iMyanmarHouse.com - Best Property Website for Myanmar
×

Super Food လုိ႔တင္စားေခၚေ၀ၚၾကတဲ့ အနီရဲရဲခရမ္းခ်ဥ္သီးေလးေတြဟာ ႏွလုံးေရာဂါ၊ ဆီးခ်ဳိ ေသြးခ်ဳိေရာဂါနဲ႔ ကင္ဆာေရာဂါေတြကိုေခ်ဖ်က္ေပးႏုိင္တဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုပါ ေလ်ာ့က်ေစႏုိင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ ေစ်းလည္းခ်ဳိသာအလြယ္တကူလည္း ၀ယ္ယူရရွိႏုိင္တဲ့ ခရမ္းခ်ဥ္သီးရဲ႕ က်န္းမာေရးအတြက္ အက်ဳိးျပဳ ပုံေလးေတြကို ေ၀ငွလိုက္ပါတယ္။

(1) အျမင္အာ႐ုံကိုတုိးတက္ေကာင္းမြန္ေစျခင္း

          ခရမ္းခ်ဥ္သီးမွာ အျမင္အာ႐ုံအတြက္ အထူးေကာင္းမြန္ေစတဲ့ ဗီတာမင္ A နဲ႔ ဗီတာမင္ C ၾကြယ္၀စြာ ပါ၀င္ ပါတယ္။ဗီတာမင္  A က ျမင္လႊာပ်က္စီးျခင္း၊ မ်က္စိအတြင္းတိမ္ျဖစ္ျခင္းမွ ကာကြယ္ေပးၿပီးဗီတာမင္ C ကေတာ့ အျမင္အာ႐ုံကိုတုိးတက္ေကာင္းမြန္ေစႏုိင္တဲ့အျပင္ ညဘက္မွာ အျမင္အာ႐ုံေ၀၀ါးမႈျဖစ္ျခင္းမွလည္း တားဆီးေပးပါ တယ္။

(2) ကင္ဆာေရာဂါကိုေခ်ဖ်က္ေပးႏုိင္ျခင္း

          ခရမ္းခ်ဥ္သီးမွာ အင္တီေအာက္ဆီးဒင့္ျဖစ္တဲ့ လိုင္ကိုပင္းဓာတ္ (Lycopene) ျမင့္မားစြာ ပါရွိတာေၾကာင့္ အစာအိမ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီက်ိတ္ကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာ စတဲ့ ကင္ဆာေရာဂါအမ်ဳိးမ်ဳိးကိုေပ်ာက္ ကင္းေစႏုိင္ပါတယ္။ ကင္ဆာေရာဂါျဖစ္ႏႈန္းမွ ပိုမိုေလွ်ာ့ခ်ႏုိင္ဖုိ႔ ခရမ္းခ်ဥ္သီးနဲ႔ခ်က္တဲ့ ဟင္းလ်ာေတြမွာ သံလြင္ဆီကိုသုံးၿပီးခ်က္စားသင့္ပါတယ္။

(3) အသားအေရၾကည္လင္ေစျခင္း

          ခရမ္းခ်ဥ္သီးကို ေန႔စဥ္ပုံမွန္စားေပးပါက အသားအေရၾကည္လင္၀င္းပလာေစမွာျဖစ္ပါတယ္။ ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ လိုင္ကိုပင္းဓာတ္ဟာ ေနေလာင္ဒဏ္ေၾကာင့္ျဖစ္တဲ့ အသားအေရပ်က္စီးမႈေတြ၊ အေရးအေၾကာင္း ျဖစ္ေပၚတာေတြ၊ ၀က္ၿခံနဲ႔ အမည္းစက္ေတြကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။ ခရမ္းခ်ဥ္သီးအႏွစ္နဲ႔ အေရျပားေပၚမွာလိမ္းက်ံေပးပါက မြဲေျခာက္ေနတဲ့အသားေရကို ျပန္လည္စိုျပည္လာေစ မွာ ျဖစ္ပါတယ္။

(4) ေသြးတြင္းသၾကားဓာတ္ကိုေလွ်ာ့ခ်ေပးႏုိင္ျခင္း

          အမွ်င္ဓာတ္ၾကြယ္၀စြာ ပါ၀င္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ ျမင့္တက္ျခင္းမွ ေလွ်ာ့ခ်ေပးႏုိင္ၿပီး ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ ခ႐ိုမီယမ္ဓာတ္ကေတာ့ ေသြးတြင္းသၾကားဓာတ္ကိုထိန္းညွိေပးပါတယ္။ ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ အင္တီေအာက္ဆီဒင့္က ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။

