iMyanmarHouse.com - Best Property Website for Myanmar
×

ေတာ္ေတ္ာမ်ားမ်ားက မနက္ခင္းေရခ်ိဳးရတာကို မၾကိဳက္ၾကပါဘူး။ မနက္ခင္းမွာ ေရကအရမ္းေအးတာေၾကာင့္လည္း မခ်ိဳးၾကတာပါ။ မနက္ခင္းေရေစာေစာခ်ိဳးတာက ေရေအးေအး ေလေအးေအးနဲ႔ထိေတြ႔မယ္ဆိုရင္ဖ်ားတာနာတာနဲ႔ အဆစ္ေရာင္တာေတြလိုမ်ိဳး ေရာဂါေတြျဖစ္လာမယ္လို႔ အမ်ားစုက လက္ခံထားၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီအေတြးေတြက ရာႏႈန္းျပည့္မမွန္ပါဘူး။ မနက္ခင္းမွာ ေရခ်ိဳးတာက ခႏၶာကိုယ္အတြက္ေကာင္းက်ိဳးေတြရွိေနပါတယ္။ မနက္ေစာေစာေရခ်ိဳးတာကို ဘာလို႔ေကာင္းတယ္လို႔ေျပာရလဲဆိုတာကို နည္းနည္းေလာက္ေျပာျပေပးမယ္ေနာ္။

မနက္ေစာေစာေရခ်ိဳးေပးရင္

ေရခ်ိဳးတာက တစ္ကိုယ္ရည္သန္႔ရွင္းမႈအတြက္ အေရးပါတဲ့အရာတစ္ခုပါ။ လူတစ္ေယာက္ဟာ တစ္ေန႔ကို အနည္းဆံုးေရတစ္ၾကိမ္ေလာက္ေတာ့ခ်ိဳးသင့္ပါတယ္။ အခ်ိဳ႕က ေရကိုမနက္ခင္းခ်ိဳးရတာႏွစ္သက္ျပီး အခ်ိဳ႕ကေတာ့ေရကိုညပိုင္းခ်ိဳးရတာႏွစ္သက္ၾကပါတယ္။ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြမစတင္ခင္မွာေရခ်ိဳးေပးတာက တစ္ေနကုန္သန္႔ရွင္းလန္းဆန္းမႈကိုရရွိေစမွာျဖစ္ပါတယ္။ မနက္ေစာေစာေရခ်ိဳးတာက ခႏၶာကိုယ္အတြက္ ဘယ္လိုအက်ိဳးျပဳလဲဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္ပါ။

စိတ္ကိုလန္းဆန္းေစႏိုင္တယ္

မနက္ခင္းမွာ ေရခ်ိဳးရင္ အေအးမိတာ၊တုပ္ေကြးျဖစ္တာေတြျဖစ္ႏိုင္တယ္ဆိုတဲ့ အယူအဆက အျပည့္အဝမမွန္ပါဘူး။ မနက္ခင္းမွာ ေရေအးေအးေလးခ်ိဳးလိုက္တာက စိတ္ေရာလူပါလန္းဆန္းသြားေစႏိုင္ပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္တစ္ခုလံုးကို သက္ေတာင့္သက္သာျဖစ္ေစ ပါတယ္။

အသားအေရၾကည္လင္ေစႏိုင္တယ္

မနက္ေစာေစာေရခ်ိဳးတာကေန ရရွိႏို္င္မယ့္ ေနာက္ထပ္အက်ိုးေက်းဇူးတစ္ခုက အသားအေရၾကည္လင္ေစတာပါ။ ကၽြမ္းက်င္သူအခ်ိဳ႕ကေတာ့ မနက္ခင္းေရခ်ိဳးတဲ့အခါ ခႏၶာကိုယ္အႏံွ႔ကို ေရထိလိုက္တယ္ဆိုရင္ပဲ အသားအေရက လန္းဆန္းသြားမွာျဖစ္ပါတယ္။ အခ်ိန္ၾကာလာနဲ႔အမွ် အသားအေရ ႏူးညံ႔ေခ်ာေမြ႔ လာတာကိုပါခံစားရမွာျဖစ္ပါတယ္။

