iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ေခတ္မွာ ေကာ္ဖီကို ႀကိဳက္သူ မ်ားပါတယ္။ ႀကိဳက္လို႔ေသာက္ေသာက္၊ လန္းခ်င္လို႔ေသာက္ေသာက္ ေကာ္ဖီေသာက္မယ္ ဆိုရင္ေတာ့ ေကာ္ဖီမစ္ထက္ ေကာ္ဖီခါးခါး (Black Coffee) ကို ေသာက္ဖို႔ အႀကံေပးလိုပါတယ္။

          သၾကား မထည့္တဲ့ ေကာ္ဖီၾကမ္းတစ္ခြက္က အက်ိဳးေက်းဇူးမ်ားစြာ ေပးစြမ္းႏုိင္ပါတယ္။ သၾကား ထည့္ေသာက္ျခင္းက ဆီးခ်ိဳ၊ သြားျပႆနာ၊ အသည္းျပႆနာ၊ အ၀လြန္ျခင္းနဲ႔ ႏွလံုးေရာဂါ ကဲ့သို႔ေသာ ဆိုးရြားတဲ့ က်န္းမာေရးျပႆနာေတြနဲ႔ ဆက္စပ္ေနပါတယ္။

          သၾကား မထည့္ထားတဲ့ ေကာ္ဖီၾကမ္းတစ္ခြက္ရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ -

1.      မွတ္ဉာဏ္အား ေကာင္းေစပါတယ္။

          ကဖင္းဓာတ္က ေရရွည္မွတ္ဉာဏ္အေပၚမွာ ေကာင္းတဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိတတ္ပါတယ္။

2.      ကိုယ္အေလးခ်ိန္ က်ဖို႔အတြက္ အေထာက္အကူ ျဖစ္ပါတယ္။

          ေကာ္ဖီၾကမ္း ေသာက္ျခင္းက ကယ္လိုရီ ေလာင္ကၽြမ္းမႈကို ျမင့္တက္ေစပါတယ္။

3.      ႏွလံုးကို က်န္းမာေစတယ္။

          ကဖင္းဓာတ္က ႏွလံုးကို ထိခိုက္ေစတဲ့ ေရာင္ရမ္းျခင္းေတြကို ေလ်ာ့က်ေစျခင္းအားျဖင့္ ႏွလံုးေသြးေၾကာ က်န္းမာေရးကို ထိန္းသိမ္းေပးပါတယ္။ ကဖင္းဓာတ္က အဆီနဲ႔ ကိုလက္စထေရာေတြ ေသြးထဲမွာ ခဲၿပီးေတာ့ ေလျဖတ္ျခင္းႏွင့္ ႏွလံုး တိုက္ခိုက္ခံရျခင္း ကဲ့သို႔ေသာ ျပင္းထန္ဆိုးရြားတဲ့ျပႆနာေတြ မျဖစ္ေစဖို႔အတြက္ ဇီ၀ကမၼျဖစ္စဥ္ကို အားျမႇင့္ေပးပါတယ္။

4.      အားအင္ကို သိသာစြာ ျမႇင့္တင္ေပးပါတယ္။

          ကဖင္းဓာတ္က ကိုယ္ကာယပိုင္းဆိုင္ရာ လုပ္ေဆာင္မႈေတြကို 11% - 12% ျမင့္တက္ေစတဲ့အတြက္ အားျဖည့္အေနနဲ႔ ေသာက္သံုးၾကပါတယ္။

5.      အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။

          ကဖင္းဓာတ္က ေသြးတြင္းသၾကားဓာတ္ ထိန္းခ်ဳပ္ရာမွာ အေရးႀကီးတဲ့ အင္ဆူလင္ အေျပာင္းအလဲအေပၚ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။

6.      အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ေတြ ပါ၀င္ပါတယ္။

          လက္ဖက္ရည္လိုပဲ ေကာ္ဖီထဲမွာလည္း အင္တီေအာက္ဆီးဒင့္ေတြ ပါ၀င္ပါတယ္။ ဒါေၾကာင့္ ေန႔တစ္ေန႔ကို ေကာ္ဖီနဲ႔ အစျပဳျခင္းျဖင့္ ခႏၶာကိုယ္ကို free radical ေတြရဲ႕ ဒဏ္ကေနၿပီး ကာကြယ္ေပးပါတယ္။

7.      အစာေခ်စနစ္ကို သန္႔စင္ေစတယ္။

          ေကာ္ဖီမွာ ဆီးသြားေစတတ္တဲ့ဓာတ္ ပါ၀င္တဲ့အတြက္ ခႏၶာကိုယ္ထဲမွာ ပိုေနတဲ့အရည္ေတြ ထြက္သြားဖို႔အတြက္ လႈံ႕ေဆာ္ေပးၿပီး ဆီး မၾကာခဏ သြားေစပါတယ္။ ဆီးသြားတဲ့ အႀကိမ္ေရ မ်ားတဲ့အတြက္ ေက်ာက္ကပ္က်န္းမာေရးကို ထိန္းသိမ္းေပးပါတယ္။

