iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (၂၄) ႏွစ္ဆိုတဲ့ အရြယ္ဟာ ငယ္ရြယ္ႏုပ်ိဳတဲ့အရြယ္လို႔ေျပာလုိ႔ရေပမယ့္ ရင့္က်က္တည္ၿငိမ္တဲ့ဘဝတစ္ခုဆီကို လွမ္းစျပဳေနတဲ့ အရြယ္ကိုေရာက္ေနတာေတာ့ ေသခ်ာေနပါၿပီ။

သင့္ဘဝကို ရင့္က်က္တည္ၿငိမ္စြာေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ သင္ငယ္ရြယ္စဥ္က အက်င့္တခ်ိဳ႕ကို အတိတ္မွာပဲထားခဲ့ဖို႔လိုအပ္ပါတယ္။

သင့္အသက္ (၂၄) ႏွစ္အရြယ္မွာ မလုပ္သင့္ေတာ့တဲ့ အခ်က္အခ်ိဳ႕ကို ဗဟုသုတရြာမွတင္ဆက္ေပးလိုက္ပါတယ္ရွင္။

၁။ ကပိုကယိုအဝတ္အစားေတြ ဝတ္ဆင္ျခင္း။

လူငယ္ေလးေတြအတြက္ေတာ့ ဖက္ရွင္ေရစီးေၾကာင္းကို အမွီလုိက္ဖို႔အတြက္ ဖန္စီက်တဲ့အဝတ္အစားေတြဝတ္ဆင္တာ၊ ဆန္းျပား႐ႈပ္ေထြးတဲ့ အဝတ္အစားေတြကို ဝတ္ဆင္တာက သဘာဝက်ေပမယ့္ သက္ႀကီးပိုင္းကိုလွမ္းစျပဳေနတဲ့ သင့္အတြက္သင့္ဂုဏ္အဆင့္အတန္းကို ထင္ဟပ္ေစႏိုင္တဲ့ အိေျႏၵရတဲ့ အဝတ္အစားေတြကို တင့္ေတာင့္တင့္တယ္ ဝတ္ဆင္ဖို႔လိုအပ္ပါတယ္။

၂။ အေပ်ာ္သေဘာျဖင့္ ရည္းစားထားျခင္း။

လူလတ္ပိုင္းကို ေရာက္ရွိလာၿပီျဖစ္တဲ့အတြက္ ဘဝအတြက္သင့္ေတာ္တဲ့လက္တြဲေဖာ္ကို အေလးအနက္ထားၿပီး ရွာေဖြဖို႔လိုအပ္ေနပါၿပီ။

ဆယ္ေက်ာ္သက္အရြယ္တုန္းကလို အီစီကလီေလးေတြနဲ႔ အခ်ိန္ကုန္ေနတာကို ရပ္တန္႔ဖို႔
အခ်ိန္တန္ေနပါၿပီ။

၃။ ေဝဖန္သံေတြကို ဂရုစိုက္တတ္ျခင္း။

လူေတြက ကိုယ့္ကိုဘယ္လိုျမင္လဲဆိုတာကို အလြန္အမင္းစဥ္းစားတတ္ၾကတာကေတာ့ လူ႔သဘာဝပါ။

တစ္ခါတေလမွာ ပတ္ဝန္းက်င္ကို ဂရုစိုက္တတ္တာက ေကာင္းေပမယ့္ ေဝဖန္မႈေတြကိုေၾကာက္ရြံ႕ျပီး ဘာမွမလုပ္ရဲတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

“ခ်ီးမြမ္းခုႏွစ္ရက္၊ ကဲ့ရဲ႕ခုႏွစ္ရက္”ဆိုတဲ့ထုံုးကိုႏွလံုးမူၿပီး မိမိလုပ္သင့္လုပ္ထိုက္တဲ့ အလုပ္ေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ပါ။

၄။ မိဘေတြကို အျပစ္တင္တတ္ျခင္း။

ျပည့္စံုၾကြယ္ဝတဲ့ သူတစ္ပါးရဲ႕ အေျခအေနေတြကို ႏိႈင္းယွဥ္ၿပီး မျပည့္စံုတဲ့ သင့္မိဘေတြကို အျပစ္တင္တာမ်ိဳးမလုပ္ပါနဲ႔။

သင့္ကိုငယ္ရြယ္စဥ္ကတည္းက ေကြ်းေမြးျပဳစုခဲ့ၿပီး ခ်စ္ျခင္းေမတၱာေတြအျပည့္ေပးခဲ့တဲ့ ေက်းဇူးတရားကိုသိတတ္ပါ။

အရြယ္ေရာက္လာၿပီျဖစ္တဲ့သင့္အေနနဲ႔ မိဘႏွစ္ပါးကို ေပ်ာ္ရႊင္စိတ္ခ်မ္းသာေအာင္ထားဖို႔
တာဝန္ရွိပါတယ္။

၅။ မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္စိတ္ကူးေတြကို ဖက္တြယ္ထားျခင္း။