ကိုယ္ခံအားကို ေကာင္းေစႏိုင္တယ္

မနက္ခင္းေစာေစာမွာ ေရခ်ိဳးေပးတာက ကိုယ္ခံအားစနစ္ကိုတိုးတက္ေကာင္းမြန္ေအာင္ အေထာက္အကူေပးပါတယ္။ ေလ့လာမႈအခ်ိဳ႕အရ မနက္ခင္းမွာ ေရေအးေအးေလးနဲ႔ခ်ိဳးေပးတာက ေသြးျဖဴဥဆဲလ္ေတြကို တိုးပြားေစျပီး ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစႏိုင္တယ္လို႔သိရပါတယ္။ ဗိုင္းရပ္စ္ေတြ ဘက္တီးရီးယားေတြေၾကာင့္ က်န္းမာေရးထိခိုက္ႏိုင္ေျခကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

မ်ိဳးေအာင္ႏိုင္စြမ္းကိုတိုးေစႏိုင္တယ္

ကေလးလိုခ်င္တဲ့ ဇနီးေမာင္ႏွံေတြအေနနဲ႔ ကေလးလိုခ်င္တယ္ဆိုရင္ေတာ့ မနက္ခင္းေစာေစာေရခ်ိဳးေပးသင့္ပါတယ္။ မနက္ေစာေစာ ေရခ်ိဳးတာက မ်ိဳးေအာင္ႏိုင္စြမ္းတိုးေအာင္လုပ္ေဆာင္ေပးႏိုင္ပါတယ္။ မနက္ခင္းမွာေရခ်ိဳးေပးတာက အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ မ်ိဳးေအာင္နိုင္စြမ္းတိုးေစႏိုင္တာပါ။

ကိုယ္တြင္းေသြးလည္ပတ္မႈကိုေကာင္းမြန္ေစႏုိင္တယ္

မနက္ခင္းေရခ်ိဳးေပးတာက ခႏၶာကိုယ္တြင္းကေသြးလည္ပတ္မႈကိုေကာင္းမြန္ေစႏုိင္ပါတယ္။ ညဘက္အိပ္မေပ်ာ္တာေၾကာင့္ ခႏၶာကိုယ္က ထိုင္းထိုင္းမိႈင္းမိႈင္းျဖစ္ေနမယ္ဆိုရင္ အိပ္ရာႏိုးလာတဲ့အခါ ခႏၶာကိုယ္ေသြးလည္ပတ္မႈက သိပ္မေကာင္းဘဲျဖစ္ေနတာမ်ိဳး ျဖစ္နိုင္ပါတယ္။ တကယ္လို႔ မနက္ခင္းေစာေစာမွာ ေရခ်ိဳးလိုက္မယ္ဆိုရင္ေတာ့ ခႏၶာကိုယ္က သက္ေတာင့္သက္သာျဖစ္သြားမွာျဖစ္ပါတယ္။ ေသြးလည္ပတ္မႈကိုလည္း ပိုမိုေကာင္းမြန္ေစႏိုင္ျပီး ခႏၶာကိုယ္ကိုလည္း က်န္းမာေစနိုင္မွာျဖစ္ပါတယ္။

ခႏၶာကိုယ္ တစ္ရႈးေတြကိုက်န္းမာေစနိုင္တယ္

မနက္ပိုင္းမွာေရခ်ိဳးတာက ခႏၶာကိုယ္ေပၚမွာရွိတဲ့ တစ္ရႈးေတြကို က်န္းမာေစႏိုင္ပါတယ္။ မနက္ခင္းတိုင္း ေန႔စဥ္ေရခ်ိဳးေပးမယ္ဆိုရင္ အသားအေရကိုေကာင္းမြန္ေစျပီး ေျခာက္ေသြ႔မႈကင္းစင္ေစမွာလည္းျဖစ္ပါတယ္။ မနက္ခင္းမွာေရေအးနဲ႔ ေရခ်ိဳးေပးတာက မ်က္ကြင္းညိဳတာနဲ႔ မ်က္ႏွာအသားအရမညီညာတာေတြကိုလည္း ေလ်ာ႔ပါးသက္သာေစႏိုင္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ မနက္ခင္းမွာေရခ်ိဳးတာက ေျခသည္းလက္သည္းေတြကို က်န္းမာေစနိုင္ျပီး ကြဲအက္တာေတြကေန ကင္းေဝးေစမွာေသခ်ာပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တော်တေ်ာများများက မနက်ခင်းရေချိုးရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်းရေစောစောချိုးတာက ရေအေးအေး လေအေးအေးနဲ့ထိတွေ့မယ်ဆိုရင်ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့်မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုးတာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။