8.      ကင္ဆာကို ကာကြယ္ဖို႔ အေထာက္အကူျပဳတယ္။

          သၾကား မပါတဲ့ ေကာ္ဖီၾကမ္း ေသာက္ျခင္းက ကင္ဆာေရာဂါမ်ိဳးစံုကေန ကာကြယ္ေပးပါတယ္။ ေကာ္ဖီေသာက္ျခင္းက ဆီးက်ိတ္ကင္ဆာ၊ သားအိမ္ကင္ဆာနဲ႔ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါနဲ႔ ဆက္စပ္ေနတဲ့ အူမႀကီးကင္ဆာေတြ ျဖစ္ႏုိင္ေျခကို ေလ်ာ့က်ေစပါတယ္။

9.      အသက္အရြယ္ အိုမင္းျခင္းနဲ႔ ဆက္စပ္ေနတဲ့ ေရာဂါေတြမွာ ကာကြယ္ေပးပါတယ္။

          အသက္ႀကီးလာတာနဲ႔အမွ် အယ္လ္ဇိုင္းမားေရာဂါ၊ Parkinson's ေရာဂါ စတဲ့ အာ႐ံုေၾကာ ပ်က္စီးတဲ့ေရာဂါေတြ ပိုၿပီးျဖစ္ႏုိင္ေျခ မ်ားလာပါတယ္။ ကံေကာင္းတဲ့အခ်က္က ေကာ္ဖီၾကမ္း ေသာက္ျခင္းက Parkinson's ေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစၿပီး အယ္လ္ဇိုင္းမားေရာဂါကိုလည္း ကာကြယ္ေပးႏုိင္တယ္လို႔ ဆိုပါတယ္။

10.    စိတ္ေပ်ာ္ရႊင္ လန္းဆန္းေစတယ္။

          စိတ္ေပ်ာ္ေအာင္ လုပ္ေပးႏုိင္တဲ့အခ်က္ မ်ားစြာထဲမွာ အလြယ္ဆံုး နည္းလမ္းတစ္ခုကေတာ့ ေန႔သစ္ကို ေကာ္ဖီတစ္ခြက္နဲ႔ စတင္လိုက္ျခင္းပါ။ ကဖင္းဓာတ္က စိတ္လံုၿခံဳျခင္း၊ ေပ်ာ္ရႊင္ျခင္းနဲ႔ လန္းဆန္းတက္ၾကြျခင္း စတာေတြနဲ႔ ဆက္စပ္တဲ့ဓာတ္ေတြ ထြက္ဖို႔ လႈံ႕ေဆာ္ေပးပါတယ္။

11.    ပိုၿပီးစမတ္က်ေစတယ္။

          ကဖင္းဓာတ္က အလုပ္နဲ႔ဆိုင္တဲ့ မွတ္ဉာဏ္စြမ္းရည္ကို တက္ေစတဲ့အတြက္ အလုပ္ထဲမွာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ပိုခ်ႏုိင္ၿပီး ေအာင္ျမင္မႈေတြကို ေပးစြမ္းႏုိင္ပါတယ္။

12.    မရွိမျဖစ္ အေရးႀကီးတဲ့ အာဟာရဓာတ္ေတြကို ေပးစြမ္းႏုိင္ပါတယ္။

          ေကာ္ဖီတစ္ခြက္ထဲမွာ ဗီတာမင္ B2, B3, B5, မဂၢနိစ္၊ ပိုတက္ဆီယမ္နဲ႔ မဂၢနီဆီယမ္ေတြ ပါ၀င္ပါတယ္။

13.    အသည္းကို ကာကြယ္ေပးတယ္။

          ေကာ္ဖီေသာက္ျခင္းျဖင့္ အသည္းေျခာက္ေရာဂါ ျဖစ္ႏုိင္ေျခကို 80% ေလာက္ ေလ်ာ့က်ေစပါတယ္။

Credit : Dr myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီနေ့ခေတ်မှာ ကော်ဖီကို ကြိုက်သူ များပါတယ်။ ကြိုက်လို့သောက်သောက်၊ လန်းချင်လို့သောက်သောက် ကော်ဖီသောက်မယ် ဆိုရင်တော့ ကော်ဖီမစ်ထက် ကော်ဖီခါးခါး (Black Coffee) ကို သောက်ဖို့ အကြံပေးလိုပါတယ်။

          သကြား မထည့်တဲ့ ကော်ဖီကြမ်းတစ်ခွက်က အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ သကြား ထည့်သောက်ခြင်းက ဆီးချို၊ သွားပြဿနာ၊ အသည်းပြဿနာ၊ အဝလွန်ခြင်းနဲ့ နှလုံးရောဂါ ကဲ့သို့သော ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

          သကြား မထည့်ထားတဲ့ ကော်ဖီကြမ်းတစ်ခွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ -

