျခင္းရဲ႕ အေၾကာင္းရင္းအမ်ားစုက ကိုယ္ကခ်ည္းပဲ ေျပာဖို႔စဥ္းစားေနၿပီး တစ္ဖက္လူရဲ႕ ခံစားခ်က္ကို နားေထာင္ေပးဖို႔ ပ်က္ကြက္တတ္ၾကတာက အဓိကေနရာက ပါဝင္ပါတယ္။ ကိုယ္ဘယ္ေလာက္ပဲ ခ်စ္ခ်စ္၊ ကိုယ္႔ကို ဥေပကၡာျပဳေနတယ္လို႔ ခံစားရရင္ ခ်စ္တာေတြကို ေမ႔ၿပီး လမ္းခြဲလိုက္ဖို႔ ဆံုးျဖတ္မိၾကမွာပါပဲ။ ဒါေၾကာင္႔ ပိုၿပီးနားေထာင္တတ္ဖို႔ ႀကိဳးစားၾကည္႔႔ပါ။

၂။ သစၥာရွိတတ္ပါေစ

စႏိုက္ေၾကာ္ေတြ ေရလိုေပါတဲ႔ ေလာကႀကီးမွာ ကိုယ္႔လူကိုယ္ ႏိုင္္ေအာင္ထိန္းတတ္ဖို႔နဲ႔ ကိုယ္ကိုယ္တိုင္ အေရွာင္အတိမ္းကြ်မ္းဖို႔က ေခတ္သစ္ပ်ိဳေမေတြ တတ္သင္႔တတ္အပ္တဲ႔ အ႒ာရသ (၁၈) ရပ္မွာ ပါဝင္လာပါတယ္။ တကယ္ေတာ႔ အေပ်ာ္ရွာတံုးကေတာ႔ စိတ္အလိုလိုက္ၿပီး အေပ်ာ္ရွာမိေပမယ္႔ တစ္ဖက္လူက ရိပ္မိသြားတဲ႔အခ်ိန္မွာ ျပႆနာ ေသခ်ာေပါက္တက္ၾကမွာပါပဲ။
ဒီေတာ႔ အေကာင္းဆံုးေျဖရွင္းနည္းကေတာ႔ တစ္ေယာက္ကိုယ္တစ္ေယာက္ သစၥာရွိၾကဖို႔ပါပဲ။ လက္တြဲေဖာ္ သစၥာေဖာက္လို႔ ျပႆနာတက္ရတာေတြက ႏွစ္ဦးၾကားက ဆက္ဆံေရးကို အဆုိးဝါးဆံုး ထိခိုက္ေစႏိုင္တဲ႔အျပင္ ႏွစ္ဖက္စလံုး အသည္းကြဲရပါတယ္။  ခဏတာ စိတ္အလိုလိုက္မိရင္ေတာင္ ကိုယ္ခ်စ္ခဲ႔ဖူးတဲ႔ လူတစ္ေယာက္ကို ထိခိုက္နာက်င္ေစခ်င္မွာ မဟုတ္တဲဲ႔အတြက္ ဒီကိစၥမ်ိဳးကို လံုးဝအျဖစ္မခံသင္႔ပါဘူး။

၃။ ရုပ္ပိုင္းဆိုင္ရာ အေျပာင္းအလဲေတြကို လက္ခံႏိုင္ရပါမယ္

"ျမစ္တစ္ခုမွာ ႏွစ္ႀကိမ္ေရခ်ိဳးလို႔မရ" ဆိုတဲ႔ ဒႆနဆန္ဆန္စကားေလးတစ္ခြန္းေတာင္ ရွိပါေသးတယ္။ ဆိုလိုရင္းကေတာ႔ အရာရာတိုင္းဟာ အျမဲေျပာင္းလဲေနပါတယ္တဲ႔႔။ အဲဒီထဲမွာ လူသားေတြရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားလည္း ပါဝင္ေနႏိုင္ပါတယ္။ စႀကိဳက္စဥ္က Six pack နဲ႔ ဘာနဲ႔ ျဖစ္ခ်င္ျဖစ္ေနေပမယ္႔ ကိုယ္နဲ႔တြဲၿပီးမွ ဘီယာဗိုက္တစ္လံုး ထြက္လာတာကိုလည္း လက္သင္႔ခံႏိုင္ရပါမယ္။
ဘာပဲေျပာေျပာ ကိုယ္႔အေပၚထားတဲ႔ သေဘာထားေလး မေျပာင္းမလဲရွိေနတာကိုပဲ ေက်းဇူးတင္ရမွာ မဟုတ္ပါလား။ တကယ္လို႔ "မိမိဘယ္လိုမွ လက္မခံႏိုင္ပါ" ဆိုရင္လည္း ေျပာင္းလဲလာခ်င္ေအာင္ စည္းရံုးယူၾကည္႔ပါ။ မျဖစ္ႏိုင္ဘူးဆိုရင္လည္း အရမ္းႀကီး push မလုပ္မိပါေစနဲ႔။