မနက်စောစောရေချိုးပေးရင်

ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ချိုးသင့်ပါတယ်။ အချို့က ရေကိုမနက်ခင်းချိုးရတာနှစ်သက်ပြီး အချို့ကတော့ရေကိုညပိုင်းချိုးရတာနှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမစတင်ခင်မှာရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကိုရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

စိတ်ကိုလန်းဆန်းစေနိုင်တယ်

မနက်ခင်းမှာ ရေချိုးရင် အအေးမိတာ၊တုပ်ကွေးဖြစ်တာတွေဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အပြည့်အဝမမှန်ပါဘူး။ မနက်ခင်းမှာ ရေအေးအေးလေးချိုးလိုက်တာက စိတ်ရောလူပါလန်းဆန်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာဖြစ်စေ ပါတယ်။

အသားအရေကြည်လင်စေနိုင်တယ်

မနက်စောစောရေချိုးတာကနေ ရရှိနိုင်မယ့် နောက်ထပ်အကျိုးကျေးဇူးတစ်ခုက အသားအရေကြည်လင်စေတာပါ။ ကျွမ်းကျင်သူအချို့ကတော့ မနက်ခင်းရေချိုးတဲ့အခါ ခန္ဓာကိုယ်အနံှ့ကို ရေထိလိုက်တယ်ဆိုရင်ပဲ အသားအရေက လန်းဆန်းသွားမှာဖြစ်ပါတယ်။ အချိန်ကြာလာနဲ့အမျှ အသားအရေ နူးညံ့ချောမွေ့ လာတာကိုပါခံစားရမှာဖြစ်ပါတယ်။

ကိုယ်ခံအားကို ကောင်းစေနိုင်တယ်

မနက်ခင်းစောစောမှာ ရေချိုးပေးတာက ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်အောင် အထောက်အကူပေးပါတယ်။ လေ့လာမှုအချို့အရ မနက်ခင်းမှာ ရေအေးအေးလေးနဲ့ချိုးပေးတာက သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တယ်လို့သိရပါတယ်။ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

မျိုးအောင်နိုင်စွမ်းကိုတိုးစေနိုင်တယ်

ကလေးလိုချင်တဲ့ ဇနီးမောင်နှံတွေအနေနဲ့ ကလေးလိုချင်တယ်ဆိုရင်တော့ မနက်ခင်းစောစောရေချိုးပေးသင့်ပါတယ်။ မနက်စောစော ရေချိုးတာက မျိုးအောင်နိုင်စွမ်းတိုးအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ မနက်ခင်းမှာရေချိုးပေးတာက အမျိုးသားရော အမျိုးသမီးမှာပါ မျိုးအောင်နိုင်စွမ်းတိုးစေနိုင်တာပါ။

ကိုယ်တွင်းသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်တယ်

မနက်ခင်းရေချိုးပေးတာက ခန္ဓာကိုယ်တွင်းကသွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ညဘက်အိပ်မပျော်တာကြောင့် ခန္ဓာကိုယ်က ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမယ်ဆိုရင် အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ်သွေးလည်ပတ်မှုက သိပ်မကောင်းဘဲဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မနက်ခင်းစောစောမှာ ရေချိုးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က သက်တောင့်သက်သာဖြစ်သွားမှာဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာဖြစ်ပါတယ်။

ခန္ဓာကိုယ် တစ်ရှုးတွေကိုကျန်းမာစေနိုင်တယ်

မနက်ပိုင်းမှာရေချိုးတာက ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ တစ်ရှုးတွေကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း နေ့စဉ်ရေချိုးပေးမယ်ဆိုရင် အသားအရေကိုကောင်းမွန်စေပြီး ခြောက်သွေ့မှုကင်းစင်စေမှာလည်းဖြစ်ပါတယ်။ မနက်ခင်းမှာရေအေးနဲ့ ရေချိုးပေးတာက မျက်ကွင်းညိုတာနဲ့ မျက်နှာအသားအရမညီညာတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာရေချိုးတာက ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်ပြီး ကွဲအက်တာတွေကနေ ကင်းဝေးစေမှာသေချာပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top