1.      မှတ်ဉာဏ်အား ကောင်းစေပါတယ်။

          ကဖင်းဓာတ်က ရေရှည်မှတ်ဉာဏ်အပေါ်မှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိတတ်ပါတယ်။

2.      ကိုယ်အလေးချိန် ကျဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။

          ကော်ဖီကြမ်း သောက်ခြင်းက ကယ်လိုရီ လောင်ကျွမ်းမှုကို မြင့်တက်စေပါတယ်။

3.      နှလုံးကို ကျန်းမာစေတယ်။

          ကဖင်းဓာတ်က နှလုံးကို ထိခိုက်စေတဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေခြင်းအားဖြင့် နှလုံးသွေးကြော ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ ကဖင်းဓာတ်က အဆီနဲ့ ကိုလက်စထရောတွေ သွေးထဲမှာ ခဲပြီးတော့ လေဖြတ်ခြင်းနှင့် နှလုံး တိုက်ခိုက်ခံရခြင်း ကဲ့သို့သော ပြင်းထန်ဆိုးရွားတဲ့ပြဿနာတွေ မဖြစ်စေဖို့အတွက် ဇီဝကမ္မဖြစ်စဉ်ကို အားမြှင့်ပေးပါတယ်။

4.      အားအင်ကို သိသာစွာ မြှင့်တင်ပေးပါတယ်။

          ကဖင်းဓာတ်က ကိုယ်ကာယပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို 11% - 12% မြင့်တက်စေတဲ့အတွက် အားဖြည့်အနေနဲ့ သောက်သုံးကြပါတယ်။

5.      အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

          ကဖင်းဓာတ်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ အရေးကြီးတဲ့ အင်ဆူလင် အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

6.      အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

          လက်ဖက်ရည်လိုပဲ ကော်ဖီထဲမှာလည်း အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ ဒါကြောင့် နေ့တစ်နေ့ကို ကော်ဖီနဲ့ အစပြုခြင်းဖြင့် ခန္ဓာကိုယ်ကို free radical တွေရဲ့ ဒဏ်ကနေပြီး ကာကွယ်ပေးပါတယ်။

7.      အစာချေစနစ်ကို သန့်စင်စေတယ်။

          ကော်ဖီမှာ ဆီးသွားစေတတ်တဲ့ဓာတ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့အရည်တွေ ထွက်သွားဖို့အတွက် လှုံ့ဆော်ပေးပြီး ဆီး မကြာခဏ သွားစေပါတယ်။ ဆီးသွားတဲ့ အကြိမ်ရေ များတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

8.      ကင်ဆာကို ကာကွယ်ဖို့ အထောက်အကူပြုတယ်။

          သကြား မပါတဲ့ ကော်ဖီကြမ်း သောက်ခြင်းက ကင်ဆာရောဂါမျိုးစုံကနေ ကာကွယ်ပေးပါတယ်။ ကော်ဖီသောက်ခြင်းက ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

9.      အသက်အရွယ် အိုမင်းခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေမှာ ကာကွယ်ပေးပါတယ်။

          အသက်ကြီးလာတာနဲ့အမျှ အယ်လ်ဇိုင်းမားရောဂါ၊ Parkinson's ရောဂါ စတဲ့ အာရုံကြော ပျက်စီးတဲ့ရောဂါတွေ ပိုပြီးဖြစ်နိုင်ခြေ များလာပါတယ်။ ကံကောင်းတဲ့အချက်က ကော်ဖီကြမ်း သောက်ခြင်းက Parkinson's ရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

10.    စိတ်ပျော်ရွှင် လန်းဆန်းစေတယ်။

          စိတ်ပျော်အောင် လုပ်ပေးနိုင်တဲ့အချက် များစွာထဲမှာ အလွယ်ဆုံး နည်းလမ်းတစ်ခုကတော့ နေ့သစ်ကို ကော်ဖီတစ်ခွက်နဲ့ စတင်လိုက်ခြင်းပါ။ ကဖင်းဓာတ်က စိတ်လုံခြုံခြင်း၊ ပျော်ရွှင်ခြင်းနဲ့ လန်းဆန်းတက်ကြွခြင်း စတာတွေနဲ့ ဆက်စပ်တဲ့ဓာတ်တွေ ထွက်ဖို့ လှုံ့ဆော်ပေးပါတယ်။

11.    ပိုပြီးစမတ်ကျစေတယ်။

          ကဖင်းဓာတ်က အလုပ်နဲ့ဆိုင်တဲ့ မှတ်ဉာဏ်စွမ်းရည်ကို တက်စေတဲ့အတွက် အလုပ်ထဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုချနိုင်ပြီး အောင်မြင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။

12.    မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

          ကော်ဖီတစ်ခွက်ထဲမှာ ဗီတာမင် B2, B3, B5, မဂ္ဂနိစ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။

13.    အသည်းကို ကာကွယ်ပေးတယ်။

          ကော်ဖီသောက်ခြင်းဖြင့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေကို 80% လောက် လျော့ကျစေပါတယ်။

Credit : Dr myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top