iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလို ပူအိုက္တဲ့ ေႏြရာသီအခ်ိန္မွာ ေရဓာတ္ကုန္ခမ္းမႈမျဖစ္ေစရေအာင္ ေရကိုအၿမဲေသာက္သံုးေနဖုိ႕ လိုအပ္ပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕သူမ်ားက အရသာမရွိလုိ႕ဆိုၿပီး ေရေသာက္ဖို႕ကို ၿငင္းဆန္ခ်င္ႀကပါတယ္။

ဒါေႀကာင့္ ရိုးရိုးေရပဲေသာက္ေနတာထက္ က်န္းမာေရးအတြက္လည္း အက်ိဳးရွိမယ့္ Water Detox ေလးေတြကိုလည္း ေသာက္သံုးႏုိင္ဖုိ႕အတြက္ Water Detox ငါးမ်ိဳးကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ပန္းသီး သစ္ႀကံပိုးေခါက္ေရ

အိပ္ရာမ၀င္ခင္ ပန္းသီးကို အခြံမခြာဘဲ အစိတ္စိတ္ေလးေတြလွီးၿပီး သစ္ႀကံပိုးေခါက္ႏွစ္ေခ်ာင္းႏွင့္အတူ ခရားထဲထည့္ပါ။ ေရထည့္ၿပီးတာနဲ႕ ေရခဲေသတၱာထဲမွာ တစ္ညထားပါ။ ေနာက္ေန႕မနက္ေရာက္တဲ့အခါ ေရခဲတံုးေလးေတြထည့္ၿပီး အရသာရွိရွိေသာက္သံုးႏိုင္ပါတယ္။

၂။ ပန္းသီး၊ သခြားသီး၊ ပူစီနံ ႏွင့္ ေရ

သခြားသီးႏွင့္ ပန္းသီးတို႕ကို အစိတ္ေသးေသးေလးေတြ လွီးၿပီး ပူစီနံေျခာက္ရြက္ေလာက္ကို ႀကိတ္ၿပီးအရည္ညွစ္ပါ။ ထုိပါ၀င္ပစၥည္းသံုးမ်ိဳးကို ေရထည့္ထားတဲ့ ခရားထဲေရာေပးၿပီး တစ္ညအေအးခံပါ။ မနက္ေရာက္သည့္အခါ တစ္ခြက္အျပည့္ေသာက္သံုးႏိုင္ပါၿပီ။

၃။ ဂရိတ္ဖရုေရ

ဂရိတ္ဖရုတစ္လံုးကို အျခမ္းေလးေတြလွီးၿပီး ခရားထဲထည့္ကာ ေရျဖည့္ပါ။ တစ္ညလံုး ေရခဲေသတၱာထဲ အေအးခံၿပီးရင္ ေနာက္ေန႕မွာ ေသာက္သံုးႏိုင္ပါတယ္။ ေအးျမလန္းဆန္းမႈကို ေပးစြမ္းႏိုင္လို႕ အားကစားလုပ္ၿပီးခ်ိန္ ေသာက္သံုးဖို႕ အထူးသင့္ေတာ္ပါတယ္။

၄။ စေတာ္ဘယ္ရီႏွင့္ သရက္သီး ေရ

လက္ဆတ္တဲ့ သရက္သီး၊ စေတာ္ဘယ္ရီသီးတို႕ကို အစိတ္ေလးေတြစိတ္ၿပီး ခရားထဲထည့္၊ ေရျဖည့္ၿပီး ၄ နာရီ စိမ္ထားပါ။ အခ်ိန္ျပည့္လွ်င္ ေရခဲတံုးေလးေတြနဲ႕ ေရာစပ္ၿပီး ေသာက္သံုးေပးမယ္ဆိုရင္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီးရႏုိင္ပါတယ္။

