iMyanmarHouse.com - Best Property Website for Myanmar
×

ရွားေစာင္းလက္ပတ္ဟာ အပူပိုင္းေဒသေတြမွာ ေပါက္ပြားၿပီး ထင္ရွားတဲ့ ေဆးဘက္ဝင္အပင္တစ္မ်ိဳး ျဖစ္ပါတယ္။ သူ႔ရဲ႕ က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူးေတြေၾကာင့္ ရွားေစာင္းလက္ပတ္ကို ႏွစ္ေပါင္းမ်ားစြာတည္းက အသံုးျပဳလာၾကတာျဖစ္ပါတယ္။

ဒီအပင္ရဲ႕ အရြက္ေတြမွာ ဗီတာမင္၊ သတၱဳဓါတ္၊ amino acids နဲ႔ ဓါတ္တိုးဆန္႔က်င္ ဂုဏ္သတၱိရွိတဲ့ အရာေတြ ပါဝင္ပါတယ္။ ရွားေစာင္းလက္ပတ္ရဲ႔ အထင္ရွားဆံုး အက်ိဳးေက်းဇူး ငါးခုကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။
ရွားေစာင္းလက္ပတ္မွာ ဓါတ္တုိးဆန္႔က်င္ဂုဏ္သတၱိရွိၿပီး ဘက္တီးရီးယားေတြကို ေသေစတဲ့ ဂုဏ္သတၱိလည္း ရွိပါတယ္။

ရွားေစာင္းလက္ပတ္မွာ အစြမ္းထက္တဲ့ ဓါတ္တိုးဆန္႔က်င့္ ဂုဏ္သတၱိရွိတဲ့ အရာမ်ားစြာ ပါဝင္ပါတယ္။ ဒီအရာေတြဟာ polyphenol အုပ္စုဝင္ေတြျဖစ္ၿပီး ကိုယ္ခႏၶာက အေရျပားဆဲလ္ေတြကို ထိခိုက္ေစတဲ့ free radicals ေတြကို ဖယ္ထုတ္ရွင္းလင္းပစ္ပါတယ္။

ရွားေစာင္းလက္ပတ္ဟာ အသားအရည္ကို ႏုပ်ိဳေစတာေၾကာင့္ အလွကုန္ပစၥည္းေတြထဲမွာ အလြန္အေရးႀကီးတဲ့ ပါဝင္ပစၥည္းတစ္ခုျဖစ္ပါတယ္။ ဒီ polyphenols နဲ႔ အျခားပါဝင္ပစၥည္းေတြဟာ ကူးစက္ေရာဂါေတြျဖစ္ေစတဲ့ ေရာဂါပိုးဝင္မႈကိုလည္း တိုက္ဖ်က္ေပးပါတယ္။

ရွားေစာင္းလက္ပတ္ကို အေရျပားေပၚမွာလိမ္းေပးမယ္ဆိုရင္ ထိခိုက္ရွနာေတြကို အနာျမန္ျမန္က်က္ေစပါတယ္။ ေသာက္မယ္ဆိုရင္ေတာ့ ဖ်ားနာမႈေတြကို ကာကြယ္ေပးၿပီး အစာေျခစနစ္ကို အဆိပ္အေတာက္ ကင္းစင္ေစပါတယ္။
ရွားေစာင္းလက္ပတ္ဟာ အေရျပားကို ျပန္လည္ေကာင္းမြန္ေစပါတယ္။

ရွားေစာင္းလက္ပတ္မွာ fibroblasts လို႔ေခၚတဲ့ collagen ထုတ္ေပးတဲ့ အေရျပားဆဲလ္ေတြကို လံႈ႔ေဆာ္ႏိုင္စြမ္း ရွိပါတယ္။ Collagen ဟာ အေရျပားတည္ေဆာက္ပံုနဲ႔ က်ံဳ႕ဆန္႔ႏိုင္စြမ္းေတြအတြက္ မရွိမျဖစ္ ပရိုတင္းတစ္ခုျဖစ္ပါတယ္။

လိမ္းရတဲ့ ရွားေစာင္းလက္ပတ္ဂ်ယ္ေတြဟာ အေရျပားရဲ႕အသက္ႀကီးရင့္သြားမႈကို ေႏွးေကြးေစပါတယ္။ ရွားေစာင္းလက္ပတ္ ပါဝင္တဲ့ အသက္ႀကီးျခင္းကို ထိန္းခ်ဳပ္ေပးတဲ့ အလွကုန္ေတြျဖစ္တဲ့ Moisturisers ေတြနဲ႔ eye creams ေတြဟာ အေရးအေၾကာင္းေတြနဲ႔ အသက္ႀကီးျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ အျခားလကၡဏာေတြကို ေလ်ာ့က်ေစပါတယ္။
ရွားေစာင္းလက္ပတ္ဟာ မီးေလာင္ဒဏ္ရာက်က္ႏႈန္းကို ျမန္ဆန္ေစပါတယ္။

