iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကမွာကိုယ့္ကိုမလိုတဲ့သူေတြ၊ မနာလိုျဖစ္ေနတဲ့သူေတြကေတာ့ ရွိစၿမဲပါပဲ။ တခ်ိဳ႔ဆိုရင္ ကိုယ့္ထက္သာေနတာေတာင္ ကိုယ့္ကိုျပန္ၿပီး မနာလိုျဖစ္ေနတာေတြရွိပါတယ္။ အဲ့ဒီမနာလိုမႈေတြေၾကာင့္ပဲ သူတို႔မွာအရင္ပူေလာင္ရပါတယ္။ ရန္ကိုရန္ခ်င္းမတံု႔ျပန္နဲ႔ဆိုတဲ့စကားအတိုင္းပဲ ကိုယ့္ကိုမလိုမုန္းထားၿပီး တိုက္ခိုက္ေနသူေတြကို ဘယ္လိုတံု႔ျပန္ရမလဲဆိုတာေလးကို ေျပာျပေပးလိုက္ပါတယ္။

တခ်ိဳ႔လူေတြက ကိုယ့္ထက္သာသြားမွာကိုမနာလိုၾကတာေတြလည္း အမ်ားႀကီးရွိပါတယ္။ ကိုယ့္အေနနဲ႔ကေတာ့ သူတို႔ကိုဂရုစိုက္မေနပဲ ပိုေကာင္းေအာင္ ပိုေတာ္လာေအာင္ ဆက္ႀကိဳးစားဖို႔ပါပဲ။ သူတို႔ဘာလို႔ငါ့ကို ဒီလိုျဖစ္ေနတာလဲဆိုၿပီး ေတြးမေနပါနဲ႕။ ကုိယ့္ကိုယ္ကိုပဲ ေကာင္းသထက္ေကာင္းေအာင္၊ အေကာင္းဆံုးေတြျဖစ္ေအာင္ ဆက္ႀကိဳးစားပါ။ သူမ်ားစိတ္နဲ႔ အသက္ရွင္ေနရတာမ်ိဳး မျဖစ္ပါေစနဲ႔ေနာ္။

ကိုယ့္ရဲ႕ရုပ္ပိုင္းဆိုင္ရာ၊ အလွအပေရးရာေတြနဲ႔ပတ္သတ္ၿပီးေတာ့လည္း မနာလိုသူ၊ ေ၀ဖန္ေစာင္းေျမာင္းေနသူေတြ ရွိတတ္ပါတယ္။ ဒီလိုကိုယ့္ကိုေ၀ဖန္ေနတဲ့အခါမွာလည္း ကိုယ့္အေနနဲ႔က သူမ်ားေျပာတာေတြကို နားေယာင္ၿပီး စိတ္ဓာတ္က်သြားစရာမလိုပါဘူး။ ေလာကမွာ အေရးမႀကီးတာေလးေတြကအစ ေခါင္းထဲထည့္ေနမယ္ဆိုရင္ေတာ့ အဆင္မေျပႏိုင္ပါဘူး။ ဒီအရာေတြထက္အေရးႀကီးတာေတြ အမ်ားႀကီးရွိပါတယ္။

ရန္ကိုရန္ခ်င္းမတံု႔ျပန္ပါနဲ႕။ သူရိုင္းသလိုကိုယ္ျပန္မရိုင္းပါနဲ႕။ ဘယ္သူေတြကိုယ့္အေပၚ ဘယ္လိုစိတ္မ်ိဳးပဲထားထား၊ ဘယ္လိုေတြပဲေျပာဆိုဆက္ဆံေနပါေစ ကုိယ့္ဘက္က ေမတၱာထားလိုက္ပါ။ အတတ္ႏိုင္ဆံုးသည္းခံလိုက္ပါ။ သည္းခံျခင္းက ေအာင္ျမင္ျခင္းပဲေလ။ ကိုယ္ကသာသူတို႔အေပၚမွာ  တကယ့္စိတ္ရင္းမွန္နဲ႔ေမတၱာထားရင္ သူတို႔လည္း တစ္ေန႔ကိုယ့္အေပၚေမတၱာျပန္ထားလာပါလိမ့္မယ္။ ေမတၱာဆိုတာ ေရာင္ျပန္ဟပ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ၿပံဳးထားပါ။ ကိုယ့္အေပၚေကာင္းတဲ့သူေတြအေပၚေရာ၊ မေကာင္းတဲ့သူေတြအေပၚေရာ အၿပံဳးနဲ႔ပဲဆက္ဆံပါ။