ငယ္ငယ္က စူပါမန္းႀကီးျဖစ္ခ်င္တယ္ဆိုတဲ့ စိတ္ကူးကို ဆယ္ေက်ာ္သက္အရြယ္တုန္းက သင္စြန္႔လႊတ္ပစ္ခဲ့သလိုပဲ သင့္အနာဂတ္ဘဝအတြက္ တကယ္ျဖစ္ႏိုင္တဲ့ ရည္မွန္းခ်က္ေတြကိုပဲ လက္ေတြ႕က်က် အေကာင္အထည္ေဖာ္လိုက္ပါ။

၆။ ေငြေၾကးေတြကို အထိန္းအကြပ္မဲ့ သံုးစြဲျခင္း

အသက္(၂၄) ႏွစ္အရြယ္ဆိုတာ ဘဝအတြက္ အေရးႀကီးတဲ့ လုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ဖို႔နဲ႔ အိမ္ရဲ႕တာဝန္ေလးေတြကို ျဖည့္ဆည္းရမယ့္ အရြယ္ျဖစ္တာေၾကာင့္ ေငြေၾကးေတြကို စနစ္တက်စီမံခန္႔ရေတာ့မွာပါ။

၇။ အင္တာနက္သံုးစြဲရင္း အခ်ိန္ေတြကို ျဖဳန္းတီးျခင္း။

အင္တာနက္သံုးတာဟာ သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္ဖို႔၊ နည္းပညာေတြ ၊ သတင္းေတြနဲ႔မ်က္ေျခမျပတ္ဖို႔ အေထာက္အကူျပဳႏိုင္ေပမယ့္ အလြန္အကြ်ံ အသံုးျပဳရင္ေတာ့ အခ်ိန္ကုန္ၿပီး၊ ေငြကုန္လူပန္းျဖစ္ေစႏိုင္ပါတယ္။

အင္တာနက္ကို စနစ္တက်နဲ႔ အက်ိဳးရွိစြာ အသံုးျပဳပါ။

၈။ မိမိက်န္းမာေရးကို ဂရုမစိုက္ျခင္း။

အိပ္ေရးပ်က္တာ၊ အရက္ေသာက္တာ၊ အသင့္စား အစားအစာေတြ စားသံုးတာမ်ားလာတဲ့အခါ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

သက္လတ္ပိုင္းကိုေရာက္လာတဲ့အထိ အဲဒီအရာေတြကို မေလွ်ာ့ႏိုင္တဲ့အခါ သက္ႀကီးပိုင္းအရြယ္မွာ က်န္းမာေရးညံ့ဖ်င္းလာႏိုင္ပါတယ္။

၉။ ပစၥည္းမ်ားကို ႐ႈပ္ပြေအာင္ထားျခင္း။

ပစၥည္းမ်ားကို စနစ္တက်ထားတတ္တာဟာ အခ်ိန္ကုန္သက္သာေစၿပီး ရွာရလြယ္ကူေစပါတယ္။ ပစၥည္းမ်ားကို စည္းကမ္းမဲ့ထားတတ္တဲ့ အက်င့္ကို သင့္အသက္ (၂၄) ႏွစ္ေနာက္ပိုင္းအရြယ္မွာ သယ္ေဆာင္မလာပါနဲ႔ေတာ့။

Credit : Gandawin Magazine
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် (၂၄) နှစ်ဆိုတဲ့ အရွယ်ဟာ ငယ်ရွယ်နုပျိုတဲ့အရွယ်လို့ပြောလို့ရပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့ဘဝတစ်ခုဆီကို လှမ်းစပြုနေတဲ့ အရွယ်ကိုရောက်နေတာတော့ သေချာနေပါပြီ။

သင့်ဘဝကို ရင့်ကျက်တည်ငြိမ်စွာလျှောက်လှမ်းနိုင်ဖို့အတွက် သင်ငယ်ရွယ်စဉ်က အကျင့်တချို့ကို အတိတ်မှာပဲထားခဲ့ဖို့လိုအပ်ပါတယ်။

သင့်အသက် (၂၄) နှစ်အရွယ်မှာ မလုပ်သင့်တော့တဲ့ အချက်အချို့ကို ဗဟုသုတရွာမှတင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကပိုကယိုအဝတ်အစားတွေ ဝတ်ဆင်ခြင်း။

လူငယ်လေးတွေအတွက်တော့ ဖက်ရှင်ရေစီးကြောင်းကို အမှီလိုက်ဖို့အတွက် ဖန်စီကျတဲ့အဝတ်အစားတွေဝတ်ဆင်တာ၊ ဆန်းပြားရှုပ်ထွေးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်တာက သဘာဝကျပေမယ့် သက်ကြီးပိုင်းကိုလှမ်းစပြုနေတဲ့ သင့်အတွက်သင့်ဂုဏ်အဆင့်အတန်းကို ထင်ဟပ်စေနိုင်တဲ့ အိနြေ္ဒရတဲ့ အဝတ်အစားတွေကို တင့်တောင့်တင့်တယ် ဝတ်ဆင်ဖို့လိုအပ်ပါတယ်။

