iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သင္ဟာ အားလံုးကို သိေနတဲ့သူမဟုတ္ဘူး။

စကားေျပာေနခ်ိန္မွာ အားလံုးကို သင္သိၿပီးသားပံုစံနဲ႔ စကားကို ျဖတ္မေျပာပါနဲ႔။ သူမ်ားေျပာတာ ဆံုးေအာင္ နားေထာင္ၿပီးမွ ေမးသင့္တဲ့ေမးခြန္း ေမးပါ။

၂။ ကိုယ့္ကိစၥကိုပဲ လုပ္ပါ။

မလိုအပ္တဲ့ ေနရာေတြမွာ ဝင္မပါပါနဲ႔။ ကိုယ့္ကိစၥမဟုတ္ဘဲဲ ဝင္ပါ ဝင္ေျပာတတ္သူေတြကို ဘယ္သူကမွ သေဘာမက်ပါဘူး။

၃။ ေဒါသမထြက္နဲ႔

အထူးသျဖင့္ အျငင္းအခုန္ေတြျဖစ္လာရင္ ေရွာင္ထြက္လိုက္ပါ။ အဲဒီေတာ့ လူေတြက သင္နဲ႔စကားေျပာရတာ အဆင္ေျပတဲ့အတြက္ သင့္ကို သေဘာက်လာပါလိမ့္မယ္။

၄။ စိတ္ရွည္ပါ။

လူေတြကို အခြင့္အေရးေပးပါ။ မမွားဖူးတဲ့သူမရွိပါဘူး။

၅။ ခ်ီးမြမ္းပါ။

ခ်ီးမြမ္းစရာရွိတာကို ခ်ီးမြမ္းတဲ့အတြက္ လူေတြက သင့္ကို သေဘာက်ပါလိမ့္မယ္။ အျမဲတမ္း စကားကို ေကာင္းေကာင္းေျပာတတ္တဲ့အတြက္ လူေတြက သင့္ကို ျမင္တာနဲ႔တင္ ျပံဳးျပႏႈတ္ဆက္ၾကလိမ့္မယ္။

၆။ လူေတြရဲ႕ေကာင္းကြက္ကို သိပါ။

တစ္ခါတေလမွာ အမူအက်င့္ခ်င္း မတူတဲ့သူေတြနဲ႔ အလုပ္လုပ္ရတာ အရမ္းခက္ခဲပါတယ္။ အဲဒီေတာ့ သူတုိ႔ရဲ႕ ေကာင္းကြက္ေတြကို ျမင္ေအာင္ၾကည့္ပါတယ္။ အေကာင္းျမင္တတ္သူကို လူေတြက ခင္မင္ပါတယ္။

၇။ ရမ္းသန္းၿပီး ေကာက္ခ်က္မဆြဲပါနဲ႔။

အခ်က္အလက္ေတြ အကုန္မသိဘဲနဲ႔ ထင္ရာျမင္ရာစြပ္ေျပာတတ္သူကို လူေတြက သေဘာမက်ပါဘူး။ အခ်က္အလက္အားလံုး သိရတဲ့အထိ ေစာင့္ၿပီးမွ ေျပာပါ။

၈။ ႐ိုးသားပါ။

ဘယ္သူ႔အေပၚမွာမွ မလိမ္ပါနဲ႔။ အားလံုးကို စိတ္ရင္းအမွန္အတုိင္း ဆက္ဆံပါ။

၉။ ရက္ေရာပါ။

မေႏွာေျမာ မတြန္႔တုိပါနဲ႔။ ကိုယ့္မွာ မုန္႔ရွိရင္ အနားကလူအားလံုးနဲ႔ ေဝမွ်စားေသာက္ပါ။ စားေသာက္ဆိုင္ထုိင္ရင္ အနည္းဆံုး ကိုယ့္အတြက္ ကိုယ္ရွင္းပါ။ ဒီတစ္ႀကိမ္ သူရွင္းရင္ ေနာက္တစ္ႀကိမ္ ကိုယ္ရွင္းေပးဖို႔ မေမ့ပါနဲ႔။

၁၀။ ႏႈတ္လံုပါ။

သင့္ဆီက ဘယ္စကားမွ ျပန္မေပါက္ၾကားဘူးဆုိရင္ လူေတြက သင့္ကို ယုံၾကည္ခ်စ္ခင္လာပါလိမ့္မယ္။ သူတုိ႔မွာ လွ်ဳိ႕ဝွက္ခ်က္တစ္ခုခုရွိေနတဲ့အခါ သင့္ဆီ ေရာက္လာၾကလိမ့္မယ္။

