iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တစ္ေန႔ ကြန္ပ်ဴတာေရွ႕မွာပဲ အလုပ္ေတြလုပ္ရင္းအခ်ိန္ကုန္ေနရတဲ့ သူေတြအတြက္ကေတာ့ မ်က္လံုးက်န္းမာေရးအတြက္ စိတ္ပူစရာေတြေတာ့ရွိလာပါၿပီ။ မ်က္လံုးဆိုတာလူတစ္ေယာက္အတြက္ အေရးႀကီးဆံုးအစိတ္အပိုင္းတစ္ခုျဖစ္တာေၾကာင့္ မ်က္စိက်န္းမာေရးကိုလည္း ေသခ်ာဂ႐ုစိုက္ေပးႏိုင္မွ အႏၱရာယ္ေတြမျဖစ္ႏိုင္မွာေပါ႔။ အလုပ္ကေနျပန္လာၿပီး အနားယူေနတဲ့အခ်ိန္ေတြမွာ မ်က္လံုးကိုက်န္းမာေရးေကာင္းေအာင္ ဘာေတြလုပ္ေပးသင့္ၿပီလဲ။

မ်က္စိကိုပိ္တ္လိုက္ဖြင့္လိုက္လုပ္ေပးပါ

မ်က္လံုးကိုေလ့က်င့္ခန္းလုပ္ေပးဖို႔လည္း လိုအပ္တာေပါ႔။ မ်က္လံုးကိုေသခ်ာမွိတ္ၿပီး ျပန္ဖြင့္၊ ျပန္ပိတ္နဲ႔ ၅ မိနစ္ေလာက္ေလ့က်င့္ခန္းလုပ္ေပးပါ။ ဒီလိုေလ့က်င့္ခန္းေလးက မ်က္လံုးေညာင္းတာေတြကို သက္သာေစၿပီး ကြန္ပ်ဴတာေတြ၊ ဖုန္းေတြ အၿမဲၾကည့္ေနတဲ့သူေတြအေနနဲ႔ လုပ္ေပးသင့္တဲ့ မ်က္လံုးေလ့က်င့္ခန္းပဲျဖစ္ပါတယ္။

အေအးဝတ္ေလးတင္ေပးပါ

အိမ္ျပန္ေရာက္လို႔အနားယူေနတဲ့အခ်ိန္မွာ သင့္မ်က္လံုးေပၚကို ေအးတဲ့အဝတ္စေလးကိုတင္ထားၿပီး အနားယူေနလိုက္ပါ။ တစ္ေန႔တာလံုးပင္ပန္းခဲ့ရလို႔ မ်က္စိေညာင္းညာမႈေတြကို သက္သာေစၿပီး၊ မ်က္စိယားယံမႈေတြကိုလည္း ေလ်ာ့နည္းသြားေစမွာပဲျဖစ္ပါတယ္။

မ်က္လံုးကိုႏွိပ္နယ္ေပးပါ

မ်က္လံုးေပၚကို သံလြင္ဆီကိုလိမ္းေပးၿပီး မ်က္ခြံနဲ႔ မ်က္ခံုးနားတစ္ေလွ်ာက္ကို ႏွိပ္နယ္ေပးမယ္ဆိုရင္ေတာ့ မ်က္လံုးေညာင္းညာမႈေတြကို သက္သာေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္။ တစ္ေန႔ကို ႏွစ္ႀကိမ္ေလာက္ပံုမွန္လုပ္ေပးရင္ မ်က္လံုးထိခိုက္မႈေတြကေနလည္း ေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္။

မ်က္လံုးအားေဆး

ကြန္ပ်ဴတာေန႔တိုင္းအသံုးျပဳေနရတဲ့သူတစ္ေယာက္အတြက္ မ်က္လံုးေကာင္းမြန္ေအာင္ ဆရာဝန္ညြန္ၾကားတဲ့ မ်က္စိအားေဆးေတြကို ေသာက္သံုးေပးမွလည္း သက္သာေစမွာပဲျဖစ္ပါတယ္။ ကၽြမ္းက်င္တဲ့ဆရာဝန္ေတြနဲ႔လည္း တစ္ႏွစ္တစ္ခါေလာက္သြားၿပီး မ်က္စိစမ္းသပ္တာမ်ိဳးေတြ လုပ္ဖို႔တကယ္ကိုလုိအပ္ပါတယ္ေနာ္။

