iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ ပိုၿပီး ၾကည္လင္လာ

ပ်ားရည္က ၀က္ၿခံေတြ၊ အစက္အေပ်ာက္ေတြကို ေပ်ာက္ေစၿပီး အသားအေရ ပိုၿပီး ၾကည္လင္လာေစပါတယ္။

ပ်ားရည္ကို ဒီအတိုင္း မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီးမွ ေရေႏြးနဲ႔ေဆးခ်ပါ။ ပ်ားရည္ တျခား ေၾကာ္ျငာေနတဲ့ ၀က္ၿခံေပ်ာက္ေဆးေတြ ထက္ပိုၿပီး ေကာင္းမြန္ပါတယ္။

ကိုယ္အေလးခ်ိန္ က်ဆင္းလာ

ပ်ားရည္မွာပါ၀င္တဲ့ အခ်ိဳဓာတ္က သဘာ၀အခ်ိဳဓာတ္ျဖစ္တာေၾကာင့္ သၾကားတို႔လို လူကို မ၀ေစပါဘူး။ သူ႔မွာ ဗီတာမင္ဓာတ္ေတြ အမ်ားႀကီးလည္း ပါ၀င္ပါတယ္။

အဲ့့ဒီအျပင္ ေသြးအတြင္း မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြကိုလည္း က်ဆင္းေစပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို ေရအနည္းငယ္နဲ႔ေဖ်ာ္ၿပီး တစ္ပတ္ကို ၂ ႀကိမ္ေလာက္ေသာက္သင့္ပါတယ္။

အိပ္ေရး၀၀ အိပ္ႏိုင္

ပ်ားရည္မွာ Tryptophan ဆိုတဲ့ အမိုင္ႏို အက္ဆစ္ဓာတ္တစ္မ်ိဳးပါ၀င္ၿပီး အဲ့ဒီဓာတ္က ဦးေႏွာက္ထဲကို၀င္ေရာက္ၿပီး အိပ္ေပ်ာ္ေစႏိုင္တဲ့ Serotonin ဓာတ္ကို ထုတ္လုပ္ေပးပါတယ္။ ဒါေၾကာင့္ အိပ္ေရး၀၀ အိပ္ႏိုင္ကာ မနက္က်ရင္လည္း လန္းလန္းဆန္းဆန္း ႏိုးထႏိုင္မွာျဖစ္ပါတယ္။

ပ်ားရည္ကို ဘယ္လုိ စားသံုးရမလဲ

ပ်ားရည္နဲ႔ သံပုရာသီး

အစာေျခစနစ္ကို ေထာက္ပံ့ေပးပါတယ္။ ပ်ားရည္ကို ေရနဲ႔ သံပုရာသီးတုိ႔နဲ႔ေရာၿပီး ေဖ်ာ္ၿပီး ေသာက္ႏိုင္ပါတယ္။

ပ်ားရည္နဲ႔ ပန္းသီး ရွာလကာရည္

ေဂါက္ေရာဂါအတြက္ ေကာင္းမြန္ပါတယ္။ ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္း ၁ ဇြန္းကို ပ်ားရည္နဲ႔ ေရေႏြးနဲ႔ေရာၿပီး ေသာက္ပါ။

ပ်ားရည္နဲ႔ ၾကက္သြန္ျဖဴ

ပ်ားရည္ကို ၾကက္သြန္ျဖဴနဲ႔ ေရာစားရင္ လည္ပင္းနာတာေတြ သက္သာေစပါတယ္။

ပ်ားရည္နဲ႔ ဂ်င္း

ဂ်င္းလက္တစ္တစ္ကို ေတာက္ေတာက္စဥ္းၿပီး ေရေႏြးပူထဲတစ္ခြက္ထဲထည့္ပါ။ ၁၀ မိနစ္ကေန ၁၅ မိနစ္ၾကာေအာင္ အိုးေပၚတင္ၿပီး အပူေပးပါ။ အိုးေပၚကခ်ၿပီး ပ်ားရည္ထည့္ကာ ေသာက္သံုးႏိုင္ပါတယ္။

အစာေျခစနစ္ကိုအားေကာင္းေစၿပီး ေခ်ာင္းဆိုးတာကို သက္သာေစပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေ ပိုပြီး ကြည်လင်လာ

ပျားရည်က ဝက်ခြံတွေ၊ အစက်အပျောက်တွေကို ပျောက်စေပြီး အသားအရေ ပိုပြီး ကြည်လင်လာစေပါတယ်။

ပျားရည်ကို ဒီအတိုင်း မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနွေးနဲ့ဆေးချပါ။ ပျားရည် တခြား ကြော်ငြာနေတဲ့ ဝက်ခြံပျောက်ဆေးတွေ ထက်ပိုပြီး ကောင်းမွန်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းလာ

ပျားရည်မှာပါဝင်တဲ့ အချိုဓာတ်က သဘာဝအချိုဓာတ်ဖြစ်တာကြောင့် သကြားတို့လို လူကို မဝစေပါဘူး။ သူ့မှာ ဗီတာမင်ဓာတ်တွေ အများကြီးလည်း ပါဝင်ပါတယ်။

အဲ့ဒီအပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ပျားရည်ကို ရေအနည်းငယ်နဲ့ဖျော်ပြီး တစ်ပတ်ကို ၂ ကြိမ်လောက်သောက်သင့်ပါတယ်။

အိပ်ရေး၀၀ အိပ်နိုင်

ပျားရည်မှာ Tryptophan ဆိုတဲ့ အမိုင်နို အက်ဆစ်ဓာတ်တစ်မျိုးပါဝင်ပြီး အဲ့ဒီဓာတ်က ဦးနှောက်ထဲကိုဝင်ရောက်ပြီး အိပ်ပျော်စေနိုင်တဲ့ Serotonin ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် အိပ်ရေး၀၀ အိပ်နိုင်ကာ မနက်ကျရင်လည်း လန်းလန်းဆန်းဆန်း နိုးထနိုင်မှာဖြစ်ပါတယ်။

ပျားရည်ကို ဘယ်လို စားသုံးရမလဲ

ပျားရည်နဲ့ သံပုရာသီး

အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ ပျားရည်ကို ရေနဲ့ သံပုရာသီးတို့နဲ့ရောပြီး ဖျော်ပြီး သောက်နိုင်ပါတယ်။

ပျားရည်နဲ့ ပန်းသီး ရှာလကာရည်

ဂေါက်ရောဂါအတွက် ကောင်းမွန်ပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည်နဲ့ ရေနွေးနဲ့ရောပြီး သောက်ပါ။

ပျားရည်နဲ့ ကြက်သွန်ဖြူ

ပျားရည်ကို ကြက်သွန်ဖြူနဲ့ ရောစားရင် လည်ပင်းနာတာတွေ သက်သာစေပါတယ်။

ပျားရည်နဲ့ ဂျင်း

ဂျင်းလက်တစ်တစ်ကို တောက်တောက်စဉ်းပြီး ရေနွေးပူထဲတစ်ခွက်ထဲထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြာအောင် အိုးပေါ်တင်ပြီး အပူပေးပါ။ အိုးပေါ်ကချပြီး ပျားရည်ထည့်ကာ သောက်သုံးနိုင်ပါတယ်။

အစာခြေစနစ်ကိုအားကောင်းစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top