iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြရဲ႕ အခ်စ္ေတြ ပုိင္ဆုိင္ထားတဲ့ အႏုပညာရွင္စုံတြဲတစ္တြဲျဖစ္တဲ့ ဟိန္းကုိကုိေက်ာ္နဲ႔ ျခဴး တုိ႔ကေတာ့ မတ္လ ၁၁ ရက္ေန႔မွာ ခ်စ္သူသက္တမ္း ၂ႏွစ္ျပည့္ၿပီလုိ႔ျဖစ္တာေၾကာင့္ ရုိက္ကြင္း ေပၚမွာ မအားမလပ္ျဖစ္ေနတဲ့ ျခဴးက ခ်စ္သူ ဟိန္းကုိကုိေက်ာ္အတြက္ ဆုေတာင္းစကားဆုိခဲ့ပါတယ္။

'' ဒီေန႔ အမွတ္တရေန႔ဆုိေပမယ့္ ျခဴးမွာ ရႈတင္က ရွိေနတဲ့အတြက္ေရာ၊ သူကလည္း မနက္ျဖန္မွ ရန္ကုန္လာျဖစ္မွာဆုိေတာ့ အဲ့ဒါက်မွ ေတြ႔ျဖစ္ၾကမယ္။ သူကေတာ့ ဆုေတာင္းစကားဆုိထား ၿပီးၿပီ ျခဴးရဲ႕ ဆုေတာင္းစကားဆုိရင္ေတာ့ ၂ ႏွစ္ျပည့္မွာက်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ က အလုပ္လုပ္ရင္းနဲ႔ေဝးေနၾကတာဆုိေတာ့ အဲ့ဒါကုိလည္း နားလည္ၿပီးေတာ့ ႏွစ္ေတြ အမ်ားႀကီးသြားႏုိင္ၿပီးေတာ့ ကုိယ့္ရည္ရြယ္ ခ်က္ ပန္းတုိင္ေတြ အျမန္ဆုံးခရီးဆက္ႏုိင္ပါေစေပါ့။ သူ႔ဘက္ကဆုိရင္လည္း ညီမ ေတာင္းဆုိထားတဲ့ သဝန္တုိတာေတြ ကိုလည္း ႏွစ္ေတြၾကာလာတာနဲ႔ အမွ်ေျပေပ်ာက္လာပါေစ'' ဆုိၿပီးေတာ့ ျခဴးက ဆုေတာင္းစကားဆုိခဲ့ပါတယ္။

ခ်စ္သူ သက္တမ္း  ၂ႏွစ္ျပည့္အတြင္း အမွတ္တရေလးကုိလည္း အခုလုိေျပာျပခဲ့ပါေသးတယ္။

'' ညီမတုိ႔ ၂ လျပည့္တုန္းကဆုိရင္ ျပင္ဦးလြင္မွာ ကားရုိက္ေနရင္း ၂ လ Anniversary ကုိျဖတ္သန္းတယ္။ နယ္မွာလည္းျဖစ္တယ္ သူကလည္း လုိက္လာေပးေတာ့ သူငယ္ခ်င္းေတြကုိ မုန္႔ေကၽြးျဖစ္ခဲ့တယ္။ၿပီးေတာ့ ၂ လျပည့္မွာ အေဖနဲ႔တရားဝင္ေတြ႔ေပးခဲ့တယ္ အေဖကလည္း ျပင္ဦးလြင္ကုိေရာက္ေနတာနဲ႔ တုိက္ဆုိင္သြားေတာ့ မိသားစုေတြဆုံျဖစ္တယ္။ အဲ့ဒီမွာ စၿပီး သူ႔ကိုမိတ္ဆက္ေပးခဲ့တာဆုိေတာ့ ဒါေလးက အမွတ္တရေပါ့ေနာ္'' လုိ႔ ဆုိပါတယ္။

သရုပ္ေဆာင္ျခဴးရဲ႕ ခ်စ္သူျဖစ္တဲ့ ဟိန္းကုိကုိေက်ာ္ကလည္း ႏွစ္ေယာက္သားေပ်ာ္ေပ်ာ္ရႊင္ရႊင္ရုိက္ကူးထားတဲ့ အမွတ္တရ ဓာတ္ပုံေလးေတြ တင္ရင္း သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ '' Happy 2 Year Anniversaryပါခ်စ္သူေလးေရ❤️❤️❤️သူမ်ားေတြ ႐ိုမန္လည္းမတစ္ တတ္....စပ႐ိုက္လည္း မတိုက္တတ္တာေတာ့ခြင့္လြတ္ '' ဆုိၿပီးေတာ့ ေရးသားခဲ့တာပါ။

