iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီလာတယ္ဆိုတာ မိန္းကေလးေတြအတြက္ အဆန္းမဟုတ္ေတာ့ဘူးဆိုေပမယ့္လည္း က်န္းမာေရးကိစၥျဖစ္ေနေတာ့ ဂ႐ုစိုက္ေပးဖို႔ေတာ့လိုတာေပါ႔။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ စိတ္ညစ္စရာ၊ စိတ္ရွဳပ္စရာေကာင္းတာေၾကာင့္ မလုပ္သင့္တဲ့အရာေတြကို သိထားမယ္ဆိုရင္ ခက္ခက္ခဲခဲေက်ာ္ျဖတ္ေနစရာမလိုေတာ့ဘူးေပါ႔။

နည္းလမ္းမမွန္တဲ့ေလ့က်င့္ခန္းလုပ္ျခင္း

ရာသီလာေနတဲ့အခ်ိန္မ်ိဳးမွာ ျပင္းထန္တဲ့ေလ့က်င့္ခန္းမ်ိဳးေတြကို လုပ္တာက သင့္ႂကြက္သားေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ရာသီစက္ဝန္းထဲကို ေရာက္ေနတဲ့အခ်ိန္မ်ိဳးမွာ ေယာဂေလ့က်င့္ခန္း ဒါမွမဟုတ္ ေရကူးတာမ်ိဳးေတြကိုပဲ လုပ္ေပးသင့္ပါတယ္။ ေယာဂေလ့က်င့္တဲ့အခါမွာ စိတ္လည္းတည္ၿငိမ္ၿပီး သင့္ခႏၶာကိုယ္မွာရွိေနတဲ့ ေသြးလွည့္ပတ္မႈစနစ္ေတြကိုလည္း ပိုၿပီးေတာ့ေကာင္းမြန္ေစပါတယ္။

စားခ်င္တာရွိရင္ ထိန္းခ်ဳပ္မထားပါနဲ႔

တခ်ိဳ႕မိန္းကေလးေတြက ဝိတ္တက္မွာေၾကာက္တာေတြ ဝိတ္ေလ်ာ့ေနတဲ့အခ်ိန္ေတြ ျဖစ္ေနတဲ့အခါမ်ိဳးေတြမွာ အခ်ိဳစားတာေတြကို လုံးဝရပ္ထားတတ္ၾကပါတယ္။ ရာသီလာေနတဲ့အခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္ ဝမ္းနည္းတာေတြ ေဒါသထြက္လြယ္တာမ်ိဴးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မွာ ေခ်ာကလက္ကို တစ္ေန႔တစ္ႀကိမ္ေလာက္ပဲစားေပးမယ္ဆိုရင္ေတာင္ ခႏၶာကိုယ္က ေတာင့္တေနတဲ့အခ်ိဳဓာတ္ကို ရရွိသြားတာေၾကာင့္ သင့္စိတ္ကလည္းလန္းဆန္းလာမွာပဲျဖစ္ပါတယ္။ ဝိတ္လည္းအရမ္းမတက္ေစပါဘူးေနာ္။

ေရေသာက္ဖို႔လံုးဝမေမ႔ပါနဲ႔

ေရေသာက္ဖို႔ေမ့ေနတတ္တာကလည္း က်န္းမာေရးဘက္ကေနၾကည့္ရင္ ေတာ္ေတာ္ေလးကို ထိခိုက္မႈေတြရွိေစပါတယ္။ ပံုမွန္အခ်ိန္မ်ိဳးေတြမွာေတာင္ ေရကိုအၿမဲဒီလိုမ်ိဳးအခ်ိန္မွာ ေရမ်ားမ်ားေသာက္ႏိုင္မွာ ခႏၶာကိုယ္ထဲမွာမလိုအပ္ေနတဲ့ အရာေတြလည္းကုန္စင္သြားမွာပဲျဖစ္ပါတယ္။

