iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းဗိုက္တစ္ဝိုက္က အဆီပိုေတြကို ဖယ္ရွားႏိုင္ျပီး ဝမ္းဗိုက္ခ်ပ္ရပ္ ၾကည့္ေကာင္းေစဖို့ က်န္းမာေရးနဲ့ ညီီညႊတ္တဲ့ ေနထိုင္မႈပံုစံ၊ က်န္းမာေရးနဲ့ညီညႊတ္တဲ့ စားေသာက္နည္းအေလ့အက်င့္ေတြကို လိုက္နာရပါမယ္။ ဒါ့အျပင္ဗိုက္ထဲက အဆိပ္အေတာက္ေတြကို သန့္စင္ရွင္းလင္းသြားေစမယ့္ ႏွစ္မိနစ္နည္းလမ္းကိုလုပ္ေဆာင္ေပးသင့္ပါတယ္။

တကယ္လို့သင္က ေန႔စဥ္ေန႔တိုင္းအဆင္သင့္ အစားအေသာက္ေတြစားျပီး အထိုင္မ်ားတယ္ဆိုရင္ ဒီႏွစ္မိနစ္နည္းလမ္းက သိပ္ထိေရာက္မွာမဟုတ္ပါဘူး။ ေလ့က်င့္ခန္းကို ပံုမွန္လုပ္ေလ့ရွိတယ္ဆိုရင္ ဒီနည္းကပိုျပီး အသံုးဝင္မွာပါ။

သတိျပဳရန္

- ထမင္းလို အစာမ်ားမ်ားစားျပီးျပီးခ်င္း မလုပ္ရပါ။

- ဆီးေက်ာက္နဲ့ သည္းေျခေက်ာက္ရွိရင္ မလုပ္ရပါ။

- ေသြးတိုးေရာဂါရွိရင္၊ ကိုယ္ဝန္ေဆာင္ေနရင္၊ အူက်ေနရင္၊ အစာအိမ္အနာရွိရင္၊ သားအိမ္၊ ဆီးအိမ္၊ သားဥအိမ္နဲ့ သားဥျပြန္ေရာင္ရမ္းေနရင္ မလုပ္ရပါ။

ႏွစ္မိနစ္နည္းလမ္းအတြက္ ညႊန္ၾကားခ်က္

ဒီနည္းလမ္းကို မနက္စာမစားခင္နဲ့ အိပ္ရာမဝင္ခင္ တစ္ေန့ႏွစ္ၾကိမ္ျပဳလုပ္ႏိုင္ပါတယ္။

(၁) ပက္လက္လွန္ လွဲေလ်ာင္းပါ။

(၂) လက္ဖဝါးႏွစ္ဖက္ကို ပူေႏြးလာတဲ့အထိ အခ်င္းခ်င္းပြတ္သပ္ေပးပါ။

(၃) ခ်က္ေနရာေဘးမွာ လက္တစ္ဖက္စီကို ျဖန့္တင္ပါ။

(၄) ဝမ္းဗိုက္ကို နာရီလက္တံအတိုင္းစက္ဝိုင္းငယ္ပံုံစံေပၚေအာင္ ညင္ညင္သာသာပြတ္သပ္ေပးပါ။ တျဖည္းျဖည္းပိုၾကီးမားတဲ့ စက္ဝိုင္းပံုျဖစ္ေအာင္ပြတ္ေပးပါ။

(၅) ဝမ္းဗိုက္ေနရာေပၚမွာ စတင္ျဖစ္ေပၚလာတဲ့အပူကို အာရံုစိုက္ပါ။

(၆) ႏွစ္မိနစ္ဆက္တိုက္လုပ္ေပးရင္ စက္ဝိုင္း ၄၀နဲ့ ၅၀ၾကာရပါလိမ့္မယ္။ ဝမ္းဗိုက္ကပူလာဖို့လိုပါတယ္။

ဒီနည္းဟာ ခႏၶာကိုယ္ရဲ့ ဇီဝကမၼျဖစ္စဥ္ကို အားေကာင္းေစျပီး ဝမ္းဗိုက္တစ္ဝိုက္ ေသြးလွည့္ပတ္မႈတိုးေစပါတယ္။ ဒီေလ့က်င့္နည္းလုပ္ျပီးျပီးခ်င္း အိပ္ရာေပၚက ခ်က္ခ်င္းမထပါနဲ့။

Credit : Healthylife Journal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ဝမ်းဗိုက်ချပ်ရပ် ကြည့်ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်မှုပုံစံ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်နည်းအလေ့အကျင့်တွေကို လိုက်နာရပါမယ်။ ဒါ့အပြင်ဗိုက်ထဲက အဆိပ်အတောက်တွေကို သန့်စင်ရှင်းလင်းသွားစေမယ့် နှစ်မိနစ်နည်းလမ်းကိုလုပ်ဆောင်ပေးသင့်ပါတယ်။

တကယ်လို့သင်က နေ့စဉ်နေ့တိုင်းအဆင်သင့် အစားအသောက်တွေစားပြီး အထိုင်များတယ်ဆိုရင် ဒီနှစ်မိနစ်နည်းလမ်းက သိပ်ထိရောက်မှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်လေ့ရှိတယ်ဆိုရင် ဒီနည်းကပိုပြီး အသုံးဝင်မှာပါ။

သတိပြုရန်

- ထမင်းလို အစာများများစားပြီးပြီးချင်း မလုပ်ရပါ။

- ဆီးကျောက်နဲ့ သည်းခြေကျောက်ရှိရင် မလုပ်ရပါ။

- သွေးတိုးရောဂါရှိရင်၊ ကိုယ်ဝန်ဆောင်နေရင်၊ အူကျနေရင်၊ အစာအိမ်အနာရှိရင်၊ သားအိမ်၊ ဆီးအိမ်၊ သားဥအိမ်နဲ့ သားဥပြွန်ရောင်ရမ်းနေရင် မလုပ်ရပါ။

နှစ်မိနစ်နည်းလမ်းအတွက် ညွှန်ကြားချက်

ဒီနည်းလမ်းကို မနက်စာမစားခင်နဲ့ အိပ်ရာမဝင်ခင် တစ်နေ့နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

(၁) ပက်လက်လှန် လှဲလျောင်းပါ။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်းပွတ်သပ်ပေးပါ။

(၃) ချက်နေရာဘေးမှာ လက်တစ်ဖက်စီကို ဖြန့်တင်ပါ။

(၄) ဝမ်းဗိုက်ကို နာရီလက်တံအတိုင်းစက်ဝိုင်းငယ်ပုံံစံပေါ်အောင် ညင်ညင်သာသာပွတ်သပ်ပေးပါ။ တဖြည်းဖြည်းပိုကြီးမားတဲ့ စက်ဝိုင်းပုံဖြစ်အောင်ပွတ်ပေးပါ။

(၅) ဝမ်းဗိုက်နေရာပေါ်မှာ စတင်ဖြစ်ပေါ်လာတဲ့အပူကို အာရုံစိုက်ပါ။

(၆) နှစ်မိနစ်ဆက်တိုက်လုပ်ပေးရင် စက်ဝိုင်း ၄၀နဲ့ ၅၀ကြာရပါလိမ့်မယ်။ ဝမ်းဗိုက်ကပူလာဖို့လိုပါတယ်။

ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ဝမ်းဗိုက်တစ်ဝိုက် သွေးလှည့်ပတ်မှုတိုးစေပါတယ်။ ဒီလေ့ကျင့်နည်းလုပ်ပြီးပြီးချင်း အိပ်ရာပေါ်က ချက်ချင်းမထပါနဲ့။

Credit : Healthylife Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top