၅။ သခြားသီး၊ နံနံပင္၊ တရုတ္နံနံ၊ ေရ

ခရားထဲတြင္ သခြားသီး၊ နံနံပင္၊ တရုတ္နံနံတို႕ကို စိတ္ပိုင္းထည့္ၿပီး ေရျဖည့္ပါ။ ေလးနာရီႀကာအေအးခံထားၿပီးလွ်င္ အရသာရွိရွိ ေသာက္သံုးေပးႏုိင္ပါတယ္။ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးအမ်ားႀကီး ျဖစ္ထြန္းႏုိင္လို႕ ေသာက္သံုးဖို႕ တိုက္တြန္းခ်င္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီလို ပူအိုက်တဲ့ နွေရာသီအချိန်မှာ ရေဓာတ်ကုန်ခမ်းမှုမဖြစ်စေရအောင် ရေကိုအမြဲသောက်သုံးနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း အချို့သူများက အရသာမရှိလို့ဆိုပြီး ရေသောက်ဖို့ကို ငြင်းဆန်ချင်ကြပါတယ်။

ဒါကြောင့် ရိုးရိုးရေပဲသောက်နေတာထက် ကျန်းမာရေးအတွက်လည်း အကျိုးရှိမယ့် Water Detox လေးတွေကိုလည်း သောက်သုံးနိုင်ဖို့အတွက် Water Detox ငါးမျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပန်းသီး သစ်ကြံပိုးခေါက်ရေ

အိပ်ရာမဝင်ခင် ပန်းသီးကို အခွံမခွာဘဲ အစိတ်စိတ်လေးတွေလှီးပြီး သစ်ကြံပိုးခေါက်နှစ်ချောင်းနှင့်အတူ ခရားထဲထည့်ပါ။ ရေထည့်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။ နောက်နေ့မနက်ရောက်တဲ့အခါ ရေခဲတုံးလေးတွေထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပါတယ်။

၂။ ပန်းသီး၊ သခွားသီး၊ ပူစီနံ နှင့် ရေ

သခွားသီးနှင့် ပန်းသီးတို့ကို အစိတ်သေးသေးလေးတွေ လှီးပြီး ပူစီနံခြောက်ရွက်လောက်ကို ကြိတ်ပြီးအရည်ညှစ်ပါ။ ထိုပါဝင်ပစ္စည်းသုံးမျိုးကို ရေထည့်ထားတဲ့ ခရားထဲရောပေးပြီး တစ်ညအအေးခံပါ။ မနက်ရောက်သည့်အခါ တစ်ခွက်အပြည့်သောက်သုံးနိုင်ပါပြီ။

၃။ ဂရိတ်ဖရုရေ

ဂရိတ်ဖရုတစ်လုံးကို အခြမ်းလေးတွေလှီးပြီး ခရားထဲထည့်ကာ ရေဖြည့်ပါ။ တစ်ညလုံး ရေခဲသေတ္တာထဲ အအေးခံပြီးရင် နောက်နေ့မှာ သောက်သုံးနိုင်ပါတယ်။ အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်လို့ အားကစားလုပ်ပြီးချိန် သောက်သုံးဖို့ အထူးသင့်တော်ပါတယ်။

၄။ စတော်ဘယ်ရီနှင့် သရက်သီး ရေ

လက်ဆတ်တဲ့ သရက်သီး၊ စတော်ဘယ်ရီသီးတို့ကို အစိတ်လေးတွေစိတ်ပြီး ခရားထဲထည့်၊ ရေဖြည့်ပြီး ၄ နာရီ စိမ်ထားပါ။ အချိန်ပြည့်လျှင် ရေခဲတုံးလေးတွေနဲ့ ရောစပ်ပြီး သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။

၅။ သခွားသီး၊ နံနံပင်၊ တရုတ်နံနံ၊ ရေ

ခရားထဲတွင် သခွားသီး၊ နံနံပင်၊ တရုတ်နံနံတို့ကို စိတ်ပိုင်းထည့်ပြီး ရေဖြည့်ပါ။ လေးနာရီကြာအအေးခံထားပြီးလျှင် အရသာရှိရှိ သောက်သုံးပေးနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီး ဖြစ်ထွန်းနိုင်လို့ သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top