(5) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏုိင္ျခင္း

          ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ ဗီတာမင္စီဟာေကာင္းမြန္တဲ့ အိပ္စက္ျခင္းကိုေပးစြမ္းႏုိင္တာေၾကာင့္ ညဘက္ အိပ္မေပ်ာ္တဲ့သူေတြနဲ႔ ေန႔စဥ္အစားအေသာက္ေတြထဲမွာ ခရမ္းခ်ဥ္သီးပါ၀င္ေအာင္ စားေပးသင့္ပါတယ္။

(6) အ႐ုိးေတြကိုသန္မာေစႏိုင္ျခင္း

          ခရမ္းခ်ဥ္သီးမွာပါ၀င္တဲ့ ဗီတာမင္ K နဲ႔ ကယ္လ္ဆီယမ္ဓာတ္ဟာ အ႐ုိးပြျခင္း၊ အ႐ိုးက်ဳိးျခင္း၊ ခႏၶာကိုယ္ရွိ အေၾကာအဆစ္မ်ားတြင္ နာက်င္ျခင္းတုိ႔မွ ကာကြယ္ေပးႏုိင္ပါတယ္။ အထူးသျဖင့္ ကယ္လ္ဆီယမ္ ပါ၀င္တာေၾကာင့္ အေၾကာတက္ျခင္းမွ ကင္းေ၀းေစပါတယ္။

(7) နာတာရွည္ေရာဂါမ်ားကိုသက္သာေစႏိုင္ျခင္း

          ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ကို ေန႔စဥ္ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္အတြင္းေရာင္ရမ္းမႈကိုျဖစ္ေစတဲ့ TNF – Alpha ဆုိတဲ့ ဓာတ္တစ္မ်ဳိးကို 34 ရာခိုင္ႏႈန္းေလာက္ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ႏွလုံးေရာဂါ၊ အ႐ုိးပြေရာဂါ၊ ကင္ဆာနဲ႔ အယ္လ္ဇုိင္းမားေရာဂါ ခံစားေနရသူေတြအေနနဲ႔ ခရမ္းခ်ဥ္သီးကို မျဖစ္မေနစားသုံးဖုိ႔ လိုအပ္ပါတယ္။

(8) ဆံေကသာသန္စြမ္းေစႏုိင္ျခင္း

          ခရမ္းခ်ဥ္သီးမွာပါတဲ့ ဗီတာမင္နဲ႔ သံဓာတ္ဟာ ဆံသားကို သန္စြမ္းေစႏုိင္တဲ့အျပင္ ဆံေကသာ မြဲေျခာက္ျခင္းမွ ကင္းေ၀းေအာင္ ကူညီေပးပါတယ္။ ဦးေရျပားယားယံၿပီး ေဗာက္မ်ားျဖစ္ေပၚေနပါ က ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ၿပီးတဲ့အခါ ခရမ္းခ်ဥ္သီးအရည္ကို ဦးေခါင္းအႏွံ႔ စုိစြတ္ေအာင္ ျပဳလုပ္ၿပီး ၅ မိနစ္ေလာက္ အၾကာမွာေတာ့ ေရေအး (သို႔) ေရေႏြးေႏြးေလးနဲ႔ ေလွ်ာ္ေပးလိုက္႐ုံပါပဲ။ ဒါေပမယ့္ မၾကာခဏအသံုးျပဳတာမ်ိဳးေတာ့ မလုပ္ရပါဘူး။ အေၾကာင္းကေတာ့ ခရမ္းခ်ဥ္သီးမွာ အက္ဆစ္ဓာတ္မ်ားတာေၾကာင့္ အၿမဲတေစအသံုးျပဳမယ္ဆုိရင္ ဆံသားေျခာက္ေသြ႕မႈကို ျဖစ္ေစႏုိင္ပါတယ္။

(9) ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစႏုိင္ျခင္း

          ခရမ္းခ်ဥ္သီးမွာ အမွ်င္ဓာတ္ၾကြယ္၀စြာပါ၀င္ၿပီး ေရဓာတ္ပါ၀င္မႈ ျမင့္မားတာေၾကာင့္ မလိုအပ္တဲ့ ကယ္လိုရီေတြမပါဘဲနဲ႔ ဗုိက္ကိုျပည့္တင္းေစႏုိင္ပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနသူေတြအေနနဲ႔ ခရမ္းခ်ဥ္သီးကိုအစိမ္းျဖစ္ေစ (သို႔) အသုပ္ထဲမွာ ထည့္စားျခင္းျဖစ္ေစ ေန႔စဥ္စားေပးသင့္ပါတယ္။

Credit : Dr Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Super Food လို့တင်စားခေါ်ဝေါ်ကြတဲ့ အနီရဲရဲခရမ်းချဉ်သီးလေးတွေဟာ နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါနဲ့ ကင်ဆာရောဂါတွေကိုချေဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ လျော့ကျစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဈေးလည်းချိုသာအလွယ်တကူလည်း ဝယ်ယူရရှိနိုင်တဲ့ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးပြု ပုံလေးတွေကို ဝေငှလိုက်ပါတယ်။

