iMyanmarHouse.com - Best Property Website for Myanmar
×

အာနိသင္
ျမန္မာ ေဆးက်မ္းမ်ား အလိုအရ မန္က်ည္း ပင္ သည္ ပူ၏ ၊ခ်ဥ္၏ ၊ သည္းေျခကို ျဖစ္ေစ တတ္၏ ၊ သလိပ္ကို ပြားေစ ၏ ၊ ေလကို ႏိုင္၏ ၊ အရြက္သည္ ေရာင္တင္း ျခင္း ၊ ေသြးေဖာက္ ျပန္ျခင္း ၊ နားေရာဂါ ၊ မ်က္စိ ေရာဂါ ၊ ေျမြဆိပ္ သင့္ျခင္း တို႔ကို ႏုိင္၏ ။အသီးစိမ္း သည္ ခ်ဥ္၏ ၊ ခ်ိဳ၏ ၊ ပူ၏ ၊သည္းေျခႏွင့္ သလိပ္ကို ျဖစ္ေစ၏ ။ အသီးမွည့္သည္ ပူ၏ ၊ ၀မ္းမီး ကို ေတာက္ေစ ၏ ၊ အနည္းငယ္ ၀မ္းသက္ေစ ၍ သလိပ္ႏွင့္ ေလကို ႏိုင္၏။

ပဥၥငါးပါးအသံုးျပဳပံု

၁ ။ မန္က်ည္း ပဥၥငါးပါးကို ျပာ ခ်ဆား ခ်က္ၿပီး ညနံနက္ အနည္းငယ္ မွ်စီ ေသာက္ေပးပါက ေသြးလံုး ေလလံုး ေပ်ာက္၏။

အေခါက္အသံုးျပဳပံု

၁ ။ အေခါက္ကို ေညာင္းက် ေရာဂါ ၊ ဆီးႏွင့္ စပ္လ်ဥ္းေသာ ေရာဂါ ၊ ေသြးျမင္း သရိုက္ ေရာဂါ ၊ ကိုယ္ေရ ၀ါ ေရာဂါ ႏွင့္ ၀မ္းဗိုက္ေအာင့္ နာက်င္ျခင္း ေရာဂါမ်ား တြင္ သံုး၏။
၂ ။ အေခါက္ကို အေပြးႏွင့္ တကြ ျပာခ်ၿပီး အစာစား ၿပီး ေနာက္ ေရႏွင့္ ေရာေသာက္ေသာ္ ေလခ်ဥ္ တက္ျခင္း အန္ျခင္း ေပ်ာက္၏ ။
၃ ။ အေခါက္ျပာ ကို ပ်ားရည္ႏွင့္ ေဖ်ာ္လ်က္ေသာ္ ၀မ္းဗိုက္ ထိုးေအာင့္ နာက်င္ျခင္း ေပ်ာက္၏ ။
၄ ။ အေပြးကို ကၽြမ္းေအာင္ ဖုတ္၍ အမႈန္႔ ျပဳၿပီး ေရေႏြးႏွင့္ ေသာက္က အစာမေၾက ေရာဂါ ေပ်ာက္၏ ။
၅ ။ အေခါက္ကို ေရႏွင့္ ေသြး၍ မ်က္စိနာ ၊ အနာဖု မ်ား၊ အဆိပ္ရွိ သတၱ၀ါမ်ား ကိုက္ေသာ ဒဏ္ရာမ်ား ကို လိမ္းေပးက ေပ်ာက္၏ ။

အရြက္အသံုးျပဳပံု

၁ ။ အရြက္ရည္ ကို ႏွမ္းဆီႏွင့္ ေရာခ်က္၍ နားတြင္ အနည္းငယ္ ခတ္ေပးေသာ္ နားကိုက္ နားနာ ေပ်ာက္၏ ။
၂ ။အရြက္ႀကိတ္ ၫွစ္ရည္ကို နံနက္ ည ေၾကြဇြန္း ႀကီး တစ္ဇြန္း က် ေသာက္ေသာ္ ဆီးပူျခင္း ေပ်ာက္၏။
၃ ။ အပူလြန္ ၍ ယားယံျခင္းအတြက္ မန္က်ည္း ရြက္ ႀကိတ္ၫွစ္ရည္ ကို လိမ္းေပးက ေပ်ာက္၏ ။
၄ ။ မန္က်ည္းရြက္ ၫွစ္ရည္သည္ တစ္ဆ၊ သိေႏၶာဆား ႏွစ္ဆ ေရာ၍ ေသာက္ပါက ေျမြဆိပ္ ေျပေစ ၏ ။
၅ ။ မန္က်ည္းရြက္ ႏွင့္ ကလိန္ေစ့ ေရာစားပါ က ေခၽြးထြက္ လြန္ျခင္း ၊ ေခၽြးနံ႔ မေကာင္းျခင္း ေပ်ာက္၏။