၄။ ေငြေရးေၾကးေရးကိစၥ အရႈပ္အရွင္းကင္းပါေစ

သမီးရည္းစားေတြ အဆင္မေျပျဖစ္ရတဲ႔ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ႔ ေငြေရးေၾကးေရးကိစၥပါပဲ။ Anniversary (ႏွစ္ပတ္လည္) တို႔၊ ေမြးေန႕တို႕မွာ အရမ္းတန္ဖိုးႀကီးတဲ႔ လက္ေဆာင္ပစၥည္းေတြ ေပးတာ/ ရတာကို အက်င္႔မလုပ္ထားပါနဲ႔။
လူဆိုတာ အျမဲတမ္းအဆင္ေျပႏိုင္မွာမဟုတ္တဲ႔အတြက္ တန္ဖိုးႀကီးလက္ေဆာင္ေတြ မေပးႏုိင္ေတာ႔တဲ႔အခါ ဒါဟာ အခ်င္းခ်င္းၾကားမွာ ျပႆနာတစ္ခု ျဖစ္လာပါလိမ္႔မယ္။ ေနာက္တစ္ခုက တစ္ေယာက္က ပိုက္ဆံဒိုင္ခံရွာၿပီး ေနာက္တစ္ေယာက္က ထိုင္ျဖဳန္းတာမ်ိဳးလည္း မျဖစ္ပါေစနဲ႔။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စနိုက်ကြော်တွေ ရေလိုပေါတဲ့ လောကကြီးမှာ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းတတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှောင်အတိမ်းကျွမ်းဖို့က ခေတ်သစ်ပျိုမေတွေ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရသ (၁၈) ရပ်မှာ ပါဝင်လာပါတယ်။
၂၁ ရာစု သားပျို၊ သမီးပျိုတွေရဲ့ နိစ္စဓူဝ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ သမီးရည်းစားရေးရာကလည်း တစ်ခု အပါအဝင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားပူမိရတာနဲ့၊ အသည်းကွဲလို့ ရှပ်ကီထုရတာနဲ့... သမီးရည်းစားဆိုင်ရာ ပြဿနာလေးတွေကလည်း လိုက်မမီနိုင်လောက်အောင် ရှုပ်ထွေးလာပါတယ်။

ဒါပေမယ့် သမီးရည်းစားတွေ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းအခြေခံတွေကတော့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း သိပ်တော့ ကွဲပြားမသွားသေးပါဘူး။ ပြဿနာ ရင်းမြစ်ကို သိပြီဆိုရင် ဖြေရှင်းနည်းကိုလည်း ရှှာတွေ့နိုင်မှာပဲ မဟုတ်ပါလား။

၁။ နားထောင်တတ်ဖို့ ကြိုးစားကြည့်ပါ

ကိုယ့်ဘက်က ဘာတွေပေးဆပ်ခဲ့ရတာတွေ၊ ကိုယ်ဘာတွေ ဘယ်လိုခံစားနေရတာတွေက မိမိချစ်သူနဲ့ စကားများ ရန်ဖြစ်နေချိန်မှာ ခေါင်းထဲကို ပထမဆုံးရောက်လာမယ့် အကြောင်းအရာတွေပါပဲ။ ဒါပေမယ့် ပြဿနာကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်ချင်တယ် ဆိုရင်တော့ မိမိချစ်သူရဲ့ ရှုထောင့်ကို မြင်ကြည့်ဖို့၊ သူ့ခံစားချက်တွေကို နားထောင်ပေးဖို့ ကြိုးစားကြည့်ပါ။
သမီးရည်းစားပြဿနာတွေ ပြန်ညှိမရအောင် ကြီးမားသွားရခြင်းရဲ့ အကြောင်းရင်းအများစုက ကိုယ်ကချည်းပဲ ပြောဖို့စဉ်းစားနေပြီး တစ်ဖက်လူရဲ့ ခံစားချက်ကို နားထောင်ပေးဖို့ ပျက်ကွက်တတ်ကြတာက အဓိကနေရာက ပါဝင်ပါတယ်။ ကိုယ်ဘယ်လောက်ပဲ ချစ်ချစ်၊ ကိုယ့်ကို ဥပေက္ခာပြုနေတယ်လို့ ခံစားရရင် ချစ်တာတွေကို မေ့ပြီး လမ်းခွဲလိုက်ဖို့ ဆုံးဖြတ်မိကြမှာပါပဲ။ ဒါကြောင့် ပိုပြီးနားထောင်တတ်ဖို့ ကြိုးစားကြည့့်ပါ။