အနာက်က္တဲ့ အက်ိဳးေက်းဇူးတင္သာမက ရွားေစာင္းလက္ပတ္ကို မီးေလာင္ဒဏ္ရာေတြ ကုသဖို႔လည္း အသံုးျပဳၾကပါတယ္။ သိပၸံသုေတသနတစ္ခုက ရွားေစာင္းလက္ပတ္ဟာ ပထမအဆင့္နဲ႔ ဒုတိယအဆင့္ မီးေလာင္မႈဒဏ္ရာေတြအတြက္ အသံုးဝင္တယ္လို႔ ဆိုပါတယ္။

သုေတသနတစ္ခုက ရွားေစာင္းလက္ပတ္ဟာ အျခားေဆးေတြနဲ႔ စာရင္ မီးေလာင္ဒဏ္ရာ အနာက်က္ႏႈန္းကို ၉ ရက္ခန္႔ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ဆိုပါတယ္။ ရွားေစာင္းလက္ပတ္ကို အေရျပားေပၚကို တိုက္ရိုက္ပြတ္လိမ္းေပးၿပီး အသံုးျပဳေလ့ရွိၾကပါတယ္။
ရွားေစာင္းလက္ပတ္ဟာ ဆံပင္သန္ေစပါတယ္။

ရွားေစာင္းလက္ပတ္ကို ဦးေရျပားေပၚလိမ္းေပးျခင္းဟာ ဆံပင္ကိုလ်င္ျမန္စြာ ေပါက္ေစၿပီးေတာ့ သန္စြမ္းေစပါတယ္။ လူအေတာ္မ်ားမ်ားက ရွားေစာင္းလက္ပတ္ကုိ ဆံပင္ေပါက္ဖုိ႔အတြက္ အသံုးျပဳခဲ့ၾကၿပီးေတာ့ အက်ိဳးရွိတာကိုလည္း ေတြ႔ရွိခဲ့ၾကပါတယ္။

ရွားေစာင္းလက္ပတ္ဂ်ယ္ကို အသံုးအမ်ားဆံုးနည္းကေတာ့ ဆံပင္ေပၚကိုတိုက္ရိုက္သုတ္လိမ္းေပးၿပီး တစ္နာရီၾကာရင္ ေရေဆးခ်တာပဲျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ေသာက္သံုးျခင္းနဲ႔  ရွားေစာင္းလက္ပတ္ပါဝင္တဲ့ ဆံပင္ထုတ္ကုန္ေတြကို အသံုးျပဳျခင္းဟာလည္း ဆံပင္ကို က်န္းမာသန္စြမ္းေစပါတယ္။
ရွားေစာင္းလက္ပတ္ဟာ ပါးစပ္အနာကို ကုသေပးႏိုင္ပါတယ္။

ပါးစပ္အနာေတြဟာ လူေတြမွာ အေတြ႔မ်ားတဲ့ အနာတစ္မ်ိဳးျဖစ္ပါတယ္။ ဒီအနာေတြဟာ ပါးစပ္အတြင္းပိုင္းကေန ႏႈတ္ခမ္းေအာက္ေျခအထိရွိၿပီး နာက်င္မႈဟာ ၇ ရက္ကေန ၁၀ရက္အထိ ၾကာတတ္ပါတယ္။

ရွားေစာင္းလက္ပတ္ အသံုးျပဳျခင္းဟာ ပါးစပ္အနာေတြရဲ႕ အနာက်က္တဲ့ျဖစ္စဥ္ကို ေထာက္ပံ့ေပးတယ္ဆိုတဲ့ ယံုၾကည္ေလာက္တဲ့သက္ေသျပမႈေတြ ရွိပါတယ္။ ပါးစပ္အနာေတြရဲ႕ အရြယ္အစားကို ေသးငယ္ေစရံုသာမက နာက်င္မႈကုိပါ ေလ်ာ့က်ေစႏိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရှားစောင်းလက်ပတ်ဟာ အပူပိုင်းဒေသတွေမှာ ပေါက်ပွားပြီး ထင်ရှားတဲ့ ဆေးဘက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် ရှားစောင်းလက်ပတ်ကို နှစ်ပေါင်းများစွာတည်းက အသုံးပြုလာကြတာဖြစ်ပါတယ်။

ဒီအပင်ရဲ့ အရွက်တွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids နဲ့ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေ ပါဝင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အထင်ရှားဆုံး အကျိုးကျေးဇူး ငါးခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်မှာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

ရှားစောင်းလက်ပတ်မှာ အစွမ်းထက်တဲ့ ဓါတ်တိုးဆန့်ကျင့် ဂုဏ်သတ္တိရှိတဲ့ အရာများစွာ ပါဝင်ပါတယ်။ ဒီအရာတွေဟာ polyphenol အုပ်စုဝင်တွေဖြစ်ပြီး ကိုယ်ခန္ဓာက အရေပြားဆဲလ်တွေကို ထိခိုက်စေတဲ့ free radicals တွေကို ဖယ်ထုတ်ရှင်းလင်းပစ်ပါတယ်။