သူတို႔ကိုယ့္အေပၚမလိုမုန္းထားေနရင္ ကိုယ္ေတာင္ဘာမွလုပ္စရာမလိုပဲ သူတို႔ရဲ႕မေကာင္းတဲ့စိတ္ေတြက သူတို႔ကိုျပန္သတ္သြားပါလိမ့္မယ္။ သူတို႔ေစတနာ အက်ိဳးေပးပါလိမ့္မယ္။ ကိုယ့္အေနနဲ႔လုပ္ရမွာကေတာ့ ဘယ္သူဘာေျပာေျပာဂရုမစိုက္ပဲ ကိုယ့္အလုပ္ကိုဆက္လုပ္ဖို႔ ကိုယ္ေနၿမဲတိုင္းဆက္ေနဖို႔နဲ႔ အရင္ထက္ပိုေကာင္းေအာင္ ႀကိဳးစားဖို႔ပါပဲ။ ေနာက္တစ္ခုကေတာ့ လူတိုင္းအေပၚေမတၱာစစ္နဲ႔ ေစတနာထားလိုက္ပါ။ ကိုယ့္စိတ္အရင္ေအးခ်မ္းသြားပါလိမ့္မယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လောကမှာကိုယ့်ကိုမလိုတဲ့သူတွေ၊ မနာလိုဖြစ်နေတဲ့သူတွေကတော့ ရှိစမြဲပါပဲ။ တချို့ဆိုရင် ကိုယ့်ထက်သာနေတာတောင် ကိုယ့်ကိုပြန်ပြီး မနာလိုဖြစ်နေတာတွေရှိပါတယ်။ အဲ့ဒီမနာလိုမှုတွေကြောင့်ပဲ သူတို့မှာအရင်ပူလောင်ရပါတယ်။ ရန်ကိုရန်ချင်းမတုံ့ပြန်နဲ့ဆိုတဲ့စကားအတိုင်းပဲ ကိုယ့်ကိုမလိုမုန်းထားပြီး တိုက်ခိုက်နေသူတွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာလေးကို ပြောပြပေးလိုက်ပါတယ်။

တချို့လူတွေက ကိုယ့်ထက်သာသွားမှာကိုမနာလိုကြတာတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ကတော့ သူတို့ကိုဂရုစိုက်မနေပဲ ပိုကောင်းအောင် ပိုတော်လာအောင် ဆက်ကြိုးစားဖို့ပါပဲ။ သူတို့ဘာလို့ငါ့ကို ဒီလိုဖြစ်နေတာလဲဆိုပြီး တွေးမနေပါနဲ့။ ကိုယ့်ကိုယ်ကိုပဲ ကောင်းသထက်ကောင်းအောင်၊ အကောင်းဆုံးတွေဖြစ်အောင် ဆက်ကြိုးစားပါ။ သူများစိတ်နဲ့ အသက်ရှင်နေရတာမျိုး မဖြစ်ပါစေနဲ့နော်။

ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ အလှအပရေးရာတွေနဲ့ပတ်သတ်ပြီးတော့လည်း မနာလိုသူ၊ ဝေဖန်စောင်းမြောင်းနေသူတွေ ရှိတတ်ပါတယ်။ ဒီလိုကိုယ့်ကိုဝေဖန်နေတဲ့အခါမှာလည်း ကိုယ့်အနေနဲ့က သူများပြောတာတွေကို နားယောင်ပြီး စိတ်ဓာတ်ကျသွားစရာမလိုပါဘူး။ လောကမှာ အရေးမကြီးတာလေးတွေကအစ ခေါင်းထဲထည့်နေမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒီအရာတွေထက်အရေးကြီးတာတွေ အများကြီးရှိပါတယ်။

ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့။ သူရိုင်းသလိုကိုယ်ပြန်မရိုင်းပါနဲ့။ ဘယ်သူတွေကိုယ့်အပေါ် ဘယ်လိုစိတ်မျိုးပဲထားထား၊ ဘယ်လိုတွေပဲပြောဆိုဆက်ဆံနေပါစေ ကိုယ့်ဘက်က မေတ္တာထားလိုက်ပါ။ အတတ်နိုင်ဆုံးသည်းခံလိုက်ပါ။ သည်းခံခြင်းက အောင်မြင်ခြင်းပဲလေ။ ကိုယ်ကသာသူတို့အပေါ်မှာ  တကယ့်စိတ်ရင်းမှန်နဲ့မေတ္တာထားရင် သူတို့လည်း တစ်နေ့ကိုယ့်အပေါ်မေတ္တာပြန်ထားလာပါလိမ့်မယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ နောက်တစ်ခုကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပြုံးထားပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်ရော၊ မကောင်းတဲ့သူတွေအပေါ်ရော အပြုံးနဲ့ပဲဆက်ဆံပါ။

သူတို့ကိုယ့်အပေါ်မလိုမုန်းထားနေရင် ကိုယ်တောင်ဘာမှလုပ်စရာမလိုပဲ သူတို့ရဲ့မကောင်းတဲ့စိတ်တွေက သူတို့ကိုပြန်သတ်သွားပါလိမ့်မယ်။ သူတို့စေတနာ အကျိုးပေးပါလိမ့်မယ်။ ကိုယ့်အနေနဲ့လုပ်ရမှာကတော့ ဘယ်သူဘာပြောပြောဂရုမစိုက်ပဲ ကိုယ့်အလုပ်ကိုဆက်လုပ်ဖို့ ကိုယ်နေမြဲတိုင်းဆက်နေဖို့နဲ့ အရင်ထက်ပိုကောင်းအောင် ကြိုးစားဖို့ပါပဲ။ နောက်တစ်ခုကတော့ လူတိုင်းအပေါ်မေတ္တာစစ်နဲ့ စေတနာထားလိုက်ပါ။ ကိုယ့်စိတ်အရင်အေးချမ်းသွားပါလိမ့်မယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top