၂။ သစ္စာရှိတတ်ပါစေ

စနိုက်ကြော်တွေ ရေလိုပေါတဲ့ လောကကြီးမှာ ကိုယ့်လူကိုယ် နိုင်အောင်ထိန်းတတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် အရှောင်အတိမ်းကျွမ်းဖို့က ခေတ်သစ်ပျိုမေတွေ တတ်သင့်တတ်အပ်တဲ့ အဋ္ဌာရသ (၁၈) ရပ်မှာ ပါဝင်လာပါတယ်။ တကယ်တော့ အပျော်ရှာတုံးကတော့ စိတ်အလိုလိုက်ပြီး အပျော်ရှာမိပေမယ့် တစ်ဖက်လူက ရိပ်မိသွားတဲ့အချိန်မှာ ပြဿနာ သေချာပေါက်တက်ကြမှာပါပဲ။
ဒီတော့ အကောင်းဆုံးဖြေရှင်းနည်းကတော့ တစ်ယောက်ကိုယ်တစ်ယောက် သစ္စာရှိကြဖို့ပါပဲ။ လက်တွဲဖော် သစ္စာဖောက်လို့ ပြဿနာတက်ရတာတွေက နှစ်ဦးကြားက ဆက်ဆံရေးကို အဆိုးဝါးဆုံး ထိခိုက်စေနိုင်တဲ့အပြင် နှစ်ဖက်စလုံး အသည်းကွဲရပါတယ်။  ခဏတာ စိတ်အလိုလိုက်မိရင်တောင် ကိုယ်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို ထိခိုက်နာကျင်စေချင်မှာ မဟုတ်တဲ့အတွက် ဒီကိစ္စမျိုးကို လုံးဝအဖြစ်မခံသင့်ပါဘူး။

၃။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို လက်ခံနိုင်ရပါမယ်

"မြစ်တစ်ခုမှာ နှစ်ကြိမ်ရေချိုးလို့မရ" ဆိုတဲ့ ဒဿနဆန်ဆန်စကားလေးတစ်ခွန်းတောင် ရှိပါသေးတယ်။ ဆိုလိုရင်းကတော့ အရာရာတိုင်းဟာ အမြဲပြောင်းလဲနေပါတယ်တဲ့။ အဲဒီထဲမှာ လူသားတွေရဲ့ ခန္ဓာကိုယ် အချိုးအစားလည်း ပါဝင်နေနိုင်ပါတယ်။ စကြိုက်စဉ်က Six pack နဲ့ ဘာနဲ့ ဖြစ်ချင်ဖြစ်နေပေမယ့် ကိုယ်နဲ့တွဲပြီးမှ ဘီယာဗိုက်တစ်လုံး ထွက်လာတာကိုလည်း လက်သင့်ခံနိုင်ရပါမယ်။
ဘာပဲပြောပြော ကိုယ့်အပေါ်ထားတဲ့ သဘောထားလေး မပြောင်းမလဲရှိနေတာကိုပဲ ကျေးဇူးတင်ရမှာ မဟုတ်ပါလား။ တကယ်လို့ "မိမိဘယ်လိုမှ လက်မခံနိုင်ပါ" ဆိုရင်လည်း ပြောင်းလဲလာချင်အောင် စည်းရုံးယူကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုရင်လည်း အရမ်းကြီး push မလုပ်မိပါစေနဲ့။

၄။ ငွေရေးကြေးရေးကိစ္စ အရှုပ်အရှင်းကင်းပါစေ

သမီးရည်းစားတွေ အဆင်မပြေဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ငွေရေးကြေးရေးကိစ္စပါပဲ။ Anniversary (နှစ်ပတ်လည်) တို့၊ မွေးနေ့တို့မှာ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေ ပေးတာ/ ရတာကို အကျင့်မလုပ်ထားပါနဲ့။
လူဆိုတာ အမြဲတမ်းအဆင်ပြေနိုင်မှာမဟုတ်တဲ့အတွက် တန်ဖိုးကြီးလက်ဆောင်တွေ မပေးနိုင်တော့တဲ့အခါ ဒါဟာ အချင်းချင်းကြားမှာ ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ နောက်တစ်ခုက တစ်ယောက်က ပိုက်ဆံဒိုင်ခံရှာပြီး နောက်တစ်ယောက်က ထိုင်ဖြုန်းတာမျိုးလည်း မဖြစ်ပါစေနဲ့။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top