အသီးအသံုးျပဳပံု

၁ ။ မန္က်ည္းသီး အႏွစ္အား ၀မ္းႏုတ္ေဆး ၊ အားေဆး ႏွင့္ ခံတြင္းေကာင္း ေဆး ေဖာ္စပ္ရာ တြင္ သံုး၏။
၂ ။ မန္က်ည္းသီး အေဟာင္း ၊ ဒိန္ခ်ဥ္ရည္ စိမ္ထားေသာ ၾကက္သြန္ျဖဴ ႏွင့္ ေခ်းသီး တို႔ကို အမွ်စု ႀကိတ္ၿပီး ေရြးလံုး မွ်လံုး၍ အရိပ္တြြင္ အေျခာက္ လွန္းကာ ၁၅ မိနစ္ တစ္ႀကိမ္ တစ္လံုးက် ၾကက္သြန္ျဖဴ ရည္ လက္ဖက္ရည္ ဇြန္းငယ္ တစ္ဇြန္းႏွင့္ ေဖ်ာ္ေသာက္က ကာလ၀မ္း ေရာဂါ ေပ်ာက္၏ ။
၃ ။မန္က်ည္းသီး မွည့္ကို ထန္းလ်က္ ၊ ဆားတို႔ႏွင့္ ေဖ်ာ္ရည္စိမ္ ၍ ေသာက္ေသာ္ ကိုယ္တြင္း ေအး၏၊ အားကုိ ျဖစ္ေစသည္။
READ  လူတုိ႔ ဦးေခါင္းထား၍ အိပ္ရမည့္အရပ္

အေစ့အသံုးျပဳပံု
၁ ။ မန္က်ည္းေစ့ ကို ေရ၌ တစ္ည စိမ္၍ နံနက္၌ အေစ့ဆံ ထုတ္ၿပီး ႏြားႏို႔ ႏွင့္ ႀကိတ္ေသာက္က မီးယပ္ျဖဴ ဆင္း ျခင္း ၊ ဆီးလြန္ျခင္း ေပ်ာက္၏ ။
၂ ။ မန္က်ည္းေစ့ ဆံကို ေသြးေသာက္ ေသာ္ ၀မ္းသြားျခင္း ၊ ၀မ္းကိုက္ ျခင္း ေပ်ာက္၏ ။
၃ ။ အေစ့ဆံ ကို ေသြး၍ ကင္းကိုက္ေသာ ဒဏ္ရာ သို႔ လိမ္းေပးေသာ္ ကင္းဆိပ္ ေျပ၏။
၄ ။မန္က်ည္း ေစ့ ရင့္ရင့္ အခြံ ၊ဇီယာ ၊ သၾကားခဲ တို႔ကို အမႈန္႔ ျပဳ၍ ေသာက္က အရိအရြဲ သလိပ္စ ၊ ေသြးစမ်ား ပါ၍ နာက်င္စြာ သြားေသာ ၀မ္းေရာဂါ ေပ်ာက္၏။

Credit : Data Doctor
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်း ပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ ၏ ၊ အနည်းငယ် ဝမ်းသက်စေ ၍ သလိပ်နှင့် လေကို နိုင်၏။

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက်အသုံးပြုပုံ

၁ ။ အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။
၂ ။ အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။
၃ ။ အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။
၄ ။ အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
၅ ။ အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။

အရွက်အသုံးပြုပုံ

၁ ။ အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
၂ ။အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
၃ ။ အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
၄ ။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
၅ ။ မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီးအသုံးပြုပုံ

၁ ။ မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။
၂ ။ မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏ ။
၃ ။မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။
READ  လူတို့ ဦးခေါင်းထား၍ အိပ်ရမည့်အရပ်

အစေ့အသုံးပြုပုံ
၁ ။ မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
၂ ။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏ ။
၃ ။ အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
၄ ။မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။

Credit : Data Doctor

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top