iMyanmarHouse.com - Best Property Website for Myanmar
×
၁။ နှုတ်ခမ်းနီ
၂။ နားကြတ်
၎။ ချွေးနံ့ပျောက်ဆေး
၅။ တဘက်
၆။ ဇာဂနာပစ္စည်းတွေ
Credit : My Style
ပို့သပေးပါတယ်။
အဓိကအားဖြင့် မိန်းကလေးတွေက သူငယ်ချင်းအချင်းချင်း အလှပြင်ပစ္စည်းလေးတွ မျှဝေအသုံးပြုတတ်ကြပါတယ်။ မိန်းကလေးအချင်းချင်း အခုလို ပစ္စည်းတွေ မငှားပြန်ရင်လည်း ကပ်စေးနည်းတယ်လို့ ထင်ခံရတာကတကြောင်း၊ အားနာတာကတကြောင်း နဲ့ ငှားလိုက်မိတာ၊ အတူတူ မျှဝေသုံးမိတာတွေရှိပါတယ်။ ဒါပေမယ့် သူ့ကိုတကယ်ချစ်ရင် ဒီပစ္စည်းလေးတွေကို မျှဝေမသုံးသင့်ပါဘူး။
၁။ နှုတ်ခမ်းနီ
နှုတ်ခမ်းနီကို မျှဝေမသုံးသင့်ပါဘူး။ တစ်ဦးရဲ့ နှုတ်ခမ်းမှာ ရှိတဲ့ အညစ်အကြေးတွေ ဘက်တီးရီးယား ပိုးမွှားတွေ ကပ်ညှိနေတာကြောင့် တစ်ယောက်ကိုယ်တစ်ယောက် ကူးစက်နိုင်ပါတယ်။ တကယ်လို့ မဖြစ်မနေ ငှားရမယ်ဆိုရင်လည်း နှုတ်ခမ်းနီကို တစ်ရှူးနဲ့ သေချာသုတ်ပြီး လိမ်းခိင်းပါ။ ပြီးရင် ပြန်သန့်ရှင်းရေးလုပ်ပေးပါ။
၂။ နားကြတ်
ချစ်တဲ့သူတွေနဲ့ မျှဝေမသုံးသင့်တဲ့ ပစ္စည်း (၈) မျိုး
Ear Phone တွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် မျှဝေမသုံးသင့်ပါဘူး။ ကိုယ့်ရဲ့ နားရွက်ထဲမှာ ဘက်တီးရီးယားပိုးတွေ ကပ်ညှိနေတာကြောင့် နားကြတ် (ဂျက်) မှာလည်း ကပ်ညှိနေတတ်ပါတယ်။ တစ်ပတ်ကို တခါ အနည်းဆုံး နားဂျက်ကို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
၃။ ကလစ်တွေနဲ့ ဆံပင်ကောက်တဲ့ ဘီးကုပ်တွေ
ကလစ်တွေနဲ့ ဆံပင်ကောက်တဲ့ ဘီးကုပ်တွေမှာ ဆံပင်ပေါ်မှာရှိတဲ့ အဆီတွေ ဘက်တီးရီးယားတွေ ကပ်ညှိနေတတ်တာကြောင့် သူငယ်ချင်းချင်းချင်း မျှဝေမသုံးသင့်ပါဘူး။ မဟုတ်ရင်လည်း သေချာ သန့်ရှင်းရေးလုပ်ပြီးမှ သုံးပါ။
၄။ ချွေးနံ့ပျောက်ဆေး
ချွေးနံ့ပျောက်ဆေးတွေကိုလည်း တစ်ယောက်ကိုယ်တစ်ယောက် မျှဝေမသုံးသင့်ပါဘူး။ အဲဒီချွေးနံ့ပျောက် ချိုင်းလိမ်းဆီမှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်ညှိနေတတ်ပါတယ်။ ချိုင်းနံ့နံတာကိုလည်း တစ်ယောက်ကိုယ်တစ်ယောက် ကူးစက်စေပါတယ်။
၅။ တဘက်
သူငယ်ချင်း အချင်းချင်း တဘက်ကို အတူတူ မျှဝေမသံးသင့်ပါဘူး။ တဘက်မှာ ဘက်တီးရီးယားတွေ ကပ်ညှိကျန်နေတတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ဘက်တီးရီးယားတွေ ကူးစက်စေပါတယ်။
၆။ ဇာဂနာပစ္စည်းတွေ
ဇာဂနာတွေကို အတူတူသုံးတာတာကလည်း ဘက်တီးရီးယားပိုးတွေကို ဖြန့်ဝေပေးတာနဲ့ အတူတူမို့ တစ်ယောက်တည်း သီးသန့်သုံးတာပဲ ပိုကောင်းပါတယ်။
၇။ အသားအရေ ထိန်းသိမ်းရေးအတွက် အသုံးပြုတဲ့ ကုန်ပစ္စည်းတွေ
ဥပမာ brush တွေ ကို အတူတူ မျှဝေသုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။
၈။ အိမ်တွင်း စီးတဲ့ ဖိနပ်တွေ
အိမ်ထဲမှာ စီးတဲ့ ဖိနပ်တွေကို အတူတူ မျှဝေသုံးစွဲတာမျိုးမလုပ်သင့်ပါဘူး။ ဧည့်သည်အတွက် သပ်သပ် တစ်ရံ ထားသင့်ပါတယ်။ အိမ်တွင်းစီးဖိနပ်တွေက ကြာကြာနေမှ လျှော်တတ်တာမို့ ဘက်တီးရီးယားပိုးတွေ အများကြီး ကပ်ညှိနေတတ်ပါတယ်။
Credit : My Style
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top