iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Buzy

ပျင်းလို့ဆိုပြီး အခကြေးငွေ မယူပဲအောင်သွယ်လုပ်ရင်းလုပ်ရင်း Onlineပေါ်မှာနာမည်ရလာတဲ့ တရုတ်နိုင်ငံ က အဖွား…

Lin Jingfu လို့အမည်တွင် တဲ့ အသက် ၅၈နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အဖွားတစ်ဦးပါ။ သူမဟာ တရုတ်နိုင်ငံ မာက်ဘက် Cangzhou မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ အသက် ၁၇နှစ်အရွယ်ကတည်းက ခရီး တွေသွားရတာကိုကြိုက်နှစ်သက်ပြီး အလုပ်မြဲမြဲလုပ်တာမျိုးမရှိပဲ အလုပ်ခဏခဏ ပြောင်းတတ်တဲ့ မိန်းကလေးပါ။ သူမ ဟာလွန်ခဲ့တဲ့ နှစ်နှစ်က သူ့မြေးတွေကို ထိန်းကျောင်းဖို့နဲ့သူ့သားသမီးတွေရဲ့အိမ်ကို စောင့်ကြပ်ဖို့သူ့မိသားစုနဲ့လာနေဖြစ်ခဲ့ပါတယ်။ သူမပြောကြားချက်အရ သူမဟာ တစ်နေ့တစ်နေ့မြေးလေးတွေကိုထိန်းကျောင်းရင်း ပျင်းစရာကောင်းတာကြောင့် အလုပ်တစ်ခုခုလုပ်ချင်တယ်လို့တွေးမိရင်း ဒီလိုအောင်သွယ်တော် အလုပ်ကို အခမဲ့ အပျော်သဘောစတင်ခဲ့တယ်လို့သိရပါတယ်။ သူမဟာ သူ့ကို အကူညီတောင်းခံတဲ့ သူတွေကို သူတို့နဲ့လိုက်ဖက်တဲ့အချစ်တွေရှာပေးရင်း နောက်ဆုံးမှာ အွန်လိုင်မှာနာမည်ကြီးသွားခဲ့ပါတယ်။သူမကို တစ်ခြားလုပ်ငန်းတစ်ချို့ ကငွေပေးပြီး အလုပ်ပေးပေမဲ့ သူမဟာ အခကြေးငွေကို မမက်မောပဲ သူမရဲ့လုပ်နေကြ အခမဲ့ အောင်သွယ်တော်လုပ်ငန်းကိုသာဆက်လက်လုပ်ဆောင်ရင်း မြေးတွေကို ထိန်းကျောင်းခဲ့ပါတယ်။ သူမကို အခကြေးငွေပေးစရာမလိုပင်မဲ့တစ်ချို့ Customer တွေက သူတို့ချစ်သူတွေကို လက်ဆောင်ဘာညာပေးပြီးမျက်နှာလုပ်ချင်ရင်တော့ လက်ဆောင်ခဘာညာတော့Customer ဘက်ကပေးရတာဖြစ်ပါတယ်။

သူမဟာသူ့accထဲကနေသူ့ကိုလာဆက်သွယ်တဲ့Customerတွေရဲ့အချက်လက်တွေကို Details အသေးစိတ် စာရွက်နဲ့ချရေးပြီး စုဆောင်းထားလေ့ရှိပါတယ်။ တစ်ခါတရံသူ့အလုပ်ကလည်းသိပ်တော့ မလွယ်ကူပါဘူး၊ တစ်ချို့သူတွေက ကားပိုင်ရှိတဲ့သူ အိမ်ပိုင်ရှိတဲ့သူ လုပ်ငန်းကောင်းကောင်းရှိတဲ့သူစသည်ဖြင့်သူတို့စိတ်ကြိုက်စိတ်ကူးရင်ကမ္ဘာထဲကသူတွေကိုတောင်းဆိုကြတဲ့မိန်းကလေးCustomerတွေကြောင့် အခက်တွေ့ရတယ်လို့သူမကပြောကြားခဲ့ပါတယ်။ တစ်ချို့အတွဲတွေလည်း မြဲသွားတာရှိပေမဲ့ တစ်ချို့လည်း အစကအဆင်ပြေပြီး ယူပြီးကြမှကွဲသွားတာမျိုးတွေရှိတယ်လို့ပြောကြားခဲ့ပါတယ်။ သူမရဲ့ဆန္ဒကတော့ လူတွေကို ပျော်ရွှင်ရတဲ့ အချစ်ကိုပေးပြီးခံစားစေချင်တာကြောင့် ဒီအလုပ်ကိုလုပ်တာဖြစ်ပါတယ်။သူမအတွက်ကတော့ မြေးလည်းထိန်းရင်း အိမ်လည်းစောင့်ရင်း အောင်သွယ်တော်လည်းလုပ်ရင်းနဲ့ တစ်ခြားပျင်းရမဲ့အချိန်ဆိုတာရှိမလာနိုင်တော့ကပါဘူး.

Credit : Buzy

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top