၂။ အပျော်သဘောဖြင့် ရည်းစားထားခြင်း။

လူလတ်ပိုင်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ဘဝအတွက်သင့်တော်တဲ့လက်တွဲဖော်ကို အလေးအနက်ထားပြီး ရှာဖွေဖို့လိုအပ်နေပါပြီ။

ဆယ်ကျော်သက်အရွယ်တုန်းကလို အီစီကလီလေးတွေနဲ့ အချိန်ကုန်နေတာကို ရပ်တန့်ဖို့
အချိန်တန်နေပါပြီ။

၃။ ဝေဖန်သံတွေကို ဂရုစိုက်တတ်ခြင်း။

လူတွေက ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာကို အလွန်အမင်းစဉ်းစားတတ်ကြတာကတော့ လူ့သဘာဝပါ။

တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တာက ကောင်းပေမယ့် ဝေဖန်မှုတွေကိုကြောက်ရွံ့ပြီး ဘာမှမလုပ်ရဲတာမျိုးတော့ မဖြစ်သင့်ပါဘူး။

“ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်”ဆိုတဲ့ထုံးကိုနှလုံးမူပြီး မိမိလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်ပါ။

၄။ မိဘတွေကို အပြစ်တင်တတ်ခြင်း။

ပြည့်စုံကြွယ်ဝတဲ့ သူတစ်ပါးရဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး မပြည့်စုံတဲ့ သင့်မိဘတွေကို အပြစ်တင်တာမျိုးမလုပ်ပါနဲ့။

သင့်ကိုငယ်ရွယ်စဉ်ကတည်းက ကျွေးမွေးပြုစုခဲ့ပြီး ချစ်ခြင်းမေတ္တာတွေအပြည့်ပေးခဲ့တဲ့ ကျေးဇူးတရားကိုသိတတ်ပါ။

အရွယ်ရောက်လာပြီဖြစ်တဲ့သင့်အနေနဲ့ မိဘနှစ်ပါးကို ပျော်ရွှင်စိတ်ချမ်းသာအောင်ထားဖို့
တာဝန်ရှိပါတယ်။

၅။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်စိတ်ကူးတွေကို ဖက်တွယ်ထားခြင်း။

ငယ်ငယ်က စူပါမန်းကြီးဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးကို ဆယ်ကျော်သက်အရွယ်တုန်းက သင်စွန့်လွှတ်ပစ်ခဲ့သလိုပဲ သင့်အနာဂတ်ဘဝအတွက် တကယ်ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကိုပဲ လက်တွေ့ကျကျ အကောင်အထည်ဖော်လိုက်ပါ။

၆။ ငွေကြေးတွေကို အထိန်းအကွပ်မဲ့ သုံးစွဲခြင်း

အသက်(၂၄) နှစ်အရွယ်ဆိုတာ ဘဝအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ အိမ်ရဲ့တာဝန်လေးတွေကို ဖြည့်ဆည်းရမယ့် အရွယ်ဖြစ်တာကြောင့် ငွေကြေးတွေကို စနစ်တကျစီမံခန့်ရတော့မှာပါ။

၇။ အင်တာနက်သုံးစွဲရင်း အချိန်တွေကို ဖြုန်းတီးခြင်း။

အင်တာနက်သုံးတာဟာ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ နည်းပညာတွေ ၊ သတင်းတွေနဲ့မျက်ခြေမပြတ်ဖို့ အထောက်အကူပြုနိုင်ပေမယ့် အလွန်အကျွံ အသုံးပြုရင်တော့ အချိန်ကုန်ပြီး၊ ငွေကုန်လူပန်းဖြစ်စေနိုင်ပါတယ်။

အင်တာနက်ကို စနစ်တကျနဲ့ အကျိုးရှိစွာ အသုံးပြုပါ။

၈။ မိမိကျန်းမာရေးကို ဂရုမစိုက်ခြင်း။

အိပ်ရေးပျက်တာ၊ အရက်သောက်တာ၊ အသင့်စား အစားအစာတွေ စားသုံးတာများလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

သက်လတ်ပိုင်းကိုရောက်လာတဲ့အထိ အဲဒီအရာတွေကို မလျှော့နိုင်တဲ့အခါ သက်ကြီးပိုင်းအရွယ်မှာ ကျန်းမာရေးညံ့ဖျင်းလာနိုင်ပါတယ်။

၉။ ပစ္စည်းများကို ရှုပ်ပွအောင်ထားခြင်း။

ပစ္စည်းများကို စနစ်တကျထားတတ်တာဟာ အချိန်ကုန်သက်သာစေပြီး ရှာရလွယ်ကူစေပါတယ်။ ပစ္စည်းများကို စည်းကမ်းမဲ့ထားတတ်တဲ့ အကျင့်ကို သင့်အသက် (၂၄) နှစ်နောက်ပိုင်းအရွယ်မှာ သယ်ဆောင်မလာပါနဲ့တော့။

Credit : Gandawin Magazine

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top