ကိုက္ခဲေနတာကို ေဆးေသာက္ဖို႔ေစာင့္မေနပါနဲ႔

ရာသီလာတဲ့အခ်ိန္မွာ ဘယ္သူမဆိုကိုက္ခဲနာက်င္တဲ့ ဒဏ္ေတြကိုခံစားရတာပါပဲ။ ဒီလိုအခ်ိန္မွာ အကိုက္ခဲေပ်ာက္ေဆးကို ခ်က္ခ်င္းမေသာက္ပဲ သူ႔ဘာသာေပ်ာက္သြားမလားဆိုတာကို ေစာင့္မေနပါနဲ႔ အဲဒီလိုမ်ိဳးလုပ္တာက သင့္ကိုပိုၿပီးေတာ့နာက်င္မႈအခ်ိန္ကို ပိုၿပီးေတာ့ ၾကာရွည္ေစႏိုင္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရာသီလာတယ်ဆိုတာ မိန်းကလေးတွေအတွက် အဆန်းမဟုတ်တော့ဘူးဆိုပေမယ့်လည်း ကျန်းမာရေးကိစ္စဖြစ်နေတော့ ဂရုစိုက်ပေးဖို့တော့လိုတာပေါ့။ ဒီလိုအချိန်မျိုးတွေမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကောင်းတာကြောင့် မလုပ်သင့်တဲ့အရာတွေကို သိထားမယ်ဆိုရင် ခက်ခက်ခဲခဲကျော်ဖြတ်နေစရာမလိုတော့ဘူးပေါ့။

နည်းလမ်းမမှန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်း

ရာသီလာနေတဲ့အချိန်မျိုးမှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်တာက သင့်ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရာသီစက်ဝန်းထဲကို ရောက်နေတဲ့အချိန်မျိုးမှာ ယောဂလေ့ကျင့်ခန်း ဒါမှမဟုတ် ရေကူးတာမျိုးတွေကိုပဲ လုပ်ပေးသင့်ပါတယ်။ ယောဂလေ့ကျင့်တဲ့အခါမှာ စိတ်လည်းတည်ငြိမ်ပြီး သင့်ခန္ဓာကိုယ်မှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကိုလည်း ပိုပြီးတော့ကောင်းမွန်စေပါတယ်။

စားချင်တာရှိရင် ထိန်းချုပ်မထားပါနဲ့

တချို့မိန်းကလေးတွေက ဝိတ်တက်မှာကြောက်တာတွေ ဝိတ်လျော့နေတဲ့အချိန်တွေ ဖြစ်နေတဲ့အခါမျိုးတွေမှာ အချိုစားတာတွေကို လုံးဝရပ်ထားတတ်ကြပါတယ်။ ရာသီလာနေတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝမ်းနည်းတာတွေ ဒေါသထွက်လွယ်တာမျိူးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ချောကလက်ကို တစ်နေ့တစ်ကြိမ်လောက်ပဲစားပေးမယ်ဆိုရင်တောင် ခန္ဓာကိုယ်က တောင့်တနေတဲ့အချိုဓာတ်ကို ရရှိသွားတာကြောင့် သင့်စိတ်ကလည်းလန်းဆန်းလာမှာပဲဖြစ်ပါတယ်။ ဝိတ်လည်းအရမ်းမတက်စေပါဘူးနော်။

ရေသောက်ဖို့လုံးဝမမေ့ပါနဲ့

ရေသောက်ဖို့မေ့နေတတ်တာကလည်း ကျန်းမာရေးဘက်ကနေကြည့်ရင် တော်တော်လေးကို ထိခိုက်မှုတွေရှိစေပါတယ်။ ပုံမှန်အချိန်မျိုးတွေမှာတောင် ရေကိုအမြဲဒီလိုမျိုးအချိန်မှာ ရေများများသောက်နိုင်မှာ ခန္ဓာကိုယ်ထဲမှာမလိုအပ်နေတဲ့ အရာတွေလည်းကုန်စင်သွားမှာပဲဖြစ်ပါတယ်။

ကိုက်ခဲနေတာကို ဆေးသောက်ဖို့စောင့်မနေပါနဲ့

ရာသီလာတဲ့အချိန်မှာ ဘယ်သူမဆိုကိုက်ခဲနာကျင်တဲ့ ဒဏ်တွေကိုခံစားရတာပါပဲ။ ဒီလိုအချိန်မှာ အကိုက်ခဲပျောက်ဆေးကို ချက်ချင်းမသောက်ပဲ သူ့ဘာသာပျောက်သွားမလားဆိုတာကို စောင့်မနေပါနဲ့ အဲဒီလိုမျိုးလုပ်တာက သင့်ကိုပိုပြီးတော့နာကျင်မှုအချိန်ကို ပိုပြီးတော့ ကြာရှည်စေနိုင်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top