iMyanmarHouse.com - Best Property Website for Myanmar
×

ႏွင္းဆီပန္းကို လက္ေဆာင္အျဖစ္သာမက ခ်စ္ျခင္းေမတၱာသေကၤတအျဖစ္ အဓိပၸာယ္ေဖာ္ေဆာင္ၾကပါတယ္။ ဒါတင္မက ႏွင္းဆီရဲ့ႏွစ္လိုဖြယ္ရနံ့က ကိုယ္စိတ္ႏွစ္ပါးေအးခ်မ္းေစျပီး ႏွင္းဆီရဲ့ပြင့္ဖတ္ေတြဟာလည္း အေရျပားက်န္းမာေရးအတြက္ အက်ိဳးျပဳတာေၾကာင့္အေကာင္းဆံုးလက္ေဆာင္ဆိုရင္မမွားႏိုင္ပါဘူး။

ဒါေၾကာင့္မို့ ႏွင္းဆီပြင့္ဖတ္ေတြက က်န္းမာေရးအတြက္ ဘယ္လုိအက်ိဳးျပဳလဲဆိုတာေလးမွ်ေဝေပးခ်င္ပါတယ္။ ႏွင္းဆီပြင့္ဖတ္ဟာ သဘာဝကေပးတဲ့ တိုနာဆိုရင္မမွားပါဘူး။ ႏွင္းဆီပြင့္ဖတ္ေတြကို ေရထဲမွာစိမ္ထားျပီး အဲဒီေရနဲ့မ်က္ႏွာကိုသစ္ေပးမယ္၊ သုတ္လိမ္းေပးမယ္ဆိုရင္ အေရျပားေခ်ာမြတ္ေစပါတယ္။

ေရခ်ိဳးကန္ထဲမွာ ႏွင္းဆီပြင့္ဖတ္ေတြစိမ္ထားျပီး ေရစိမ္ခိ်ဳးေပးမယ္ဆိုရင္လည္း အသားအေရႏူးညံ့ေခ်ာေမြ႔ေစတယ္လို့ ဆိုလိုပါတယ္။ ႏွင္းဆီပြင့္ဖတ္ဟာ ဗီတာမင္စီၾကြယ္ဝတာေၾကာင့္ ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးတာေတြကိုလည္း ကာကြယ္ႏိုင္ပါေသးတယ္။ ႏွင္းဆီပြင့္ဖတ္ရယ္၊ သခြားရည္ရယ္၊ အလွဆီရယ္ေရာျပီး အေရျပားကို လိမ္းေပးရင္ ေနေလာင္တာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

ေနာက္ျပီးဝက္ျခံတို့၊ တင္းတိတ္တို့ တျခားအေရျပားေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္သလို မ်က္ကြင္းညိဳတာေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ မ်က္ႏွာေပၚကိုေရစိမ္ထားတဲ့ ႏွင္းဆီပြင့္ဖတ္ေလးေတြနဲ့ ညင္ညင္သာသာေလးပြတ္ေပးမယ္ဆိုရင္ မ်က္ႏွာေပၚကအညစ္အေၾကးေတြကို သန့္စင္ေပးတယ္လုိ့ဆိုပါတယ္။

ပ်ားရည္နဲ့ေရာျပီးေတာ့ပဲျဖစ္ျဖစ္၊ အယ္လ္မြန္သီးအႏွစ္နဲ့ ပြင့္ဖတ္ေတြေရာျပိးသုတ္လိမ္းတာကလညး္ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး က်န္းမာသန္စြမ္းေစတာေၾကာင့္ ႏွင္းဆီပန္းေတြကို အက်ိဳးရွိရွိသံုးၾကရေအာင္ပါ။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နှင်းဆီပန်းကို လက်ဆောင်အဖြစ်သာမက ချစ်ခြင်းမေတ္တာသင်္ကေတအဖြစ် အဓိပ္ပာယ်ဖော်ဆောင်ကြပါတယ်။ ဒါတင်မက နှင်းဆီရဲ့နှစ်လိုဖွယ်ရနံ့က ကိုယ်စိတ်နှစ်ပါးအေးချမ်းစေပြီး နှင်းဆီရဲ့ပွင့်ဖတ်တွေဟာလည်း အရေပြားကျန်းမာရေးအတွက် အကျိုးပြုတာကြောင့်အကောင်းဆုံးလက်ဆောင်ဆိုရင်မမှားနိုင်ပါဘူး။

ဒါကြောင့်မို့ နှင်းဆီပွင့်ဖတ်တွေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာလေးမျှဝေပေးချင်ပါတယ်။ နှင်းဆီပွင့်ဖတ်ဟာ သဘာဝကပေးတဲ့ တိုနာဆိုရင်မမှားပါဘူး။ နှင်းဆီပွင့်ဖတ်တွေကို ရေထဲမှာစိမ်ထားပြီး အဲဒီရေနဲ့မျက်နှာကိုသစ်ပေးမယ်၊ သုတ်လိမ်းပေးမယ်ဆိုရင် အရေပြားချောမွတ်စေပါတယ်။

ရေချိုးကန်ထဲမှာ နှင်းဆီပွင့်ဖတ်တွေစိမ်ထားပြီး ရေစိမ်ချိုးပေးမယ်ဆိုရင်လည်း အသားအရေနူးညံ့ချောမွေ့စေတယ်လို့ ဆိုလိုပါတယ်။ နှင်းဆီပွင့်ဖတ်ဟာ ဗီတာမင်စီကြွယ်ဝတာကြောင့် နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာတွေကိုလည်း ကာကွယ်နိုင်ပါသေးတယ်။ နှင်းဆီပွင့်ဖတ်ရယ်၊ သခွားရည်ရယ်၊ အလှဆီရယ်ရောပြီး အရေပြားကို လိမ်းပေးရင် နေလောင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ပြီးဝက်ခြံတို့၊ တင်းတိတ်တို့ တခြားအရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်သလို မျက်ကွင်းညိုတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မျက်နှာပေါ်ကိုရေစိမ်ထားတဲ့ နှင်းဆီပွင့်ဖတ်လေးတွေနဲ့ ညင်ညင်သာသာလေးပွတ်ပေးမယ်ဆိုရင် မျက်နှာပေါ်ကအညစ်အကြေးတွေကို သန့်စင်ပေးတယ်လို့ဆိုပါတယ်။

ပျားရည်နဲ့ရောပြီးတော့ပဲဖြစ်ဖြစ်၊ အယ်လ်မွန်သီးအနှစ်နဲ့ ပွင့်ဖတ်တွေရောပြိးသုတ်လိမ်းတာကလည်း အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ကျန်းမာသန်စွမ်းစေတာကြောင့် နှင်းဆီပန်းတွေကို အကျိုးရှိရှိသုံးကြရအောင်ပါ။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top