iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၄၉ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕အိမ္ေထာင္ေရးၿပိဳကြဲသြားလို႔ အသည္းကြဲခံစားရတဲ့ဒဏ္ရာကို ကုစားဖုိ႔အတြက္ ခရီး႐ွည္တစ္ခု ထြက္ခဲ့တယ္။ ကမၻာတစ္ဝန္းက လူသိမ်ားထင္႐ွားတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ၿပီး ေဒသအလိုက္ ဝတ္စားဆင္ယင္ကာ ဆယ္ဖီပံုေတြ ႐ိုက္ခဲ့ပါတယ္။

ခရီးစဥ္တစ္ေလွ်ာက္ မတူညီတဲ့ဝတ္စံုေတြနဲ႔ ဓာတ္ပံုေတြ႐ုိက္ခဲ့တာ ​၀တ္စံုေပါင္း ၁၅၀ ေလာက္ ဝတ္ခဲ့ၿပီးပါၿပီ။ အြန္လိုင္းမွာ နာမည္ႀကီးၿပီး အျပင္မွာပါ လိုက္လုပ္ၾကတဲ့ pose နဲ႔ ဓာတ္ပံုေတြကို ရိုက္ခဲ့တာ ျဖစ္ပါတယ္။ ခ်စ္သူလက္ကိုဆြဲၿပီး ေရွ႕ကေနသြားေနတဲ့ ေကာင္မေလးရဲ႕ပို႔စ္အတုိင္း ရိုက္ခဲ့တာပါ။ ဒါေပမဲ့ ခ်စ္သူေတာ့ မပါဘူးေပါ့။

သူမရဲ႕ အေတြ႕အၾကံဳေတြကိုလည္း လူမႈကြန္ရက္ေတြေပၚမွာ ျပန္တင္ထားပါေသးတယ္။ အဲ့တာေတြကိုျမင္ရတာ Eat Pray Love ရုပ္ရွင္ကားကိုလည္း ျပန္ျပီး သတိရမိေစတယ္။ အဲ့ဒီကားထဲမွာ ဂ်နီဖာဂါနာဟာ ကြာရွင္းၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ျပန္ရွာေဖြဖို႔အတြက္ အိႏၵိယနဲ႔ အီတလီကို သြားခဲ့ပါတယ္။ ၿပီးေတာ့မွ သူ႔ရဲ႕အခ်စ္စစ္ကို ထပ္မံရွာေတြ႕သြားတဲ့ဇာတ္လမ္းျဖစ္ပါတယ္။

ခ်စ္သူနဲ႔ ကမၻာပတ္ၿပီး ဓာတ္ပံုေတြရိုက္တင္တဲ့ ပံုေလးေတြက စံုေတြအဖုိ႔ အားက်စရာ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်စ္သူမရွိလည္း တစ္ေယာက္တည္းလည္း ရပ္တည္ႏိုင္တယ္ဆုိတဲ့အျမင္နဲ႔ အဆိုပါအမ်ိဳးသမီးက ဓာတ္ပံုေတြကို ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ သူမရဲ႕လက္ကို ဘယ္သူကမွ ဆြဲမထားေပမဲ့ တစ္ေယာက္တည္းဓာတ္ပံုေတြရိုက္ခဲ့ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အိမ်ထောင်ရေးပြိုကွဲသွားလို့ အသည်းကွဲခံစားရတဲ့ဒဏ်ရာကို ကုစားဖို့အတွက် ခရီးရှည်တစ်ခု ထွက်ခဲ့တယ်။ ကမ္ဘာတစ်ဝန်းက လူသိများထင်ရှားတဲ့ နေရာတွေကို သွားရောက်လည်ပတ်ပြီး ဒေသအလိုက် ဝတ်စားဆင်ယင်ကာ ဆယ်ဖီပုံတွေ ရိုက်ခဲ့ပါတယ်။

ခရီးစဉ်တစ်လျှောက် မတူညီတဲ့ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေရိုက်ခဲ့တာ ဝတ်စုံပေါင်း ၁၅၀ လောက် ဝတ်ခဲ့ပြီးပါပြီ။ အွန်လိုင်းမှာ နာမည်ကြီးပြီး အပြင်မှာပါ လိုက်လုပ်ကြတဲ့ pose နဲ့ ဓာတ်ပုံတွေကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ချစ်သူလက်ကိုဆွဲပြီး ရှေ့ကနေသွားနေတဲ့ ကောင်မလေးရဲ့ပို့စ်အတိုင်း ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ချစ်သူတော့ မပါဘူးပေါ့။

သူမရဲ့ အတွေ့အကြုံတွေကိုလည်း လူမှုကွန်ရက်တွေပေါ်မှာ ပြန်တင်ထားပါသေးတယ်။ အဲ့တာတွေကိုမြင်ရတာ Eat Pray Love ရုပ်ရှင်ကားကိုလည်း ပြန်ပြီး သတိရမိစေတယ်။ အဲ့ဒီကားထဲမှာ ဂျနီဖာဂါနာဟာ ကွာရှင်းပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေဖို့အတွက် အိန္ဒိယနဲ့ အီတလီကို သွားခဲ့ပါတယ်။ ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကို ထပ်မံရှာတွေ့သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ချစ်သူနဲ့ ကမ္ဘာပတ်ပြီး ဓာတ်ပုံတွေရိုက်တင်တဲ့ ပုံလေးတွေက စုံတွေအဖို့ အားကျစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူမရှိလည်း တစ်ယောက်တည်းလည်း ရပ်တည်နိုင်တယ်ဆိုတဲ့အမြင်နဲ့ အဆိုပါအမျိုးသမီးက ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူမရဲ့လက်ကို ဘယ်သူကမှ ဆွဲမထားပေမဲ့ တစ်ယောက်တည်းဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top