Source & Photos : Lifehack

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ သင်ဟာ အားလုံးကို သိနေတဲ့သူမဟုတ်ဘူး။

စကားပြောနေချိန်မှာ အားလုံးကို သင်သိပြီးသားပုံစံနဲ့ စကားကို ဖြတ်မပြောပါနဲ့။ သူများပြောတာ ဆုံးအောင် နားထောင်ပြီးမှ မေးသင့်တဲ့မေးခွန်း မေးပါ။

၂။ ကိုယ့်ကိစ္စကိုပဲ လုပ်ပါ။

မလိုအပ်တဲ့ နေရာတွေမှာ ဝင်မပါပါနဲ့။ ကိုယ့်ကိစ္စမဟုတ်ဘဲ ဝင်ပါ ဝင်ပြောတတ်သူတွေကို ဘယ်သူကမှ သဘောမကျပါဘူး။

၃။ ဒေါသမထွက်နဲ့

အထူးသဖြင့် အငြင်းအခုန်တွေဖြစ်လာရင် ရှောင်ထွက်လိုက်ပါ။ အဲဒီတော့ လူတွေက သင်နဲ့စကားပြောရတာ အဆင်ပြေတဲ့အတွက် သင့်ကို သဘောကျလာပါလိမ့်မယ်။

၄။ စိတ်ရှည်ပါ။

လူတွေကို အခွင့်အရေးပေးပါ။ မမှားဖူးတဲ့သူမရှိပါဘူး။

၅။ ချီးမွမ်းပါ။

ချီးမွမ်းစရာရှိတာကို ချီးမွမ်းတဲ့အတွက် လူတွေက သင့်ကို သဘောကျပါလိမ့်မယ်။ အမြဲတမ်း စကားကို ကောင်းကောင်းပြောတတ်တဲ့အတွက် လူတွေက သင့်ကို မြင်တာနဲ့တင် ပြုံးပြနှုတ်ဆက်ကြလိမ့်မယ်။

၆။ လူတွေရဲ့ကောင်းကွက်ကို သိပါ။

တစ်ခါတလေမှာ အမူအကျင့်ချင်း မတူတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ အရမ်းခက်ခဲပါတယ်။ အဲဒီတော့ သူတို့ရဲ့ ကောင်းကွက်တွေကို မြင်အောင်ကြည့်ပါတယ်။ အကောင်းမြင်တတ်သူကို လူတွေက ခင်မင်ပါတယ်။

၇။ ရမ်းသန်းပြီး ကောက်ချက်မဆွဲပါနဲ့။

အချက်အလက်တွေ အကုန်မသိဘဲနဲ့ ထင်ရာမြင်ရာစွပ်ပြောတတ်သူကို လူတွေက သဘောမကျပါဘူး။ အချက်အလက်အားလုံး သိရတဲ့အထိ စောင့်ပြီးမှ ပြောပါ။

၈။ ရိုးသားပါ။

ဘယ်သူ့အပေါ်မှာမှ မလိမ်ပါနဲ့။ အားလုံးကို စိတ်ရင်းအမှန်အတိုင်း ဆက်ဆံပါ။

၉။ ရက်ရောပါ။

မနှောမြော မတွန့်တိုပါနဲ့။ ကိုယ့်မှာ မုန့်ရှိရင် အနားကလူအားလုံးနဲ့ ဝေမျှစားသောက်ပါ။ စားသောက်ဆိုင်ထိုင်ရင် အနည်းဆုံး ကိုယ့်အတွက် ကိုယ်ရှင်းပါ။ ဒီတစ်ကြိမ် သူရှင်းရင် နောက်တစ်ကြိမ် ကိုယ်ရှင်းပေးဖို့ မမေ့ပါနဲ့။

၁၀။ နှုတ်လုံပါ။

သင့်ဆီက ဘယ်စကားမှ ပြန်မပေါက်ကြားဘူးဆိုရင် လူတွေက သင့်ကို ယုံကြည်ချစ်ခင်လာပါလိမ့်မယ်။ သူတို့မှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေတဲ့အခါ သင့်ဆီ ရောက်လာကြလိမ့်မယ်။

Source & Photos : Lifehack

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top