iMyanmarHouse.com - Best Property Website for Myanmar
×

လက္ေမာင္းေအာက္ ခ်ိဳင္းသား မည္းေနသူေတြ စိတ္ညစ္မေနနဲ႔ေတာ့ေနာ။ ကိုယ့္ရဲ႕လက္တကမ္းမွာပဲ အလြယ္ရႏိုင္တဲ့ ပစၥည္းေတြနဲ႔ပဲ ျပဳျပင္လို႔ရေနၿပီ။ နည္းလမ္းေတြကို လြယ္လြန္းလိုက္တာ ဆိုၿပီး အထင္ေတာ့မေသးပါနဲ႔။ အခ်ိန္နဲ႔ စိတ္ရွည္မႈပဲ လိုပါတယ္။

(၁) အာလူး က သိပ္ေကာင္းတဲ့ သဘာ၀ အေရာင္ခၽြတ္ေဆးပါ။ သူ႔မွာ အက္ဆစ္ေပ်ာ့ေတြ ပါ၀င္တာေၾကာင့္ အေရျပားကို မယားယံေစပါဘူး။ အာလူးကို ပါးပါးေလးေတြ လႊာလွီးလိုက္ၿပီး ခ်ိဳင္းေနရာကို ၅ မိနစ္ ၁၀ မိနစ္ေလာက္ ပြတ္တိုက္ရပါမယ္။ ၿပီးရင္ေတာ့ ေရ ၾကက္သီးေႏြးေလးနဲ႔ ေဆးခ်လိုက္ေပါ့။ ခ်ိဳင္းသားေလး ျမန္ျမန္ျဖဴခ်င္ရင္ အနည္းဆံုး တစ္ေန႔ ၂ ခါ ေလာက္ လုပ္ေပးပါ တဲ့။ လြယ္တယ္မလား။

(၂) လီမြန္ ဆိုတဲ့ ေရွာက္သီး၊ သံပုရာ၊ သံပုရို သီးေတြကလဲ သဘာ၀ကိုက သန္႔စင္ သုတ္သင္ေပးတဲ့ ပစၥည္းပါ။ သူ႔မွာက ေရာဂါပိုးေတြ သန္႔စင္ေပးတဲ့၊ ဘက္တီးရီးယား သန္႔စင္ေပးတဲ့ ဓာတ္ေတြ ပါၿပီးသား။ လီမြန္မွာပါတဲ့ အက္ဆစ္ဂုဏ္သတၱိေတြက ေတာက္ပေစျခင္းနဲ႔ ဆဲလ္အေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
ေရမခ်ိဳးခင္ သံပုရာသီးကို အစိပ္လိုက္ေလး လွီးလိုက္ၿပီး ခ်ိဳင္းကို ပြတ္ေပးရပါမယ္။ ၿပီးရင္ေတာ့ အသားအေရ မေျခာက္သြားရေအာင္ moisturizer တမ်ိဳးမ်ိဳး လိမ္းထားလို႔ ရပါတယ္။
သံပုရာရည္ သံုးတဲ့ ေနာက္တစ္နည္းကေတာ့ သံပုရာရည္+ ဆႏြင္းမႈန္႔+ဒိန္ခ်ဥ္+ပ်ားရည္ ေရာၿပီး အႏွစ္လုပ္။ အဲဒီအႏွစ္ကို ခ်ိဳင္းမွာ အနည္းဆံုး ၁၀ မိနစ္ေလာက္ လိမ္းထားၿပီး ေရေဆးခ်လိုက္တာပါ။ လြယ္တယ္ေနာ္ ဒီနည္းလဲ။

(၃) Baking Soda မုန္႔ဖုတ္ေဆာ္ဒါကလဲ ခ်ိဳင္းသားျဖဴဖို႔ အေကာင္းဆံုး scrub ပါ။ ခႏၶာကိုယ္ အနံ႔ဆိုးေတြ မထြက္ေအာင္လဲ ကာကြယ္ေပးႏိုင္ပါတယ္။ မုန္႔ဖုတ္ေဆာ္ဒါကို ေရနဲနဲနဲ႔ ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္လုပ္။ ခ်ိဳင္းမွာ လိမ္းထားၿပီး အဲဒီေနရာတ၀ိုက္ကို scrubbing လုပ္ေနေပါ့။ ၿပီးရင္ေတာ့ ေဆးခ်လိုက္ၿပီး ေျခာက္သြားေအာင္ ခပ္ဖြဖြေလး ပုတ္ ပုတ္ေပးေပါ့။ ဒါလဲ လြယ္တာပဲ။

(၄) သခြားသီးကေတာ့ အသားအေရ အေရာင္လင္းလက္ေစပါတယ္။ သံပုရာသီးနဲ႔ သခြားသီး ၂ မ်ိဳး ေရာလိုက္ရင္ အသားအေရမွာ မည္းကြက္ေနတာေတြကို ေကာင္းေကာင္း အေရာင္ခၽြတ္ေပးႏိုင္တာေပါ့။ သခြားသီးက အသားအေရ ေပ်ာ့ေပ်ာင္းေစသလို သံပုရာသီးက အေရာင္ခြ်တ္ေပးတာကိုး။
သခြားသီးကို လွီးၿပီး ခ်ိဳင္းသားကို ပြတ္တိုက္ေပးေနေပါ့။ ဒါမွမဟုတ္လဲ သခြားရည္ကို ခ်ိဳင္းက မည္းေနတဲ့ေနရာ လိမ္းထားလိုက္တာပါ။
သခြားရည္သံုးတဲ့ ေနာက္တစ္နည္းကေတာ့ သခြားရည္နဲ႔သံပုရာရည္ အေရာထဲ ဆႏြင္းမႈန္႔နဲနဲ ေရာေမႊၿပီး လိမ္းတာပါ။