Photo: ဟိန္းကုိကုိေက်ာ္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပရိသတ်တွေရဲ့ အချစ်တွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ဟိန်းကိုကိုကျော်နဲ့ ခြူး တို့ကတော့ မတ်လ ၁၁ ရက်နေ့မှာ ချစ်သူသက်တမ်း ၂နှစ်ပြည့်ပြီလို့ဖြစ်တာကြောင့် ရိုက်ကွင်း ပေါ်မှာ မအားမလပ်ဖြစ်နေတဲ့ ခြူးက ချစ်သူ ဟိန်းကိုကိုကျော်အတွက် ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' ဒီနေ့ အမှတ်တရနေ့ဆိုပေမယ့် ခြူးမှာ ရှုတင်က ရှိနေတဲ့အတွက်ရော၊ သူကလည်း မနက်ဖြန်မှ ရန်ကုန်လာဖြစ်မှာဆိုတော့ အဲ့ဒါကျမှ တွေ့ဖြစ်ကြမယ်။ သူကတော့ ဆုတောင်းစကားဆိုထား ပြီးပြီ ခြူးရဲ့ ဆုတောင်းစကားဆိုရင်တော့ ၂ နှစ်ပြည့်မှာကျတော့ တစ်ယောက်နဲ့ တစ်ယောက် က အလုပ်လုပ်ရင်းနဲ့ဝေးနေကြတာဆိုတော့ အဲ့ဒါကိုလည်း နားလည်ပြီးတော့ နှစ်တွေ အများကြီးသွားနိုင်ပြီးတော့ ကိုယ့်ရည်ရွယ် ချက် ပန်းတိုင်တွေ အမြန်ဆုံးခရီးဆက်နိုင်ပါစေပေါ့။ သူ့ဘက်ကဆိုရင်လည်း ညီမ တောင်းဆိုထားတဲ့ သဝန်တိုတာတွေ ကိုလည်း နှစ်တွေကြာလာတာနဲ့ အမျှပြေပျောက်လာပါစေ'' ဆိုပြီးတော့ ခြူးက ဆုတောင်းစကားဆိုခဲ့ပါတယ်။

ချစ်သူ သက်တမ်း  ၂နှစ်ပြည့်အတွင်း အမှတ်တရလေးကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ညီမတို့ ၂ လပြည့်တုန်းကဆိုရင် ပြင်ဦးလွင်မှာ ကားရိုက်နေရင်း ၂ လ Anniversary ကိုဖြတ်သန်းတယ်။ နယ်မှာလည်းဖြစ်တယ် သူကလည်း လိုက်လာပေးတော့ သူငယ်ချင်းတွေကို မုန့်ကျွေးဖြစ်ခဲ့တယ်။ပြီးတော့ ၂ လပြည့်မှာ အဖေနဲ့တရားဝင်တွေ့ပေးခဲ့တယ် အဖေကလည်း ပြင်ဦးလွင်ကိုရောက်နေတာနဲ့ တိုက်ဆိုင်သွားတော့ မိသားစုတွေဆုံဖြစ်တယ်။ အဲ့ဒီမှာ စပြီး သူ့ကိုမိတ်ဆက်ပေးခဲ့တာဆိုတော့ ဒါလေးက အမှတ်တရပေါ့နော်'' လို့ ဆိုပါတယ်။

သရုပ်ဆောင်ခြူးရဲ့ ချစ်သူဖြစ်တဲ့ ဟိန်းကိုကိုကျော်ကလည်း နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ရင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ '' Happy 2 Year Anniversaryပါချစ်သူလေးရေ❤️❤️❤️သူများတွေ ရိုမန်လည်းမတစ် တတ်....စပရိုက်လည်း မတိုက်တတ်တာတော့ခွင့်လွတ် '' ဆိုပြီးတော့ ရေးသားခဲ့တာပါ။

Photo: ဟိန်းကိုကိုကျော်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top