မ်က္စိဆိုတာ တစ္ကိုယ္လံုးမွာ အေရးႀကီးဆံုးေသာအစိတ္အပိုင္းတစ္ခုပါေနာ္။ မ်က္လံုးမေကာင္းရင္ စိတ္သြားတိုင္းကိုယ္က ေကာင္းေကာင္းမလိုက္ႏိုင္ေတာ့ပဲ စိတ္ပင္ပန္းစရာေကာင္းတဲ့ ဘဝမ်ိဳးကိုပဲပိုင္ဆိုင္လာရေတာ့မွာေပါ႔။ ဒါေၾကာင့္ ေန႔တိုင္းဒီလိုနည္းလမ္းေလးေတြနဲ႔ မ်က္လံုးကိုျပန္ၿပီးေတာ့ အနားယူေစမယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ရလဒ္ေတြပဲရရွိလာမွာျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ အလုပ်တွေလုပ်ရင်းအချိန်ကုန်နေရတဲ့ သူတွေအတွက်ကတော့ မျက်လုံးကျန်းမာရေးအတွက် စိတ်ပူစရာတွေတော့ရှိလာပါပြီ။ မျက်လုံးဆိုတာလူတစ်ယောက်အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် မျက်စိကျန်းမာရေးကိုလည်း သေချာဂရုစိုက်ပေးနိုင်မှ အန္တရာယ်တွေမဖြစ်နိုင်မှာပေါ့။ အလုပ်ကနေပြန်လာပြီး အနားယူနေတဲ့အချိန်တွေမှာ မျက်လုံးကိုကျန်းမာရေးကောင်းအောင် ဘာတွေလုပ်ပေးသင့်ပြီလဲ။

မျက်စိကိုပိတ်လိုက်ဖွင့်လိုက်လုပ်ပေးပါ

မျက်လုံးကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်တာပေါ့။ မျက်လုံးကိုသေချာမှိတ်ပြီး ပြန်ဖွင့်၊ ပြန်ပိတ်နဲ့ ၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒီလိုလေ့ကျင့်ခန်းလေးက မျက်လုံးညောင်းတာတွေကို သက်သာစေပြီး ကွန်ပျူတာတွေ၊ ဖုန်းတွေ အမြဲကြည့်နေတဲ့သူတွေအနေနဲ့ လုပ်ပေးသင့်တဲ့ မျက်လုံးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အအေးဝတ်လေးတင်ပေးပါ

အိမ်ပြန်ရောက်လို့အနားယူနေတဲ့အချိန်မှာ သင့်မျက်လုံးပေါ်ကို အေးတဲ့အဝတ်စလေးကိုတင်ထားပြီး အနားယူနေလိုက်ပါ။ တစ်နေ့တာလုံးပင်ပန်းခဲ့ရလို့ မျက်စိညောင်းညာမှုတွေကို သက်သာစေပြီး၊ မျက်စိယားယံမှုတွေကိုလည်း လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

မျက်လုံးကိုနှိပ်နယ်ပေးပါ

မျက်လုံးပေါ်ကို သံလွင်ဆီကိုလိမ်းပေးပြီး မျက်ခွံနဲ့ မျက်ခုံးနားတစ်လျှောက်ကို နှိပ်နယ်ပေးမယ်ဆိုရင်တော့ မျက်လုံးညောင်းညာမှုတွေကို သက်သာလျော့နည်းစေမှာပဲဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လောက်ပုံမှန်လုပ်ပေးရင် မျက်လုံးထိခိုက်မှုတွေကနေလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။

မျက်လုံးအားဆေး

ကွန်ပျူတာနေ့တိုင်းအသုံးပြုနေရတဲ့သူတစ်ယောက်အတွက် မျက်လုံးကောင်းမွန်အောင် ဆရာဝန်ညွန်ကြားတဲ့ မျက်စိအားဆေးတွေကို သောက်သုံးပေးမှလည်း သက်သာစေမှာပဲဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့လည်း တစ်နှစ်တစ်ခါလောက်သွားပြီး မျက်စိစမ်းသပ်တာမျိုးတွေ လုပ်ဖို့တကယ်ကိုလိုအပ်ပါတယ်နော်။

မျက်စိဆိုတာ တစ်ကိုယ်လုံးမှာ အရေးကြီးဆုံးသောအစိတ်အပိုင်းတစ်ခုပါနော်။ မျက်လုံးမကောင်းရင် စိတ်သွားတိုင်းကိုယ်က ကောင်းကောင်းမလိုက်နိုင်တော့ပဲ စိတ်ပင်ပန်းစရာကောင်းတဲ့ ဘဝမျိုးကိုပဲပိုင်ဆိုင်လာရတော့မှာပေါ့။ ဒါကြောင့် နေ့တိုင်းဒီလိုနည်းလမ်းလေးတွေနဲ့ မျက်လုံးကိုပြန်ပြီးတော့ အနားယူစေမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ရလဒ်တွေပဲရရှိလာမှာဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top