(၅) လိေမၼာ္သီးအခြံမွာလဲ ခ်ိဳင္းသားေတြ မည္းတာကို ျဖဴလာေအာင္ အေရာင္ခၽြတ္ေပးႏိုင္စြမ္း ရွိပါတယ္။ scrub လုပ္တဲ့နည္းကလဲ မခက္ပါဘူး။
အရင္ဆံုး လိေမၼာ္ခြံကို အေျခာက္လွမ္းရပါတယ္။ ၿပီးရင္ေတာ့ ဘလန္ဒါ ႀကိတ္စက္နဲ႔ အမႈန္႔ျဖစ္သြားေအာင္ ႀကိတ္လိုက္ပါ။ အဲဒီလိေမၼာ္ခြံအမႈန္႔ရယ္+ ႏို႔ရည္+ ႏွင္းဆီရည္ (စူပါမားကက္ေတြ အလွကုန္ဆိုင္ေတြမွာ ေမး၀ယ္ပါ)။ အႏွစ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ ေဖ်ာ္ထားပါ။ ခ်ိဳင္းကို လိမ္းထား၊ ၁၀ မိနစ္ေလာက္ scrub လုပ္။ ခပ္ျဖည္းျဖည္း ပြတ္တာေပါ့။ ၿပီးရင္ေတာ့ ေရေဆးခ်လိုက္ေတာ့ေလ။

ကဲ-- လက္ျပတ္အကၤ် ီပဲ ၀တ္၀တ္၊ ခ်ိဳင္းအနံ႔ဆိုးလဲ မထြက္ေအာင္ အလြယ္သံုး အိမ္တြင္းကုထံုးပါ။ အားလံုး အဆင္ေျပၾကပါေစေနာ္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။

(၁) အာလူး က သိပ်ကောင်းတဲ့ သဘာ၀ အရောင်ချွတ်ဆေးပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင်တာကြောင့် အရေပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက်ရပါမယ်။ ပြီးရင်တော့ ရေ ကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ်မလား။

(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေကလဲ သဘာဝကိုက သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ သူ့မှာက ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန်မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက တောက်ပစေခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေမချိုးခင် သံပုရာသီးကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်းကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသားအရေ မခြောက်သွားရအောင် moisturizer တမျိုးမျိုး လိမ်းထားလို့ ရပါတယ်။
သံပုရာရည် သုံးတဲ့ နောက်တစ်နည်းကတော့ သံပုရာရည်+ ဆနွင်းမှုန့်+ဒိန်ချဉ်+ပျားရည် ရောပြီး အနှစ်လုပ်။ အဲဒီအနှစ်ကို ချိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်တာပါ။ လွယ်တယ်နော် ဒီနည်းလဲ။

(၃) Baking Soda မုန့်ဖုတ်ဆော်ဒါကလဲ ချိုင်းသားဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ် အနံ့ဆိုးတွေ မထွက်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲနဲနဲ့ ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်။ ချိုင်းမှာ လိမ်းထားပြီး အဲဒီနေရာတဝိုက်ကို scrubbing လုပ်နေပေါ့။ ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ် ပုတ်ပေးပေါ့။ ဒါလဲ လွယ်တာပဲ။

(၄) သခွားသီးကတော့ အသားအရေ အရောင်လင်းလက်စေပါတယ်။ သံပုရာသီးနဲ့ သခွားသီး ၂ မျိုး ရောလိုက်ရင် အသားအရေမှာ မည်းကွက်နေတာတွေကို ကောင်းကောင်း အရောင်ချွတ်ပေးနိုင်တာပေါ့။ သခွားသီးက အသားအရေ ပျော့ပျောင်းစေသလို သံပုရာသီးက အရောင်ချွတ်ပေးတာကိုး။
သခွားသီးကို လှီးပြီး ချိုင်းသားကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှမဟုတ်လဲ သခွားရည်ကို ချိုင်းက မည်းနေတဲ့နေရာ လိမ်းထားလိုက်တာပါ။
သခွားရည်သုံးတဲ့ နောက်တစ်နည်းကတော့ သခွားရည်နဲ့သံပုရာရည် အရောထဲ ဆနွင်းမှုန့်နဲနဲ ရောမွှေပြီး လိမ်းတာပါ။

(၅) လိမ္မော်သီးအခွံမှာလဲ ချိုင်းသားတွေ မည်းတာကို ဖြူလာအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ scrub လုပ်တဲ့နည်းကလဲ မခက်ပါဘူး။
အရင်ဆုံး လိမ္မော်ခွံကို အခြောက်လှမ်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါ ကြိတ်စက်နဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်လိုက်ပါ။ အဲဒီလိမ္မော်ခွံအမှုန့်ရယ်+ နို့ရည်+ နှင်းဆီရည် (စူပါမားကက်တွေ အလှကုန်ဆိုင်တွေမှာ မေးဝယ်ပါ)။ အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်းကို လိမ်းထား၊ ၁၀ မိနစ်လောက် scrub လုပ်။ ခပ်ဖြည်းဖြည်း ပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့လေ။

ကဲ-- လက်ပြတ်အင်္ကျ ီပဲ ဝတ်ဝတ်၊ ချိုင်းအနံ့ဆိုးလဲ မထွက်အောင် အလွယ်သုံး အိမ်တွင်းကုထုံးပါ။ အားလုံး အဆင်ပြေကြပါစေနော်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top