iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ံဳနဲ႔ လုပ္ထားတဲ့ အစားအစာေတာ္ေတာ္မ်ားမ်ားကို မနက္စာအျဖစ္ ပိုၿပီး အစားမ်ားၾကပါတယ္။ လက္ဖက္ရည္ဆိုင္မွာ မနက္ခင္းရတဲ့ အဆာေျပ မုန္႔ေတာ္ေတာ္မ်ားမ်ားဟာ ဂ်ံဳနဲ႔ လုပ္ထားၾကတာပါ။ အီၾကာေကြး၊ ပလာတာ၊ အုန္းႏို႔ေခါက္ဆြဲ ေခါက္ဆြဲေၾကာ္၊ ေပါင္မုန္႔ေတြဟာ ဂ်ံဳရဲ႕ အရင္းအျမစ္ေတြပါပဲ။ ဒီေတာ့ ကိုယ္ရဲ႕ ေန႔စဥ္စားသံုးမႈထဲမွာ ပါဝင္တဲ့ ဂ်ံဳက ကိုယ့္က်န္းမာေရးကို ဘယ္ေလာက္အထိ အက်ိဳးျပဳသလဲဆိုတာ သိထားဖို႔ လိုပါတယ္။ ဒါမွလည္း အစားလည္းေဆး ေဆးလည္းအစာ ျဖစ္ၿပီး က်န္းမာႏုပ်ိဳလွပေစမွာပါ။

အဝလြန္ျခင္းကို ထိန္းခ်ဳပ္ေပးျခင္း

ဒီေန႔ေခတ္မွာ ေတာ္ေတာ္မ်ားမ်ားဟာ ဝလာၾကတယ္၊ တခ်ိဳ႔ဆို အဝလြန္ေရာဂါေတာင္ ျဖစ္ပါတယ္။ အသင့္စားအစားအစာေတြနဲ႔ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအစာေတြက အဝလြန္ျခင္းကို ျဖစ္ေစတာပါ။ ဂ်ံဳစားတာကေတာ့ အားျပည့္ေစေပမယ့္ အဝလြန္ျခင္း ျဖစ္ေလာက္တဲ့အထိေတာ့ မဟုတ္ပါဘူး။ အဝလြန္ျခင္းကို ထိန္းခ်ဳပ္ေပးပါတယ္။ American Journal of Clinical Nutrition ကေတာ့ ဂ်ံဳကို အဝလြန္တဲ့သူေတြေတာင္ စားလို႔ရတဲ့ အစားအစာလို႔ ဆိုထားပါတယ္။

အစာေျခစနစ္

ဂ်ံဳစားသံုးျခင္းဟာ အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစပါေသးတယ္။ ဒါ့အျပင္ ခႏၶာကုိယ္အတြက္ မလိုအပ္တဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့က်ေစၿပီး ႏွလံုးနဲ႔ ဆက္စပ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးပါတယ္။

ဆီးခ်ိဳအမ်ိဳးအစား(၂)

ဂ်ံဳမွာ မဂၢနီဆီယမ္ ေတာ္ေတာ္မ်ားမ်ား ပါဝင္ၿပီး အင္ဇိုင္းဓါတ္လည္း (၃၀၀) ထက္ပိုၿပီး ပါဝင္ပါတယ္။ ဒီအင္ဇိုင္းဓါတ္ေတြဟာ ခႏၶာကိုယ္မွာ အင္ဆူလင္နဲ႔ ဂလူးဂိုစ္ေတြ ေကာင္းမြန္စြာ လည္ပတ္ဖို႔ အေထာက္အကူျပဳပါတယ္။ FDA အရေတာ့ ဂ်ံဳပါဝင္တဲ့ အစားအစာေတြဟာ ကုိလက္စထေရာနဲ႔ ျပည့္ဝဆီေတြကို ေလွ်ာ့ခ်ေပးတာေၾကာင့္ ကင္ဆာျဖစ္ျခင္းနဲ႔ ဆီးခ်ိဳျဖစ္တာကို ကာကြယ္ေပးတယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ပံုမွန္စားသံုးမယ္ဆိုရင္ သၾကားဓါတ္ကို ထိန္းေပးတာေၾကာင့္ ဆီးခ်ိဳတက္တာကို မျဖစ္ေစပါဘူး။

ရင္သားကင္ဆာ

UK Women’s Cohort Study ကေတာ့ အမွ်င္ဓါတ္ မ်ားမ်ား စားသံုးျခင္းဟာ ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ေပးတယ္လို႔ ရွာေဖြေတြ႔ရွိထားပါတယ္။ တစ္ေန႔ကို (၃၀) ဂရမ္ေလာက္ စားေပးမယ္ဆိုရင္မွာ ရင္သားကင္ဆာ ျဖစ္ျခင္းကို ကာကြယ္ေပးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေသြးဆံုးခ်ိန္မွာ ျဖစ္တတ္တဲ့ေဝဒနာေတြကိုလည္း သက္သာေစပါတယ္။

ႏွလံုးေရာဂါျဖစ္ျခင္းကို ကာကြယ္ေပးျခင္း

ႏွလံုးေရာဂါဟာ ကမာၻေပၚမွာ အျဖစ္အမ်ားဆံုး ေရာဂါတစ္မ်ိဳးပါ။ ဂ်ံဳမွာ ပါဝင္တဲ့ အမွ်င္ဓါတ္ေတြဟာ ေသြးဖိအား မ်ားျခင္းကို ထိန္းခ်ဳပ္ေပးတာေၾကာင့္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့က်ေစပါတယ္။ ဂ်ံဳမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဗီတာမင္ဓါတ္ေတြလည္း ပါဝင္ေသးတာေၾကာင့္ က်န္းမာေရး ေကာင္းမြန္ေစဖို႔ အေထာက္အကူ ျပဳပါေသးတယ္။