ရှားစောင်းလက်ပတ်ဟာ အသားအရည်ကို နုပျိုစေတာကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ အလွန်အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီ polyphenols နဲ့ အခြားပါဝင်ပစ္စည်းတွေဟာ ကူးစက်ရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးဝင်မှုကိုလည်း တိုက်ဖျက်ပေးပါတယ်။

ရှားစောင်းလက်ပတ်ကို အရေပြားပေါ်မှာလိမ်းပေးမယ်ဆိုရင် ထိခိုက်ရှနာတွေကို အနာမြန်မြန်ကျက်စေပါတယ်။ သောက်မယ်ဆိုရင်တော့ ဖျားနာမှုတွေကို ကာကွယ်ပေးပြီး အစာခြေစနစ်ကို အဆိပ်အတောက် ကင်းစင်စေပါတယ်။
ရှားစောင်းလက်ပတ်ဟာ အရေပြားကို ပြန်လည်ကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပတ်မှာ fibroblasts လို့ခေါ်တဲ့ collagen ထုတ်ပေးတဲ့ အရေပြားဆဲလ်တွေကို လှုံ့ဆော်နိုင်စွမ်း ရှိပါတယ်။ Collagen ဟာ အရေပြားတည်ဆောက်ပုံနဲ့ ကျုံ့ဆန့်နိုင်စွမ်းတွေအတွက် မရှိမဖြစ် ပရိုတင်းတစ်ခုဖြစ်ပါတယ်။

လိမ်းရတဲ့ ရှားစောင်းလက်ပတ်ဂျယ်တွေဟာ အရေပြားရဲ့အသက်ကြီးရင့်သွားမှုကို နှေးကွေးစေပါတယ်။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ အသက်ကြီးခြင်းကို ထိန်းချုပ်ပေးတဲ့ အလှကုန်တွေဖြစ်တဲ့ Moisturisers တွေနဲ့ eye creams တွေဟာ အရေးအကြောင်းတွေနဲ့ အသက်ကြီးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အခြားလက္ခဏာတွေကို လျော့ကျစေပါတယ်။
ရှားစောင်းလက်ပတ်ဟာ မီးလောင်ဒဏ်ရာကျက်နှုန်းကို မြန်ဆန်စေပါတယ်။

အနာကျက်တဲ့ အကျိုးကျေးဇူးတင်သာမက ရှားစောင်းလက်ပတ်ကို မီးလောင်ဒဏ်ရာတွေ ကုသဖို့လည်း အသုံးပြုကြပါတယ်။ သိပ္ပံသုတေသနတစ်ခုက ရှားစောင်းလက်ပတ်ဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် မီးလောင်မှုဒဏ်ရာတွေအတွက် အသုံးဝင်တယ်လို့ ဆိုပါတယ်။

သုတေသနတစ်ခုက ရှားစောင်းလက်ပတ်ဟာ အခြားဆေးတွေနဲ့ စာရင် မီးလောင်ဒဏ်ရာ အနာကျက်နှုန်းကို ၉ ရက်ခန့် လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ရှားစောင်းလက်ပတ်ကို အရေပြားပေါ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပြီး အသုံးပြုလေ့ရှိကြပါတယ်။
ရှားစောင်းလက်ပတ်ဟာ ဆံပင်သန်စေပါတယ်။

ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်လိမ်းပေးခြင်းဟာ ဆံပင်ကိုလျင်မြန်စွာ ပေါက်စေပြီးတော့ သန်စွမ်းစေပါတယ်။ လူအတော်များများက ရှားစောင်းလက်ပတ်ကို ဆံပင်ပေါက်ဖို့အတွက် အသုံးပြုခဲ့ကြပြီးတော့ အကျိုးရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်ကို အသုံးအများဆုံးနည်းကတော့ ဆံပင်ပေါ်ကိုတိုက်ရိုက်သုတ်လိမ်းပေးပြီး တစ်နာရီကြာရင် ရေဆေးချတာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်သောက်သုံးခြင်းနဲ့  ရှားစောင်းလက်ပတ်ပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေကို အသုံးပြုခြင်းဟာလည်း ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။
ရှားစောင်းလက်ပတ်ဟာ ပါးစပ်အနာကို ကုသပေးနိုင်ပါတယ်။

ပါးစပ်အနာတွေဟာ လူတွေမှာ အတွေ့များတဲ့ အနာတစ်မျိုးဖြစ်ပါတယ်။ ဒီအနာတွေဟာ ပါးစပ်အတွင်းပိုင်းကနေ နှုတ်ခမ်းအောက်ခြေအထိရှိပြီး နာကျင်မှုဟာ ၇ ရက်ကနေ ၁၀ရက်အထိ ကြာတတ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးပြုခြင်းဟာ ပါးစပ်အနာတွေရဲ့ အနာကျက်တဲ့ဖြစ်စဉ်ကို ထောက်ပံ့ပေးတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သက်သေပြမှုတွေ ရှိပါတယ်။ ပါးစပ်အနာတွေရဲ့ အရွယ်အစားကို သေးငယ်စေရုံသာမက နာကျင်မှုကိုပါ လျော့ကျစေနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top