iMyanmarHouse.com - Best Property Website for Myanmar
×

သခြားသီး Detox ေရက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ အခုေခတ္မွာ ေတာ္ေတာ္မ်ားမ်ား ေသာက္သံုးၾကပါတယ္။

သခြားသီး Detox ေရက ဗီတာမင္ စီ၊ Beta-Carotene၊ Manganese၊ Molybdenum နဲ႔ တျခား Antioxidants ဓာတ္ေတြ အမ်ားႀကီးပါဝင္ေနပါတယ္။

သခြားသီး ေရကုိ ဘယ္လိုလုပ္မလဲ။

သခြားသီး၁လံုးလံုးကို သန္႔ရွင္းၿပီး ပါးပါးလွီးလိုက္ပါ။ ခရားတစ္လံုးထဲမွာ ေရေအးေအးနဲ႔ သခြားသီးကိုထည့္ထားပါ။ ေရခဲထပ္ထည့္ပါ။ သခြားသီးေတြအားလံုးကို ေရနဲ႔ လံုးဝ ဖံုးအုပ္ေနေအာင္ထားပါ။ ၁၀ မိနစ္၊ ၁၅ မိနစ္ေလာက္ထားၿပီး ေသာက္ပါ။ ၂၄ နာရီအတြင္း ေရကုန္သြားရင္ ျပန္ျဖည့္ၿပီးေသာက္လို႔ ရပါတယ္။

အသားအေရကို ထိန္းသိမ္းေပး

Antioxidants ေတြအမ်ားႀကီးပါဝင္တာေၾကာင့္ အေရးအေၾကာင္းေတြ၊ အစက္အေျပာက္ေတြ၊ အသားအေရ တြဲက်တာေတြကို ျဖစ္ေစႏိုင္တဲ့ Free Radicals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပး

သခြားသီးကို စားထားရင္ ဝမ္းဗိုက္ကို အလြယ္တကူျပည့္ေစပါတယ္။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်တဲ့ေနရာမွာ သခြားသီးကို ထည့္စားသင့္ပါတယ္။ ဒါမွ ဝမ္းဗိုက္ကိုျပည့္ေစၿပီး အစားခဏခဏမစားမိတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ခ်ေပးပါတယ္။

ႏွလံုးေရာဂါ

သခြားသီးစိမ္ထားတဲ့ ေရကိုေသာက္ရင္ ခႏၶာကိုယ္ထဲက ပိုတက္ဆီယမ္ အဆင့္ကို ျမွင့္တင္ေပးၿပီး က်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။ ပိုတက္ဆီယမ္ဓာတ္က ေသြးဖိအားကိုေလ်ာ့ခ်ေပးတာေၾကာင့္ ႏွလံုး ရုတ္တရပ္ ရပ္တန္႔တာ (Heart Attacks) ၊ ေလျဖတ္ေရာဂါနဲ႔ တျခား ႏွလံုးေရာဂါေတြကို ကာကြယ္ေပးပါတယ္။

အရိုးသိပ္သည္းမႈ

အသက္ႀကီးလာလို႔ အရိုးပြမွာ စိုးရိမ္ေနရင္ ဒီသခြားသီး ေရကို ေသာက္လို႔ရပါတယ္။ Silica ၊ Manganese တို႔ပါဝင္ပါတယ္။ ဒီဓာတ္ေတြက အရုိးပြတာကို ကာကြယ္ေပးၿပီး သန္မာေစပါတယ္။

ကင္ဆာ

သခြားသီးမွာ Cucurbitacin ဓာတ္ပါဝင္ၿပီး အားေကာင္းတဲ့ Antioxidant တစ္မ်ိဳးပါ။ ဒီဓာတ္က ဆီးက်ိတ္ကင္ဆာနဲ႔ တျခား ကင္ဆာေတြျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သခွားသီး Detox ရေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အခုခေတ်မှာ တော်တော်များများ သောက်သုံးကြပါတယ်။

သခွားသီး Detox ရေက ဗီတာမင် စီ၊ Beta-Carotene၊ Manganese၊ Molybdenum နဲ့ တခြား Antioxidants ဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

သခွားသီး ရေကို ဘယ်လိုလုပ်မလဲ။

သခွားသီး၁လုံးလုံးကို သန့်ရှင်းပြီး ပါးပါးလှီးလိုက်ပါ။ ခရားတစ်လုံးထဲမှာ ရေအေးအေးနဲ့ သခွားသီးကိုထည့်ထားပါ။ ရေခဲထပ်ထည့်ပါ။ သခွားသီးတွေအားလုံးကို ရေနဲ့ လုံးဝ ဖုံးအုပ်နေအောင်ထားပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပြီး သောက်ပါ။ ၂၄ နာရီအတွင်း ရေကုန်သွားရင် ပြန်ဖြည့်ပြီးသောက်လို့ ရပါတယ်။

အသားအရေကို ထိန်းသိမ်းပေး

Antioxidants တွေအများကြီးပါဝင်တာကြောင့် အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ၊ အသားအရေ တွဲကျတာတွေကို ဖြစ်စေနိုင်တဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

သခွားသီးကို စားထားရင် ဝမ်းဗိုက်ကို အလွယ်တကူပြည့်စေပါတယ်။ ကိုယ်အလေးချိန်လျော့ချတဲ့နေရာမှာ သခွားသီးကို ထည့်စားသင့်ပါတယ်။ ဒါမှ ဝမ်းဗိုက်ကိုပြည့်စေပြီး အစားခဏခဏမစားမိတာကြောင့် ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။

နှလုံးရောဂါ

သခွားသီးစိမ်ထားတဲ့ ရေကိုသောက်ရင် ခန္ဓာကိုယ်ထဲက ပိုတက်ဆီယမ် အဆင့်ကို မြှင့်တင်ပေးပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ဓာတ်က သွေးဖိအားကိုလျော့ချပေးတာကြောင့် နှလုံး ရုတ်တရပ် ရပ်တန့်တာ (Heart Attacks) ၊ လေဖြတ်ရောဂါနဲ့ တခြား နှလုံးရောဂါတွေကို ကာကွယ်ပေးပါတယ်။

အရိုးသိပ်သည်းမှု

အသက်ကြီးလာလို့ အရိုးပွမှာ စိုးရိမ်နေရင် ဒီသခွားသီး ရေကို သောက်လို့ရပါတယ်။ Silica ၊ Manganese တို့ပါဝင်ပါတယ်။ ဒီဓာတ်တွေက အရိုးပွတာကို ကာကွယ်ပေးပြီး သန်မာစေပါတယ်။

ကင်ဆာ

သခွားသီးမှာ Cucurbitacin ဓာတ်ပါဝင်ပြီး အားကောင်းတဲ့ Antioxidant တစ်မျိုးပါ။ ဒီဓာတ်က ဆီးကျိတ်ကင်ဆာနဲ့ တခြား ကင်ဆာတွေဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top