ကယ္လ္စီယမ္ဓါတ္ ရရွိျခင္း

ခႏၶာကိုယ္မွာ ရွိတဲ့ သြားအပါအဝင္ အရိုးအဆစ္ေတြ အားလံုးသန္မာေစဖို႔အတြက္ ကယ္လ္စီယမ္ဓါတ္ေတြ လိုအပ္ပါတယ္။ တစ္ေန႔ကို ကယ္လ္စီယမ္ ပမာဏ(၁၀၀၀) မီလီဂရမ္ လိုအပ္တာေၾကာင့္ ဂ်ံဳစားေပးဖို႔ လိုပါတယ္။

ဗီတာမင္ဘီ

ဂ်ံဳမွာ ဗီတာမင္ဘီဓါတ္ျဖစ္တဲ့ Thiamin၊ Riboflavin ေတြပါဝင္တာေၾကာင့္ ဇီဝျဖစ္ပ်က္မႈကို ေကာင္းေစသလို ေဖာလစ္အက္ဆစ္လည္း ပါဝင္တာေၾကာင့္ ေသြးနီဥဆဲလ္ေတြ ထုတ္လုပ္ဖုိ႔အတြက္လည္း အေထာက္အကူျပဳပါတယ္။ ဒါဟာ ေမေမေလာင္းေရာ၊ သေႏၶသားက်န္းမာေရးကိုပါ ေကာင္းမြန္ေစပါတယ္။ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ မရွိမျဖစ္ လိုအပ္တဲ့ ေဖာလစ္အက္ဆစ္ဓါတ္ ျဖစ္တာေၾကာင့္ ေမေမေလာင္းတို႔ ဂ်ံဳစားေပးဖို႔ တိုက္တြန္းပါရေစ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။

အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း

ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal of Clinical Nutrition ကတော့ ဂျုံကို အဝလွန်တဲ့သူတွေတောင် စားလို့ရတဲ့ အစားအစာလို့ ဆိုထားပါတယ်။

အစာခြေစနစ်

ဂျုံစားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါသေးတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကို လျှော့ကျစေပြီး နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ဆီးချိုအမျိုးအစား(၂)

ဂျုံမှာ မဂ္ဂနီဆီယမ် တော်တော်များများ ပါဝင်ပြီး အင်ဇိုင်းဓါတ်လည်း (၃၀၀) ထက်ပိုပြီး ပါဝင်ပါတယ်။ ဒီအင်ဇိုင်းဓါတ်တွေဟာ ခန္ဓာကိုယ်မှာ အင်ဆူလင်နဲ့ ဂလူးဂိုစ်တွေ ကောင်းမွန်စွာ လည်ပတ်ဖို့ အထောက်အကူပြုပါတယ်။ FDA အရတော့ ဂျုံပါဝင်တဲ့ အစားအစာတွေဟာ ကိုလက်စထရောနဲ့ ပြည့်ဝဆီတွေကို လျှော့ချပေးတာကြောင့် ကင်ဆာဖြစ်ခြင်းနဲ့ ဆီးချိုဖြစ်တာကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပုံမှန်စားသုံးမယ်ဆိုရင် သကြားဓါတ်ကို ထိန်းပေးတာကြောင့် ဆီးချိုတက်တာကို မဖြစ်စေပါဘူး။

ရင်သားကင်ဆာ

UK Women’s Cohort Study ကတော့ အမျှင်ဓါတ် များများ စားသုံးခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ပေးတယ်လို့ ရှာဖွေတွေ့ရှိထားပါတယ်။ တစ်နေ့ကို (၃၀) ဂရမ်လောက် စားပေးမယ်ဆိုရင်မှာ ရင်သားကင်ဆာ ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပါ။ ဂျုံမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ သွေးဖိအား များခြင်းကို ထိန်းချုပ်ပေးတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ကျစေပါတယ်။ ဂျုံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေလည်း ပါဝင်သေးတာကြောင့် ကျန်းမာရေး ကောင်းမွန်စေဖို့ အထောက်အကူ ပြုပါသေးတယ်။

ကယ်လ်စီယမ်ဓါတ် ရရှိခြင်း

ခန္ဓာကိုယ်မှာ ရှိတဲ့ သွားအပါအဝင် အရိုးအဆစ်တွေ အားလုံးသန်မာစေဖို့အတွက် ကယ်လ်စီယမ်ဓါတ်တွေ လိုအပ်ပါတယ်။ တစ်နေ့ကို ကယ်လ်စီယမ် ပမာဏ(၁၀၀၀) မီလီဂရမ် လိုအပ်တာကြောင့် ဂျုံစားပေးဖို့ လိုပါတယ်။

ဗီတာမင်ဘီ

ဂျုံမှာ ဗီတာမင်ဘီဓါတ်ဖြစ်တဲ့ Thiamin၊ Riboflavin တွေပါဝင်တာကြောင့် ဇီဝဖြစ်ပျက်မှုကို ကောင်းစေသလို ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဒါဟာ မေမေလောင်းရော၊ သန္ဓေသားကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မရှိမဖြစ် လိုအပ်တဲ့ ဖောလစ်အက်ဆစ်ဓါတ် ဖြစ်တာကြောင့် မေမေလောင်းတို့ ဂျုံစားပေးဖို့ တိုက်တွန်းပါရစေ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top