(1) အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေခြင်း

          ခရမ်းချဉ်သီးမှာ အမြင်အာရုံအတွက် အထူးကောင်းမွန်စေတဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင် ပါတယ်။ဗီတာမင်  A က မြင်လွှာပျက်စီးခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီးဗီတာမင် C ကတော့ အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေနိုင်တဲ့အပြင် ညဘက်မှာ အမြင်အာရုံေ၀ဝါးမှုဖြစ်ခြင်းမှလည်း တားဆီးပေးပါ တယ်။

(2) ကင်ဆာရောဂါကိုချေဖျက်ပေးနိုင်ခြင်း

          ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လိုင်ကိုပင်းဓာတ် (Lycopene) မြင့်မားစွာ ပါရှိတာကြောင့် အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုပျောက် ကင်းစေနိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်းမှ ပိုမိုလျှော့ချနိုင်ဖို့ ခရမ်းချဉ်သီးနဲ့ချက်တဲ့ ဟင်းလျာတွေမှာ သံလွင်ဆီကိုသုံးပြီးချက်စားသင့်ပါတယ်။

(3) အသားအရေကြည်လင်စေခြင်း

          ခရမ်းချဉ်သီးကို နေ့စဉ်ပုံမှန်စားပေးပါက အသားအရေကြည်လင်ဝင်းပလာစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ဟာ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ အရေးအကြောင်း ဖြစ်ပေါ်တာတွေ၊ ဝက်ခြံနဲ့ အမည်းစက်တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ အရေပြားပေါ်မှာလိမ်းကျံပေးပါက မွဲခြောက်နေတဲ့အသားရေကို ပြန်လည်စိုပြည်လာစေ မှာ ဖြစ်ပါတယ်။

(4) သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးနိုင်ခြင်း

          အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းမှ လျှော့ချပေးနိုင်ပြီး ခရမ်းချဉ်သီးမှာပါဝင်တဲ့ ခရိုမီယမ်ဓာတ်ကတော့ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ အင်တီအောက်ဆီဒင့်က သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

(5) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း

          ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင်စီဟာကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုပေးစွမ်းနိုင်တာကြောင့် ညဘက် အိပ်မပျော်တဲ့သူတွေနဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီးပါဝင်အောင် စားပေးသင့်ပါတယ်။

(6) အရိုးတွေကိုသန်မာစေနိုင်ခြင်း

          ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင် K နဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးပွခြင်း၊ အရိုးကျိုးခြင်း၊ ခန္ဓာကိုယ်ရှိ အကြောအဆစ်များတွင် နာကျင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါဝင်တာကြောင့် အကြောတက်ခြင်းမှ ကင်းဝေးစေပါတယ်။

(7) နာတာရှည်ရောဂါများကိုသက်သာစေနိုင်ခြင်း

          ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့ TNF – Alpha ဆိုတဲ့ ဓာတ်တစ်မျိုးကို 34 ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ အရိုးပွရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေအနေနဲ့ ခရမ်းချဉ်သီးကို မဖြစ်မနေစားသုံးဖို့ လိုအပ်ပါတယ်။

(8) ဆံကေသာသန်စွမ်းစေနိုင်ခြင်း

          ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်နဲ့ သံဓာတ်ဟာ ဆံသားကို သန်စွမ်းစေနိုင်တဲ့အပြင် ဆံကေသာ မွဲခြောက်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။ ဦးရေပြားယားယံပြီး ဗောက်များဖြစ်ပေါ်နေပါ က ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတဲ့အခါ ခရမ်းချဉ်သီးအရည်ကို ဦးခေါင်းအနှံ့ စိုစွတ်အောင် ပြုလုပ်ပြီး ၅ မိနစ်လောက် အကြာမှာတော့ ရေအေး (သို့) ရေနွေးနွေးလေးနဲ့ လျှော်ပေးလိုက်ရုံပါပဲ။ ဒါပေမယ့် မကြာခဏအသုံးပြုတာမျိုးတော့ မလုပ်ရပါဘူး။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်များတာကြောင့် အမြဲတစေအသုံးပြုမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။

(9) ကိုယ်အလေးချိန် လျော့ကျစေနိုင်ခြင်း

          ခရမ်းချဉ်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် မလိုအပ်တဲ့ ကယ်လိုရီတွေမပါဘဲနဲ့ ဗိုက်ကိုပြည့်တင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ ခရမ်းချဉ်သီးကိုအစိမ်းဖြစ်စေ (သို့) အသုပ်ထဲမှာ ထည့်စားခြင်းဖြစ်စေ နေ့စဉ်စားပေးသင့်ပါတယ်။

Credit : Dr Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top